နီယိုမော်ဒန်နဲ့ပတ်သက်ပြီး လူငယ်ကဗျာဆရာတချို့ဆီက မေးခွန်းတွေထွက်လာတာကြုံရပါတယ်။ နီယိုမော်ဒန်ဆိုတာ အနာဂတ်အတွက်ကဗျာလား။ နီယိုမော်ဒန်ဆိုတာကို စကားလုံးဝေါဟာရအနေနဲ့ပဲ ယူတာဆိုတော့ သူတို့ဆီက နီယိုမော်ဒန်နဲ့မတူဘူး လား။ မြန်မာနီယိုမော်ဒန်ဆိုတာကရော ဘယ်လိုကဗျာအမျိုးအစားတွေလဲ။ နီယိုမော်ဒန်ကဗျာရဲ့သွင်ပြင်လက္ခ
ဏာတွေက ဘာတွေလဲ။ နီယိုမော်ဒန်မှာ Ideology ကအရင်လား၊ Artifacts ကအရင်ဖြစ်တာလား၊ မြန်မာနီယိုမော်ဒန်ကဗျာဆိုတာကေ
ရာရှိနေလို့လား။ တကယ် လို့ရှိနေပြီဆိုရင် အဲဒီကဗျာတွေကိုဖော်ထုတ်ဝေဖန်သုံ
းသပ်ပြသလို နောက်ခံသဘောတရားရေးရာ၊ ကဗျာအယူအဆတွေကိုပါ တည်ဆောက်ပြရင် ပိုအကျိုးရှိမယ်။
ဒါတွေက မြန်မာကဗျာယဉ်ကျေးမှုအသစ် ပြောင်းလဲဖြစ်ထွန်းဖို့အတွက် မေးသင့်မေးထိုက်တဲ့မေးခွန်းတွေ
ပါပဲ။ တချို့ ၀ါရင့်ကဗျာ ဆရာတွေကတော့ ဆောင်းပါးတွေရေးမနေပါနဲ့ကွာ၊ အလုပ်ရှုပ်ပါတယ်၊ ကဗျာပဲရေးစမ်းပါတဲ့။ ကိုယ်ယုံကြည်ရာလမ်းကို လျှောက်နေကြ တဲ့လူတွေပဲလေ။ ကိုယ့်ရွေးချယ်ခွင့်နဲ့ကိုယ်မဟု
တ်လား။ အမှားအမှန်ကိစ္စတွေက သိပ်တော့အရေးမကြီးလှဘူး။
နီယိုမော်ဒန်ကို စိတ်ဝင်စားယူတချို့ရဲ့ မေးခွန်းတွေကများပါတယ်။ ဒီလိုပဲအရေးအသားအသစ်တွေစမ်းသပ်
တည်ဆောက်ရင်းနဲ့၊ ကဗျာသဘောတရားတွေစဉ်းစားဆင်ခြင်
ရင်းနဲ့၊ သဘောထားအမြင်တွေဆွေးနွေးငြင်းခံ
ုကြရင်းနဲ့ ကဗျာသစ်ယဉ်ကျေးမှုကိုတဖြည်းဖြည်း တည်ဆောက်သွားကြရမှာပါ။ ခေတ်ပေါ်ကဗျာကနေ နီယိုမော်ဒန်ဆီအရွေ့မှာ အယူအဆ/အရေးအသားတွေဟာ အယူဝါဒတစ်ခုအဖြစ် မတည်ရှိ၊ ပြီးပြည့်စုံမှုမရှိသေးဘဲ အခုမှစတင်၊ သန္ဓေတည်၊ ကြီးပြင်းဖို့ဟန်ပြင်ဆဲအခြေအေ
နမှာပဲ ရှိသေးတယ်ဆိုတာတော့နားလည်ပေး ထားကြဖို့လိုပါတယ်။
နီယိုမော်ဒန်မိတ်ဆက်အဖြစ် ရုပ်ရှင်တေးကဗျာမှာ ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဖူးပါတယ်
။ သဘောထားတိုက်ဆိုင်မှု၊ အမြင်ကွဲလွဲမှု ဆိုတာကတော့ အထွေအထူးပြောနေစရာမလိုတော့တဲ့ အတွေးအခေါ်လွတ်လပ်ခွင့်ကိစ္စပါပဲ။ အခုဆက်လက်ပြီး နီယိုမော်ဒန်ရဲ့သွင်ပြင် လက္ခဏာတစ်ချို့ကိုဆွေးနွေးတင်ြ
ပလိုပါတယ်။ ဒီလက္ခဏာတွေကို အခုနောက်ပိုင်းရေးဟန်ပြောင်းလဲ
လာတဲ့ကဗျာဆရာတချို့ရဲ့ကဗျာ အရေးအသားတွေအပေါ် လေ့လာမှုနဲ့ကျွန်တော့်စိတ်ကူးအချ
က်အလက်တွေပေါင်းစပ်ပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။
အနုပညာတွေနဲ့ပတ်သက်ရင် ကြွင်းမဲ့ခိုင်မာပြီး ပြည့်စုံတဲ့ပကတိအမှန်အမှားဆိုတာ
တွေမရှိပါဘူး။ တကယ်လို့ရှိတယ်လို့တစ်ဦး တစ်ယောက်ကအမြင်ကျဉ်းကျဉ်းနဲ့ြေ
ပာလာရင်လည်း အဲဒီအမှန်အမှားကိစ္စတွေကိုကျွန်ေ
တ်ာတို့စိတ်မ၀င်စားပါဘူး။ လူ့ဘ၀မှာ ကိုယ် ယုံကြည်ရာ ကိုယ်လုပ်ဖို့၊ ကိုယ်တည်ဆောက်ချင်ရာတည်ဆောက်ဖို
့အတွက် ကျွန်တော်တို့ကဗျာဆရာဘ၀ကိုရွေး
