tag:blogger.com,1999:blog-45444513613020933842024-03-13T09:57:07.351-07:00မောင်သက်ဝေAdminhttp://www.blogger.com/profile/18015811058345565953noreply@blogger.comBlogger13125tag:blogger.com,1999:blog-4544451361302093384.post-83679811781648791632014-03-16T02:45:00.001-07:002014-03-16T02:45:17.367-07:00ပဖေ။သေတ္တာထဲထည့်သိမ်းထားတဲ့ကျနော့်မျက်လုံးတွေဘယ်ရောက်သွားပြီလဲ။ပြန်လိုချင်တယ်အဖေ။
အဖေ။ သေတ္တာထဲ ထည့်သိမ်းထားတဲ့ ကျနော့်မျက်လုံးတွေဘယ်ရောက်သွားပြီလဲ ။ ပြန်လိုချင်တယ် အဖေ။
စိတ်ဝိဥာဉ်တွေ အလဲအကွဲ။
စည်းစိမ်ယစ်မူးနေတဲ့ မရှိခြင်းတရားတွေ အဖေ့ဂုတ်ပေါ်ခွစီးသလား ။ သားလည်းငယ်ငယ်က ခွစီးခဲ့တာပဲလေ။
အဲ့တုန်းက အဖေငိုတယ်နော် ။ကျနော်လည်းငိုတယ်။ သူများအိမ်ကို ကျနော်တီဗီသွားချောင်းကြည့်တယ်။
ဟိုကတံခါးအတင်းဆွဲပိတ်တယ်။ကျနော့်လက် ညပ်သွားတယ်။ ပြတ်ခါနီးကလေးပဲ။ အဖေငိုတယ်နော်။
သိပ်မကြာဖူး။ အဖေ တီဗီအစုတ်ကြီးထမ်းလာတယ်နော် ။ ကျနော့် လက်က သွေးတွေ ခုထိအဖေ့ဆီမှာစွန်းပေတုန်း။
အဖေ့နွားတွေက အသုံးမကျပါဘူး။ သူများစပါးခင်းထဲ ၀င်စားတယ်။ အဖေမရှိဘူး ။
အမေ့ကို ဟိုက တစ်ဆွေလုံးတစ်မျိုးလုံး လာဆဲကြတယ်နော်။ ကျနော် ငတုံးပါ ။ သူရဲဘောကြောင်ပါ။
ကျနော့်ကို အမေက တံခါးကြားထဲ ဖွက်ထားတယ်။ အမေ့လက်ထဲမှာ ဓါးမ တစ်လက်နဲ့။ ကျနော်အပြင်မထွက်ရဲခဲ့ဘူး။
မြောင်းကျိုမြောင်းကြား၊ ချောင်းကြိုချောင်းကြား။ အဲ့ဒီငါးရှဥ့်တွေ အဖေထောင်ဖမ်းတယ်။
အဲ့ဒီ ဂေါ်ကိုအဖေ မနက် ၄ နာရီအထိထိုးတယ်။ အမေမအိပ်ရဘူး။ အဖေ့ကိုထိုင်စောင့်ရတယ်။
၁ ပိဿာခွဲလောက်ရှိမယ်။ မင်းမနက် ရွာထဲထွက်ရောင်းကွာ။ အမေမငြင်းဖူးနော်။ ထွက်ရောင်းတယ်။
ကျနော် လူဆိုးနော် အဖေ။ ၄ တန်းအထိ အဖေ့ဂုတ်ပေါ်ကမဆင်းဘူး။ အမေက ကျနော့်ကိုအလိုမလိုက်ဖို့အဖေ့ကိုပြောတယ်။
အဖေ ကျနော့်ရွှေပန်းကို ငယ်ငယ်က ခဏခဏနမ်းတယ်လို့အမေက လူကြားထဲပြောတယ်။
ကျနော်သေအောင်ရှက်တာပဲ။ အဲ့ဒီ ချစ်ခြင်းမေတ္တာကို ကျနော့်ကွဲသွားတဲ့ ကျောက်ဒိုးလောက်တောင်ခေါင်းထဲမရှိခဲ့။
ပိုများတဲ့အဖေစားမဲ့ ထမင်းကြော်ပန်းကန် ကျနော်စားချင်ခဲ့တယ်။ အမေတုတ်နဲ့ရိုက်ကြွေးတယ်။ ကျနော်မကုန်ခဲ့ဘူး။
ပိုင်စိုးအောင်တို့ နေထူးအောင်တို့ ဆော့တဲ့ ဓာတ်ခဲနဲ့ပြိုင်ကားလေး သားလိုချင်တယ် အဖေ ။
အဖေ၀ယ်လာတယ်။ ဒါပေမယ့် ကုန်တင်ကုန်ချကား။ တစ်ခုခုနဲ့တိုက်မိရင် ကုန်တင်ကုန်ချပဲလုပ်နေတော့တာပဲ။
ရှင်က တုံးကိုတုံးတယ်။ အမေ အဖေ့ကိုဆူတယ်နော်။ အဖေမျက်ရည်ဝိုင်းနေတာအမေ သိတယ်နော်။
