Showing posts with label ကဗျာတို. Show all posts
Showing posts with label ကဗျာတို. Show all posts

2011/11/04

၆၆။ ကျနော်နဲ့ဆယ်ပြား

 ကျနော်နဲ့ဆယ်ပြား

"ချွင် "
ကနဲမြည်သံနဲ့
မတ်စေ့တစ်စေ့ရှေ့ကိုခုန်ချ
"ခေါင်း"
ချဉ်းပဲကျနော်
ကျပြစ်လိုက်တယ်

လေးထောင့်ဆန်ဆန်
မျက်နှာနဲ့
ခြေဗလာ၊ လက်ဗလာလူက
ခင်ဗျားသွားနိုင်ပြီတဲ့။ ။

2011/10/30

၅၅။ အသံ


အသံ

သူမကသူ့ကို Chess လိုက်တာလဲဖြစ်နိုင်တယ်
သူကသူမကို Chess လိုက်တာလဲဖြစ်နိုင်တယ်
ပွဲကပြီးသွားပြီ
ယခုထိတော့
အနောက်ပြန်လေရဲ့ရင်ဘက်မှာ
နှင်းဆီနံတွေသင်းနေတုန်း

2011/10/25

၎။ ပုံသေကားချပ်




ပုံသေကားချပ်

ဘ၀ထဲကသက်သေပြချက်ကိုနှုတ်

အိုင်းစတိုင်းရဲ့သီအိုရီတစ်ပုဒ်နဲ့ပေါင်း
ကြက်ခြေခတ်ဆွဲချလိုက်တဲ့မျဉ်းပြတ်နှစ်ကြောင်းက
ကျွန်တော့်ကိုခေါင်းစား
သူမကပြိုင်မျဉ်းနှစ်ကြောင်းနဲ့ကျွန်တော့်ကိုခြားတယ်
ဘာဖြစ်လဲ
ကနှုတ်ပန်းတစ်ခက်မှ မရှိတဲ့ပန်းချီကားထဲမှာ
ငါ့ကိုငါရုပ်လုံးအဖြစ်ထားမယ်

သက်ဝေ
15 . Oct 2010

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Powerade Coupons