ချယ်ထားကြတာပါ။ အယူအဆမှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကိုယ်ယုံကြည်ရာကိုင်စွဲ၊ လုပ်ခဲ့တယ်လို့တာဝန်ယူပါတယ်။
(၁) ခေတ်ကိုကိုယ်စားပြုခြင်း/ခေတ်ရဲ
့ပုံရိပ်ထင်စပ်ခြင်း
ဒီအချက်ဟာ ခေတ်ပေါ်ကဗျာရေသောက်မြစ်ကနေ ဆင်းသက်လာတဲ့လက္ခဏာတစ်ရပ်ဖြစ်ပါ
တယ်။ ခေတ်ပေါ်ကဗျာခေတ်ဦး ပိုင်းမှာ ကျွန်တော်တို့ရှေ့ကကဗျာဆရာတွေက ခေတ်ပေါ်အာရုံခံစားမှု/ခေတ်ပေါ်အာ
ရုံခံစားပုံ/ခေတ်ပြိုင်အကြောင်း
အခြင်းအရာဆိုတဲ့ စကားရပ်တွေ၊ အဓိပ္ပါယ်တွေကို ကိုယ်တွယ်သုံးစွဲခဲ့ကြတယ်။ ခေတ်ပြိုင်လူမှုအကြောင်းခြင်းရာေ
တွကို မျက်ခြည်မပြတ်ဘူးဆိုရင်၊ ခေတ် ပေါ်ကဗျာနဲ့မဝေးဘူးဆိုရင် အားလုံးနားလည်ရှင်းလင်းပြီးသား
အကြောင်းအရာပါ။ ကျွန်တော်တို့ဖြတ်သန်းနေရတဲ့ေ
ခတ်ရဲ့အရိပ်အရောင်/ သြဇာလွှမ်းမိုးမှု/ရိုက်ခတ်မှုတွေ
မပါဘူးဆိုရင် အဲဒီလိုကဗျာအရေးအသားတွေကို ဘာလုပ်မှာလဲ။ ခေတ်ပြိုင်ထဲကပုဂ္ဂလိကလူသား/လူသာ
း အစုအဝေးရဲ့အာရုံခံစားမှု၊ သဘောထားအမြင်တွေကို မျက်ကွယ်ပြုထားတဲ့အရေးအသားတွေဆိ
ုရင် အမှိုက်ပုံမှာစွန့်ပစ်ပြီးရေနုတ်
မြောင်း ထဲ ပစ်ချလိုက်ဖို့ပဲရှိပါတယ်။
(၂) ကဗျာဆရာရဲ့ခံစားမှု/ဘ၀အမြင်ကိုအေ
ခြခံခြင်း/ဘာသာစကားကိုမီဒီယမ်အြ
ဖစ်သာအသုံးပြုခြင်း
နီယိုမော်ဒန်ဟာ ကဗျာဆရာရဲ့အာရုံခံစားမှုနဲ့ ဘ၀အမြင်တွေကို အခြေခံသန္ဓေသားအဖြစ် သွေးသားဖွဲ့စည်းပြီးမှ “ကဗျာ”ဆိုတဲ့ အနုပညာလက်ရာပစ္စည်းကို ရေးသားဖန်တီးပါတယ်။ နီယိုမော်ဒန်ဟာ လူသားရဲ့အာရုံခံစားမှုကိုအလေးထား
ပြီး ဘာသာစကားကို အနု ပညာဖန်တီးရာမှာ မီဒီယမ်/ကြားခံပစ္စည်းအဖြစ်သာသုံ
းစွဲတယ်။ ဒါဟာ ကဗျာအနုပညာမှာ Foreground နဲ့ Background ကိုခွဲခြားထား ခြင်းဖြစ်ပါတယ်။ တချို့သူတွေအနေနဲ့ အရေးကြီးတဲ့အရာကို နောက်မှာထားပြီး ဘာမှအရေးမပါတဲ့သက်မဲ့သင်္ကေတအဆော
က်အအုံတွေ ကို ရှေ့တန်းတင်နေရင် ပညာတတ်တလွဲဆံပင်ကောင်းသလိုအဖြစ်
မျိုးဆိုက်နေပါလိမ့်မယ်။
(၃) လူသားရဲ့ကိုယ်ရည်ကိုယ်သွေးပေါ်လွ
င်ခြင်း/လူရဲ့ပုဂ္ဂလိကသဘောကြို
ပန်လည်ဖော်ထုတ်ခြင်း
သိပ္ပံပညာ၊ ဈေးကွက်စီးပွားရေး၊ ဒစ်ဂျစ်တယ်နည်းပညာ၊ နောက်ဆုံးပေါ်ဇိမ်ခံကား၊ အကြမ်းဖက်စစ်ပွဲ၊ လူသုံးကုန်ပစ္စည်းအသစ် အဆန်းများစတဲ့ ရုပ်ပိုင်ဆိုင်ရာယဉ်ကျေးမှုတွေ တိုးတက်ထွန်းကားလာတာနဲ့အပြိုင် လူသားရဲ့စိတ်ပိုင်းဆိုင်ရာတန်ဖိ
ုးတွေ ယုတ်လျော့ ကျဆင်းလာနေပါတယ်။ ရုပ်ဝတ္တုယဉ်ကျေးမှုနဲ့လူဦးရေပေါ
က်ကွဲနှုန်းအောက်မှာ လူသားရဲ့တစ်သီးပုဂ္ဂလအခန်းကဏ္ဍဟာ မှိန်ဖျော့လာပြီး လူအုပ်ကြီးထဲမှာ ရောနှောပျောက်ကွယ်နေတဲ့အဖြစ်ကို အထိတ်တလန့်မြင်တွေ့နေရပါတယ်။ ပို့စ်မော်ဒန်ခေတ်ကြီးထဲမှာ ရုပ်ဝတ္ထုတွေရဲ့ လွှမ်းမိုးမှုကြောင့်ပင်ကိုတန်ဖို
းတွေပျောက်ဆုံးေ၀၀ါးနေတဲ့လူသား
ရဲ့ပုဂ္ဂလိကသဘောကိုပြန်လည်ဖော်ထု
တ်ဖို့ နီယိုမော်ဒန်ကအလေးထား ပါတယ်။ အဲဒီလိုနဲ့ နီယိုမော်ဒန်မှာလူသားရဲ့ပုဂ္ဂလိ
ကကိုယ်ရည်ကိုယ်သွေးပေါ်လွင်ထင်ရှ
ားလာပါတယ်။
(၄) ခေတ်ပြိုင်ထဲက Modern & Postmodern sensibility ပေါ်လွင်ထင်ရှားခြင်း
ခေတ်ပြိုင်ထဲက လူမှုဖြစ်ရပ်တွေကို အကြောင်းခြင်းရာအဖြစ်ရွေးချယ်ြ
ပီးပြီဆိုရင် သူ့ကိုဖော်ကျူးတင်ပြမယ့်အာရုံခံ
စားပုံ/ဟန်ပန် တွေကို ခေတ်နဲ့အညီ ပြောင်းလဲတင်ပြဖို့လိုအပ်လာပါ
တယ်။ စကားလုံး/ဘာသာစကားကို ကဗျာဆန်ဆန်၊ လှလှပပ၊ ဆော့ကစားတည် ဆောက်ရုံနဲ့ ခေတ်ပေါ်/နှောင်းခေတ်ပေါ်အာရုံခံ
စားမှုဆီ ဆိုက်ရောက်နိုင်တာမဟုတ်သေးပါဘူး
။ ဒီနေ့ခေတ်လူသားတွေရဲ့ခံစားမှု/အြ
မင် တွေဟာ ဘယ်လိုရှိသလဲ။ ဥာဏ်ပညာ၊ ငွေကြေး၊ ချစ်ခြင်းမေတ္တာ၊ ဖက်ရှင်၊ နည်းပညာတွေအပေါ်မှာ လူသားရဲ့သဘောထားကဘယ်လို လဲ။ ပို့စ်မော်ဒန်ခေတ်လူသားရဲ့အသိအြ
မင်၊ သဘောထားတွေဟာ ဘယ်လိုပြောင်းလဲနေသလဲ။ ပို့စ်မော်ဒန်လူသားဟာ ဥာဏ်ပညာကို လက်နက်တစ်ခုအဖြစ်ကိုင်စွဲရင်ကို
င်စွဲထားမယ်။ ချစ်ခြင်းမေတ္တာကို အမှိုက်လို့မြင်ရင်မြင်မယ်။ အမှန်တရားလို့လူတွေပြောနေကြတဲ့
အရာ ကို စက်ဆုပ်ရွံရှာစရာအဖြစ်မြင်ရင်
လည်းမြင်လိမ့်မယ်။ ဒါဟာ သူ့ရဲ့အာရုံခံစားပုံအပြောင်းအလဲ
ဖြစ်ပါတယ်။ ဒီလိုမော်ဒန်/ပို့စ်မော်ဒန်အာရံ
ု ခံစားပုံအပြောင်းအလဲတွေ ဒီနေ့ခေတ်လူငယ်အဖွဲ့အစည်းထဲမှာ အများအပြားဖြစ်ပျက်နေတာကို ခေတ်ပေါ်ကဗျာသစ်ကပေါ်လွင်အောင် ဖော်ပြနိုင်ဖို့မလိုဘူးလားလို့ စဉ်းစားစရာဖြစ်လာပါတယ်။
(၅) လူအုပ်ကြီးထဲရောနှောပျောက်ဆုံးေ
နတဲ့ Identity ကိုရှာဖွေတည်ဆောက်ခြင်း
ပို့စ်မော်ဒန်ခေတ်ကြီးထဲမှာ တစ်သီးပုဂ္ဂလလူသားရဲ့ Identity ဟာ လူအုပ်ကြီးထဲရောနှောပျောက်ဆုံးေ
နသလို ကိုယ့်ရဲ့ Identity ကိုတည်ဆောက်ရတာလည်းခက်ခဲနက်နဲလာ
ပါတယ်။ လူတစ်ဦးချင်းစီရဲ့ Identity ဟာ လူအုပ်ကြီးထဲမထင်မရှား ဖြစ်ရသလို အတွေးအခေါ်၊ အသိပညာအရ Identity ရဲ့သဘောလက္ခဏာတွေကလည်း အချိန်ကာလပယောဂနဲ့အမျှ အတည်မငြိမ်၊ မသေမချာ၊ အစိုမရ၊ ပြိုကွဲလေလွင့်၊ ပျောက်ဆုံးကွယ်လွန်နေကြတာကိုတွေ
့မြင်လာရတယ်။ ဒီအခြေအနေမှာ ပို့စ်မော်ဒန်နစ်တွေက Identity ရဲ့ မရေရာမှု/ရောထွေးေ၀၀ါးနေမှုကို သူ့သဘာဝအတိုင်း လက်လွတ်စပယ်ပစ်ပယ်ထားလိုက်ကြတယ်
။ နီယိုမော်ဒန်ကတော့ ဒါဟာ ဘယ်လို ပဲမသေချာ၊ မရေရာ၊ ယိမ်းယိုင်လှုပ်ရှားနေသည်ဖြစ်စေ၊ လူသားတစ်ယောက်အနေနဲ့ပြန်လည်ဆက်
စပ်တည်ဆောက်ရမယ့်သဘောတွေ လို့ မှတ်ယူပါတယ်။ လူအုပ်ကြီးထဲရောနှောပျောက်ဆုံးေ
နတဲ့တစ်သီးပုဂ္ဂလလူသားရဲ့ Identity သဘောကို ပြန်လည်ရှာဖွေတည်ဆောက် ဖို့ ကြိုးပမ်းပါတယ်။ လူသားရဲ့တစ်သီးပုဂ္ဂလသဘောကို ရှာဖွေတည်ဆောက်တာ၊ အာရုံခံစားမှု၊ လောကအမြင်စတဲ့လူသားဆန်မှုတွေကို ဗဟိုပြုပြီး ကဗျာရေးသားခြင်းဆိုတာကို အတ္တကြီးမားတယ်/ငါစွဲထားတယ်/သက္ကာ
ယဒိဌိဖြစ်တယ်/အနတ္တကို အတ္တလို့မြင်တဲ့အမြင်မှား ဖြစ်တယ်ဆိုပြီး ဘာသာရေးစံနှုန်းပေတံတွေနဲ့တိုင်း
တာစွပ်စွဲလို့တော့မရနိုင်ပါဘူး။ ကဗျာဆရာ ကဗျာရေးခြင်းဆိုတာ လောကသံသရာက လွတ်မြောက်ရာအလုပ်ကို ကျင့်ကြံအားထုတ်နေတာမဟုတ်ဘဲ လူသားဆန်တဲ့ဖန်တီးမှုအနုပညာယဉ်ေ
ကျးမှုကိုတည်ဆောက်နေတာဖြစ် လို့ပါပဲ။
(၆) ရေးဟန်နှင့် တင်ပြပုံပြောင်းလဲခြင်း
မော်ဒန်ကနေ နီယိုမော်ဒန်ကိုအရွေ့မှာ ကဗျာဆရာရဲ့ရေးဟန်နဲ့တင်ပြပုံအြေ
ပာင်းအလဲဟာ အဓိကအရေးကြီးတဲ့ပုံသဏ္ဍာန်ပိုင်း ဆိုင်ရာ ရွေ့လျားမှုဖြစ်ပါတယ်။ ကိုယ် ကိုင်တွယ်သုံးစွဲနေကျစကားလုံး၊ နိမိတ်ပုံ၊ သင်္ကေတ၊ အသံအသွားအလာ၊ ကိုယ်တည်ဆောက်နေ ကျ ၀ါကျ၊ ပါဒဖွဲ့စည်းပုံ၊ ကိုယ်အရိုးစွဲနေတဲ့ကဗျာ စီစဉ်တင်ပြပုံ၊ တွေးထောင့်တွေကို အသစ်ပြောင်းလဲပစ်ဖို့ကိစ္စက တကယ်တမ်းမှာလွယ် မယောင်နဲ့ခက်ပါတယ်။ တိမ်မယောင်နဲ့နက်ပါတယ်။ ကိုယ့်ရဲ့အစွဲအလမ်း/ဟန်ပန်တွေကိ
ုဖယ်ရှားစွန့်ပစ်လိုက်ရမှာဖြစ်
လို့ ကိုယ့်အတ္တရဲ့ ဆန့်ကျင်မှု၊ အများလက်မခံနိုင်မှာစိုးရိမ်ထိ
တ်လန့်မှုတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါပေမယ့် ဒါကိုကျွန်တော်တို့စွန့်စားလုပ်
ရမှာပဲ။ ဒီလို မလုပ်ရင် ကျွန်တော်တို့ခေတ်ပေါ်ကဗျာလမ်းေ
ဟာင်းထဲမှာပဲ တစ်လည်လည်ဖြစ်နေကြရပါလိမ့်မယ်။
(၇) ရသအပြောင်းအလဲ
နီယိုမော်ဒန်မှာ အာရုံခံစားပုံ/ရေးဟန်နဲ့တင်ပြပံ
ုတွေကိုအပြောင်းအလဲလုပ်လိုက်ရင် ကဗျာစာသားတွေဆီကရတဲ့ ရသဟာလည်း အလိုအလျှောက်ပြောင်းလဲသွားပါလိ
မ့်မယ်။ ခေတ်ပေါ်ကဗျာဟာ ဘယ်လိုအရသာ/ရသမျိုးရှိတယ်ဆိုတာ ကျွန်တော်တို့ကဗျာ ရေး၊ ဖတ်၊ လေ့လာတဲ့အတွေ့အကြုံတွေအရသိရှိခဲ
့ကြပြီးပါပြီ။ ခေတ်ပေါ်ကဗျာရဲ့ရသပုံစံအဟောင်းကိ
ုစွန့်လွှတ်ပြီး ရသအသစ်စမ်းသပ်ဖော်စပ်ရာမှာ အနုပညာရသပျက်မသွားအောင်၊ အရသာအသစ်အမှန်တကယ်ဖြစ်လာအောင်လု
ပ်ကြရမှာပါ။ နီယိုမော်ဒန်ရဲ့ရသအသစ်ဟာ ဘယ်လို ဘယ်ပုံ အရသာမျိုးလဲဆိုတာတော့ ကဗျာဆရာရဲ့ရသဖန်တီးနိုင်မှုစွမ်း
ရည်/ပရိတ်သတ်ရဲ့ရသခံစာနိုင်မှုစွ
မ်းရည်တွေအပေါ်လည်းမူတည် နေပါသေးတယ်။ ဒီနေရာမှာ အရင်ခေတ်တွေကလို “ရသ”ဆိုတာဘာလဲမေးခွန်းထုတ်နေဖို
့၊ စဉ်းစားအဖြေရှာနေဖို့အချိန်မရှိ
ပါဘူး။ ရသ အပြောင်းအလဲ Aesthetic Shift လုပ်ဖို့ကိုပဲ ခေါင်းထဲထည့်ထားကြရမှာဖြစ်ပါတယ်
။ ကိုယ့်အနုပညာအတွေ့အကြုံနဲ့ကိုယ် ရသအသစ် ပြောင်းလဲနိုင်ဖို့အားထုတ်ကြရမှ
ာပဲပေါ့။
(၈) အဇ္ဈတ္တခံစားမှု ပိုင်းစစိတ်မြွှာခြင်း
ပို့စ်မော်ဒန်အတွေးအခေါ်တွေထဲက Theory of Fragmentation ဒီအတွေးအမြင်ကို အနုပညာလက်ရာတွေထဲ သွန်းလောင်း ထည့်လိုက်တဲ့အခါ ၀ါကျအပိုင်းအစတွေ၊ စကားစုအပိုင်းအဖြတ်တွေဖြစ်သွာြး
ကပါတယ်။ ဒါပေမယ့် ၀တ္ထု/ကဗျာထဲမှာ ပို့စ်မော်ဒန်လူသား ရဲ့အာရုံခံစားမှုအကျိုးအကြေ/အပို
င်းအစတွေပါမလာဘဲ အတွေးအခေါ်ထဲမှာအနည်ထိုင်ကျန်ရစ်
နေခဲ့ကြတယ်။ ပို့စ်မော်ဒန်နစ်တွေရဲ့ အဲဒီအားနည်းချက်ကို နီယိုမော်ဒန်ကသတိပြုမိပြီး အနုပညာလက်ရာတွေထဲမှာ ကျိုးကြေစိတ်မြွှာနေတဲ့ အဇ္ဈတ္တအာရုံခံစားမှုတွေ ထည့်သွင်းနိုင်အောင်ကြိုးစားဖို
့ဆင်ခြင်မိပါတယ်။ စကားစု / ပါဒ / ၀ါကျအပိုင်းအစတွေနဲ့အတူ ပို့စ်မော်ဒန်လူသားရဲ့စိတ်ခံစား
မှု အကျိုး အကြေ၊ အနည်အဖတ်တွေပါဝင်လာရင် နီယိုမော်ဒန်ရဲ့ထူးကဲတဲ့အရသာကို စမ်းသပ်မြည်းစမ်းမိနိုင်မယ်ထင်
ပါတယ်။
(၉) အတွေးအမြင်များ အချိုးပျက်ခြင်း
“အဇ္ဈတ္တခံစားမှု ပိုင်းစစိတ်မြွှာခြင်း”မှာ ဆွေးနွေးခဲ့သလိုပါပဲ။ နီယိုမော်ဒန်က ကဗျာရဲ့မျက်မြင်ပုံသဏ္ဍာန်အချိုး
ပျက်ခြင်းထက် ကဗျာဆရာရဲ့အတွးအခေါ်/အာရုံခံစား
ပုံ အချိုးပျက်ခြင်းကို ပိုအလေးထားပါတယ်။ လူ့အဖွဲ့အစည်း/အနာဂတ်/ယဉ်ကျေးမှု
/လူ့ဘ၀ အဓိပ္ပါယ်ဆိုတာတွေကို ဘယ်လိုဖွင့်ဆိုလို့ဖွင့်ဆိုရမှ
န်းမသိအောင် ရှုပ်ထွေး/ထွေပြား/ပွေလီလှတဲ့ ပို့စ်မော်ဒန်ခေတ်ကာလကြီးထဲမှာ ကျွန်တော်တို့ရဲ့သဘောထား/အတွေး
အမြင်တွေ အချိုးပျက်တွန့်လိမ်နေပုံကကြော
က်မက်ဖွယ်ရာ/အံ့သြတုန်လှုပ်ဖွယ်
ရာဖြစ်ပါတယ်။ ကျွန်တော်တို့ခေတ်ရဲ့လူငယ်တွေမှ
ာ ကိုးကွယ်ယုံကြည်ရာအယူဝါဒမရှိတော
့ဘူး။ တန်ဖိုးထားယုံကြည်ရာအနှစ်သာရတွေ
ပျောက်ဆုံးနေ ကြပြီ။ ခေတ်အဆက်ဆက်ကိုးကွယ်ယုံကြည်ခြဲ့
ကတဲ့အမှန်တရားဆိုတဲ့အရာဟာ သံသယဖြစ်ဖွယ်ရာ၊ မေးခွန်းထုတ်ဖွယ်ရာ အသိခံအရာ တစ်ခုဖြစ်နေပြီ။ တချို့ဝေဖန်သုံးသပ်သူတွေပြောသလု
ိ ခေတ်ပေါ်ကဗျာဟာ နတ္ထိဝါဒဆီဦးတည်ရွေ့လျားနေတယ်ဆိ
ုတာကလည်း ဒီလို အတွေးအမြင်တွေ အချိုးပျက်ရာက စတင်မြစ်ဖျားခံခဲ့တာဖြစ်ပါတယ်။ ဒီနေ့ခေတ်ရဲ့ဂီတက ၁၉၆၀ခုနှစ်တွေဆီက ရော့ခ်ဂီတမဟုတ်တော့ ပါဘူး။ ဒီနေ့ခေတ်ရဲ့ဂီတက Hip-Hop, Alternative, Punk-Metal နဲ့ Nu-Metal.
(၁၀) အကြောင်းအရာများ ရောထွေးထားခြင်း
ခေတ်ပြိုင်အနုပညာလက်ရာတချို့ကို
လေ့လာကြည့်တဲ့အခါ အကြောင်းအရာအရ ဗဟိုချက်ကင်းမဲ့နေတဲ့ အရေးအသားတွေကို တွေ့မြင်ကြရမှာပါ။ ကဗျာစာသားတွေထဲမှာ ၀ါကျတစ်ကြောင်းဟာ အကြောင်းအရာတစ်ခုကိုသယ်ဆောင်လာ
တယ်။ အကြောင်းအရာ တစ်ခုမပြီးဆုံးခင်မှာ တခြားအကြောင်းအရာအသစ်တစ်ခုဖြတ်
ဝင်လာတယ်။ လက်ရာ/စာသားတစ်ခုလုံးလွှမ်းခြုံ
ကည့်လိုက်တော့ အကြောင်းအ၇ာအပိုင်းအစတွေဆက်စပ်
စီစဉ်ထားတဲ့အတွက် တိကျသေချာတဲ့ဗဟိုချက်ပျောက်ဆုံး
သွားတာတွေ့ရပါတယ်။
(၁၁) အာရုံခံစားမှုဗဟိုချက်ကင်းမြဲ့
ခင်း
နီယိုမော်ဒန်မှာ အကြောင်းအရာဗဟိုချက်ကင်းမဲ့ခြင်
းနဲ့အတူ အာရုံခံစားမှုဗဟိုချက်ကင်းမြဲ့
ခင်းကို ပေါ်လွင်ထင်ရှားအောင်လုပ်ဖို့ အရေးကြီးပါတယ်။ အာရုံခံစားမှုဗဟိုချက်ကင်းမြဲ့
ခင်းဟာ ကျွန်တော်တို့ရဲ့မရေရာမသေချာတဲ့ လူ့ဘ၀စီမံကိန်းတွေဆီကနေ မြစ်ဖျားခံလာ ပါတယ်။ လက်ရှိပစ္စုပ္ပန်ဘ၀ဖြစ်တည်မှု၊ အနာဂတ်အလားအလာ၊ အတွေးအခေါ်အယူဝါဒ၊ ငွေကြေးနဲ့ဖက်ရှင်ပစ္စည်းစသဖြင့် ကျွန်တော်တို့ ရဲ့လူ့ဘ၀မှာ အမှန်တကယ်ဗဟိုပြု/စွဲလမ်းဆုပ်ကိ
ုင်ထားရမယ့်အရာဆိုလို့ ဘာဆိုဘာမှမရှိပါဘူး။ လူသားဟာ သူ့ဘ၀မှာဗဟိုပြုတွေးခေါ်/ အာရုံခံစားရာ ဘာဆိုဘာမှမရှိတဲ့အဖြစ်မှန်ကို မျက်မှောက်ပြုနေရတယ်။ ဗဟိုပြုစရာအကြောင်းအရာပျောက်ဆုံ
းသွားတာနဲ့အမျှ သူ့အာရုံ ခံစားပုံ/လောကအမြင်တွေဟာလည်း
Chaos/Alternativeဖြစ်လာပါတယ်။ ဒါကိုအထင်မှားပြောခဲ့တဲ့ “အကြောင်းအရာဗဟိုချက်ကင်းမဲ့မှု” လောက်နဲ့ချဉ်းကပ်တင်ပြလို့မပြည်
့စုံနိုင်ပါဘူး။ ကဗျာဆရာဟာ ခေတ်ပြိုင်လူသားနဲ့ သူ့ရဲ့အာရုံခံစားမှုဗဟိုချက်ကင်
းမဲ့မှုကို ထိရောက်ပီပြင် တင်ဆက်ဟောပြောဖို့ ခေတ်လူသားရဲ့ အဇ္ဈတ္တအတွင်းလွှာထဲထိ ထိုးထွင်းသိမြင်ကြည့်နိုင်မြှ
ဖစ်လိမ့်မယ်။ လူသားရဲ့ဘ၀မှာ အာရုံခံစားမှု တွေ ပိုင်းစစိတ်မြွှာနေတာ၊ ဗဟိုချက်ကင်းမဲ့နေတာမြင်ရင် နောက်တစ်ဆင့်အနေနဲ့ အဲဒီလိုအဓိပ္ပါယ်ထွက်တဲ့စကားလုံး
ရဝေါဟာရတွေကို ရှာဖွေဆက်စပ်တည်ဆောက်ကြည့်ဖို့
စိတ်တိမ်းညွတ်လာပါလိမ့်မယ်။
(၁၂) လူ/လူအများရဲ့အမြင်နဲ့ အာရုံခံစားမှုများ ရောထွေးနေခြင်း/ပေါင်းစပ်ရေးဖွဲ
့ခြင်း
ကဗျာဆရာဟာ ခေတ်ပြိုင်လူ့အဖွဲ့အစည်းထဲမှာ/
လူအုပ်ကြီးထဲမှာ ရောနှောနေထိုင်ရှင်သန်နေရတဲ့ ပုဂ္ဂလိကလူသား တစ်ယောက်သာဖြစ်ပါတယ်။ သူ့ဘ၀ကို သူ့ကိုယ်ပိုင်လောကအမြင်တွေနဲ့လံ
ုခြုံအောင်တည်ဆောက်ထားသည်ဖြစ်ေ
စ၊ ခေတ်/လူ့အဖွဲ့ အစည်းရဲ့သဘောထားအမြင်/တန်ဖိုးေ
တွရဲ့ရိုက်ခတ်မှုကို မလွဲမသွေရိုက်ခတ်ခံရစမြဲဖြစ်တယ်
။ သူ့ရဲ့လောကအမြင်/အာရုံခံစားမှု/
အယူ အဆတွေဟာလည်း ခေတ်ထဲမှာရှိနှင့်နေပြီးသားဖြစ်
တဲ့၊ တည်ဆောက်ပြီး/ဆဲ ယဉ်ကျေးမှုက သွန်သင်ပြဌာန်းထားတဲ့အရာတွေနဲ့ ရောထွေးနေပါတယ်။ အဲဒီအခြေအနေဟာ နီယိုမော်ဒန်မှာ အရေးကြီးတဲ့လက္ခဏာတစ်ရပ်ဖြစ်လာ
တယ်။ နီယိုမော်ဒန်မျာ ကဗျာဆရာရဲ့ အာရုံခံစားမှု/လောကအမြင်တွေအပြင် တခြားသူ/ပုဂ္ဂိုလ်တွေရဲ့အမြင်ခံ
စားမှုတွေပါ ရောနှောတင်ပြဖို့စဉ်းစားလာကြတယ်
။ ဒါဟာ ခေတ်ပြိုင်လူအုပ်ကြီးထဲက အခြားသူတွေရဲ့ Identity ကို Imitate လုပ်ဖို့ကြိုးစားကြည့်ခြင်းပါပဲ
။
(၁၃) နိမိတ်ပုံ/သင်္ကေတများလျှော့ချြ
ခင်း
ခေတ်ပြိုင်ကဗျာသမိုင်းတစ်လျှော
က်လုံးမှာ ကဗျာဆရာတွေက နိမိတ်ပုံ/သင်္ကေတတွေကို အစွမ်းကုန်ရှာဖွေသုံးစွဲခဲ့ကြပါ
တယ်။ ဒီလိုအားထုတ်ကြရာမှာ သန်မာလတ်ဆတ်တဲ့နိမိတ်ပုံ/သင်္ကေတေ
တွရခဲ့ကြသလို ကဗျာဖတ်သူနဲ့ဝေးကွာနေတဲ့နိမိတ်
ပုံ/သင်္ကေတတွေကို လည်း မလွဲမသွေတွေ့ခဲ့ကြပါတယ်။ ခေတ်ပေါ်ကဗျာနှောင်းပိုင်း (၂၀၀၀-၂၀၀၅)နောက်မှာတော့ ကဗျာဆရာတချို့က နိမိတ်ပုံ/သင်္ကေတ တွေလျှော့ချဖို့ ဟန်ပြင်လာကြတာသတိပြုမိကြပါလိမ့်
မယ်။ နီယိုမော်ဒန်မှာ အထူးပြုလုပ်ဖန်တီးထားတဲ့ နိမိတ်ပုံ/သင်္ကေတတွေရဲ့အခန်း ကဏ္ဍဟာ မိန်ဖျော့လာပါတယ်။ ဒါဟာ ခေတ်ပေါ်ကဗျာသမိုင်းတစ်လျှောက်လံ
ုး အားပြုသုံးစွဲလာတဲ့ အလင်္ကာအသုံးအနှုန်းတွေကို ရိုးအီ ငြီးငွေ့လာတာကတစ်ကြောင်း၊ ကဗျာဖတ်သူပရိတ်သတ်နဲ့နီးကပ်အော
င် တိုးရွေ့လိုတာကတစ်ကြောင်းကြောင်
့ဖြစ်ပါတယ်။
(၁၄) အရပ်သုံးဘာသာစကားများ ရောနှောသုံးစွဲခြင်း
နိမိတ်ပုံ/သင်္ကေတတွေကို လျှော့ချလိုက်တာနဲ့အမျှ ကဗျာဘာသာစကား (အလင်္ကာတန်ဆာဆင်မှု/ကဗျာဆန်ဆန်လှ
ပနူးညံ့မှု) ရဲ့ ရွှေရည်ရွှေသွေးက စံနှုန်းလျော့ကျသွားမှာပါပဲ။ ကဗျာဘာသာစကားရဲ့တချို့အစိတ်အပို
င်းတွေမှာ အရပ်သုံးဘာသာစကားက ၀င်ရောက်နေရာယူလာမယ်။ ကဗျာဘာသာစကားနဲ့ အရပ်သုံးဘာသာစကား အရောအနှော၊ စပ်ဟပ်ပုံရာခိုင်နှုန်းကတော့ ကဗျာဆရာ တစ်ဦးချင်းစီရဲ့ စိတ်တိမ်းညွတ်မှုအပေါ်မူတည်ပါတယ်။ ကဗျာဘာသာစကားနေရာမှာ အရပ်သုံးဘာသာစကားဝင်ရောက်လာတာဟာ ခေတ်ပေါ်ကဗျာသစ်နဲ့ ကဗျာဖတ်သူကြားက အကွာအဝေးကို ဆွဲချုံ့ပစ်နိုင်လိမ့်မယ်လို့ေ
မျှာ်လင့်ရပါတယ်။
(၁၅) ရိုးရှင်းလွယ်ကူသော အဓိပ္ပါယ်/အနက်ဖွင့်စံနစ်များတည်
ဆောက်ခြင်း
ခေတ်ပေါ်ကဗျာသမိုင်းတစ်လျှောက်လံ
ုးမှာ ကျွန်တော်တို့ရှေ့ကကဗျာသုတေသီ(ြ
မဇင်၊ မင်းလှညွန့်ကြူး၊ မောင်သာနိုး၊ မျိုးသန့်) တွေ ပြောဆိုခံယူခဲ့ကြတဲ့ ခေတ်ပေါ်ကဗျာရဲ့လက္ခဏာတစ်ခုက သွယ်ဝိုက်ဖွဲ့ဆိုတဲ့ ၀င်္က၀ုတ္တိသဘော၊ မှန်ကူကွက်သဘောတွေဖြစ်ပါ တယ်။ အဲဒီလက္ခဏာဟာ ခေတ်အခြေအနေအရ ပေါ်ထွက်လာခဲ့တာမှန်ပေမယ့် ကဗျာသဘောတရား စူးစမ်းလေ့လာမှုအားနည်းတဲ့၊ ကဗျာဖတ်ကျင့်အလေ့အထသိမ့်မရှိတဲ့ ကဗျာဖတ်သူတွေနဲ့အတိုင်းအတာတစ်ခု
အထိ အလှမ်းကွာခဲ့ပါတယ်။ နီယိုမော်ဒန်မှာ ခေတ်ပေါ် ကဗျာရဲ့ ၀င်္က၀ုတ္တိသဘော၊ မှန်ကူကွက်သဘောတွေကိုစွန့်လွှတ်ြ
ပီး ရိုးရှင်းလွယ်ကူတဲ့ အဓိပ္ပါယ်/အနက်ဖွင့်စံနစ်တွေဆီ ပြောင်းလဲရွေ့ လျားသွားပါတယ်။ ကဗျာဆရာဟာ သူပြောလိုတဲ့ဆိုလိုရင်းရောက်အော
င် တိုက်ရိုက်/ဒဲ့ဒိုးပဲပြောတယ်။ ခေတ်ပေါ်ကဗျာခေတ်ကလို သွယ်ဝိုက်တာတွေ၊ မူယာမာယာများတာတွေလုပ်မရတော့ဘူး
။ ဒါဟာ ခေတ်ပြိုင်ထဲမှာ ပေါ်ထွန်းနေတဲ့ဟစ်ဟော့ပ်ဂီတ၊ ပန့်ခ်ဂီတာတွေရဲ့ ရိုးသားပွင့်လင်းမှုတွေနဲ့ဆက်နွ
ယ်နေပါတယ်။
(၁၆) ကဗျာအတွင်းသားအပျော့ထည် (Soft-ware) များပြောင်းလဲခြင်း
ကဗျာရဲ့အတွင်းသားအပျော့ထည် (Soft-ware) ဆိုတာ အာရုံခံစားပုံ၊ နိမိတ်ပုံသင်္ကေတ၊ အသံအသွားအလာတွေကိုဆိုလိုပါ တယ်။ နီယိုမော်ဒန်မှာ အာရုံခံစားပုံ/စိတ်ကူးစိတ်သန်း/
အသိပညာအပြောင်းအလဲအပြင် နိမိတ်ပုံ၊ သင်္ကေတ၊ အသံအသွားအလာအသစ် တွေကိုလည်း ရှာဖွေဖို့လိုပါတယ်။ ကဗျာဆရာတစ်ဦးချင်းစီမှာ ကိုယ်ပိုင်ဟန်လိုပုံသေဖြစ်နေတဲ့ စကားလုံး/အသံ/ဘာသာစကားအကွက် အဆင်တွေရှိနေတတ်ကြပါတယ်။ နီယိုမောဒန်မျာကဗျာဆရာရဲ့ Concept ကို ပထမအဆင့်ပြောင်းလဲပြီးတာနဲ့ ပုံသေဖြစ်နေတဲ့ ကိုယ်ပိုင် အရေးအသားဟန်ပန်တွေကို စွန့်လွှတ်ဖို့၊ စမ်းသပ်ချဲ့ထွင်ဖို့အရေးကြီးလာ
ပါတယ်။ အာရုံတိမ်းညွတ်နေကျအကြောင်းအရာေ
တွကို သွေဖီ၊ အသုံးပြုနေကျစကားလုံးအဟောင်းတွေ
ကို စွန့်လွှတ်၊ ကိုယ်ပိုင်ဟန် အသံအသွားအလာတွေကို ရှောင်ကြဉ်၊ စကားလုံးအစပ်အသစ်တွေ ရှာဖွေနိုင်ဖို့ဟာ ကဗျာသစ်အသွင်ပြောင်းလဲမှုအတွက် အေ၇းကြီးတဲ့စဉ်းစားစရာအချက်အလက်
တွေပါပဲ။
(၁၇) ပေါ်ပြူလာဖြစ်နေတဲ့ အရေးအသား/ဟန်ပန်များကို ရှောင်ကြဉ်ခြင်း
ခေတ်ပေါ်ကဗျာသမိုင်းကိုအပေါ်စီးကြ
ကည့်ရင် အများကြိုက်ပေါ်ပြူလာဖြစ်တဲ့အရေး
အသား၊ ဟန်ပန်မျိုးတွေမကြာခဏဆိုသလို ခေါင်းထောင်ထွက်ပေါ်လာတတ်ကြတာကို
သတိပြုမိကြပါလိမ့်မယ်။ အဲဒီလိုပေါ်ပြူလာ/ပေါ်ပင် အရေးအသားမျိုးတွေဟာ ဖက်ရှင်အသစ် အဆန်းတွေလိုပဲ အတွေးအခေါ်နုနယ်တဲ့ကဗျာဆရာတချို့
ကို ဖြားယောင်းဆွဲဆောင်တတ်ကြပါတယ်။ ဒါပေမယ့် အချိန်တန်လို့တစ်နှစ် လောက်ကြာပြီးဆိုရင် ပေါ်ပြူလာဖြစ်ခြင်း၊ လတ်တလောဖက်ရှင်ဖြစ်ခြင်းရဲ့ သဘာဝအတိုင်းပြန်တိမ်မြုပ်မှေးမှ
ိန်သွားကြတာပါပဲ။ ဥပမာ နိုင်ငံတကာသတင်းဂျာနယ်ထဲက သတင်းခေါင်းစဉ်တွေချည်းသက်သက် ဆက်စပ်ဖွဲ့စည်းပြီး ကဗျာရေးတာမျိုး၊ တစ်ယောက်ကစစ်ပွဲ ကဗျာဆိုရင် နောက်တစ်ယောက်ရဲ့ကဗျာထဲမှာ မီးခိုးနံ့ယမ်းနံ့တွေဆူဝေသွားတာ
မျိုး၊ တစ်ယောက်က ဘာသာစကားဆိုရင် တစ်ယောက် က စကားဘာသာဆိုတာမျိုး၊ ပြီးတော့ ကဗျာကိုဘယ်လိုစပြီးဘယ်ပုံသယ်ဆော
င်၊ ဘယ်လိုအဆုံးသတ်ပြီးပြီမို့ ကဗျာဖတ်သူက ခေါင်းစဉ် ကြည့်တပ်လိုက်ပါဆိုတာမျိုးတွေေ
ပါ့။
အခု ဥပမာပေးခဲ့တဲ့သဘောတွေဟာ မြန်မာကဗျာသမိုင်းမှာ ရေပွက်ပမာ သွေးရူးသွေးတန်းထပွက်ပြီး ပြန်ပျောက်ကွယ်သွားမယ့် ဖက်ရှင်တွေဆိုတာ နီယိုမော်ဒန်တွေက သဘောပေါက်ထားကြပါတယ်။ နီယိုမော်ဒန်တွေက အဲဒီလိုပေါ်ပြူလာ/ဖက်ရှင်ဖြစ်တဲ့ အရေး အသားမျိုးတွေကို ဂရုစိုက်ရှောင်ကြဉ်ပါတယ်။ သူတို့က လတ်တလော လူကြိုက်များ၊ ခေတ်စားနေတဲ့ကဗျာဖက်ရှင်ဒီဇိုင်
းကိစ္စတွေကို သိပ်စိတ်မ၀င်စားဘဲ သမိုင်းခေတ်ရဲ့တောင်းဆိုမှုနဲ့
အညီသွားရမယ့် ခေတ်၏ကဗျာသစ်ရဲ့ရေရှည်ခြေလှမ်း
အလားအလာကို လေးနက်တဲ့ သဘောထားနဲ့ရှုမျှော်ကြပါတယ်။
နီယိုမော်ဒန်ရဲ့နောက်ခံအယူအဆနဲ့ သွင်ပြင်လက္ခဏာတချို့နဲ့ပတ်သက်ြ
ပီး ကျွန်တော်တတ်နိုင်သမျှဆွေးနွေး
တင်ပြပြီးပါပြီ။ ဒါတွေဟာ သံမဏိစည်းမျဉ်းတွေမဟုတ်သလို အလွတ်ကျက်ကိုးကားရမယ့် အဆိုအမိန့်တွေ၊ စံပြအဖြေလွှာတွေလည်းမဟုတ်ပါဘူး။ အရပ်စကားနဲ့ပြောရရင် ကြိုက်တာရွေးယူ၊ မကြိုက်တာလွှင့်ပစ်လိုက်ပေါ့ဗျာ။
ကျွန်တော့်အမြင်တစ်ခုရှိပါတယ်။
အနုပညာရပ်တွေနဲ့ပတ်သက်လာရင် အကြွင်းမဲ့ခိုင်မာပြီး ပြည့်စုံတဲ့ပကတိအမှန်အမှားဆိုတာ
တွေမရှိပါဘူး။ တကယ်လို့ရှိတယ် လို့ တစ်ဦးတစ်ယောက်ကအမြင်ကျဉ်းကျဉ်း
နဲ့ပြောလာရင်လည်း အဲဒီအမှန်အမှားကိစ္စတွေကိုစိတ်
မ၀င်စားပါဘူး။ လူ့ဘ၀မှာကိုယ်ယုံကြည် ရာကိုယ်လုပ်ဖို့၊ ကိုယ်တည်ဆောက်ချင်ရာတည်ဆောက်ဖို
့အတွက် ကျွန်တော်တို့ကဗျာဆရာဘ၀ကို ရွေးချယ်ထားကြတာပါ။ အယူအဆ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကိုယ်ယုံကြည်ရာ ကိုင်စွဲ လုပ်ခဲ့တယ်လို့ တာဝန်ယူပါတယ်။
အောင်ရင်ငြိမ်း