သားမသိဘူး။ အဲ့ဒီကားလှလှလေးရဲ့ဈေးနှုန်းကိုသားမသိဘူးနော်။
တစ်ရွာလုံးက ဘယ်မန်ကျည်းပင် အဖေမတက်ဖူးတာရှိလဲ။ ဘယ်မိုးတွင်းအဖေဖားရိုက်မထွက်ဖူးတာရှိလဲ။
ဘယ်လယ်ကွက်မှာ အဖေပိုက်မချဖူးတာရှိလဲ။ ဘယ်ချောင်းထဲမှာ အဖေ ငါးရှဥ့်မထောင်ဖူးတာရှိလဲ။
ကျနော် နေ့လည်ကတည်းက မိုးချုပ်တဲ့အထိရေကူးတယ်။ အိမ်ပြန်မလာဘူး။ တစ်ကိုယ်လုံးပြာနှမ်းလို့။
အဖေ ကျနော့်ကို အိမ်ရှေ့က ထင်းစည်းတစ်စည်းကုန်အောင်ရိုက်တယ်နော် ။ကျနော်မငိုဘူး။အဖေငိုတယ်။
ဘဲဥ ၂ လုံး၊ ပြား ၉၀ နဲ့ အဖေနဲ့အမေ ဘ၀ကို ဘယ်လိုစထူထောင်ကြလဲ ကျနော်မသိဘူး။
အဖေက အဲ့တုန်းက ခုလိုထိပ်ပြောင်ကြီးမဟုတ်ဘူးတဲ့။ ဆံပင်ထူတယ်။ ပါးသိုင်းမွှေးနဲ့။
တစ်ကိုယ်လုံး နုံးစော်ကိုအမြဲနံနေခဲ့တာပဲတဲ့။ အမေပြောတယ်။ ပြီးတော့ ရယ်လည်းရယ်တယ်။ ငိုလည်းငိုတယ်။
အဖေ အသက် ၁၀ နှစ်မှာ သူများအိမ်တကာလှည့်ရေထမ်းတယ်ပြောတယ်။ ကျနော် ၁၈ နှစ်အထိရေတစ်ထမ်းမနိုင်ဘူး။
သားရေအဖေ့နားလာပါဦးကွာ ဆိုပြီး ပါးကိုကိုင်လိုက်ရင် အဖေ့လက်တွေကကြမ်းထော်နေတာပဲ။ ကျွဲပုခုံးတွေထလို့။
မင့်အမေက မင်းကိုယ်ဝန်နဲ့တုန်းက ဖျက်ချမယ်တကဲကဲပဲ။ ငွေမရှိပဲ ကလေးမမွေးချင်ဘူးတဲ့ကွာ ။
ငါ ကောင်းကောင်းချောမော့ပြောဆိုရတာပေါ့။ အသက်တစ်ချောင်းကွ အသက်တစ်ချောင်းလို့။
ကျနော့်ကို ရှိန်းသူအောင်လို့ အမေကနာမည်မှည့်တယ်။ ၅ နှစ်ကွာတဲ့ ညီမလေးကို ပန်းအိထွေးတဲ့ ။
အဖေ့နာမည်ကိုခုထိ တစ်ရွာလုံးခေါ်ကြတယ်။ ထော်ကြီးတဲ့။ အဖေသိလား အဖေနာကျင်ရမှာကိုအဖေသိသေးရဲ့လား။
ဧက (၃၀) ပိုင်ဖို့ အဖေ အနှစ် ၃၀ ကျွန်ခံတယ်။ ဒဏ်ဖြစ်တဲ့အထိ အဖေ ကုန်ထမ်းတယ်။
အဖေတစ်ညလုံးကောင်းကောင်းအိပ်ရတဲ့ရက်တွေအမေခုထိလက်ချိုးရေပြနိုင်သေးတယ်။
အဖေနားထောင်တဲ့ တွံတေးသိန်းတန်နဲ့ ဟင်္သာတထွန်းရင် အခွေတွေ ကျနော်ခွဲပစ်တယ်နော်။ အဖေမဆူဘူး။
သားတို့မိသားစုတွေရှိလာတဲ့အခါ လူတန်းစေ့နေနိုင်ရင် အဖေကျေနပ်ပါပြီ။ အဲ့ဒါအဖေ့ရဲ့ပျော်ရွှင်မှုပါပဲတဲ့။
ကျနော်ငိုပြီအဖေ။ ခုကျနော် ငိုပြီ။ အဖေ့ကို ရှေ့မှာထားပြီး ကျနော်ငိုရဲပြီ။
ဆင်းရဲတယ်ဆိုတာ ကြွားဖို့မဟုတ်ဘူးသား။ နာဖို့ ... အားတင်းဖို့ ...။ ဒါဟာ သေတွင်းတစ်ခုပဲ ။
ကျနော် ဟိန်းမင်းစိုးရဲ့ကျောက်ဒိုးကို ဆွဲယူလွှင့်ပစ်တယ်နော်။ သူ့မျက်လုံးကို သံဆစ်နဲ့ ပစ်တယ်နော်။
ကန်းမတတ်ပဲ။ ယောင်ကိုင်းလို့။ အဖေ့ကို ဒီကောင့်အဖေက ထိုးမယ်လုပ်တယ်နော်။ အဖေ ခြေသလုံးဖက်မတတ်ပဲ။
ကျနော့်ကို ငါးရှဥ့်ထောင်တဲ့ကောင်ရဲ့သားလို့ ရွာထဲကလူတွေကခေါ်တယ်။
အဖေ့ကိုကျနော် နှစ်နဲ့ချီပြီးစကားမပြောဖူး။ အဖေက ကျနော့်ကိုနှစ်နဲ့ချီပြီး မျှော်လင့်နေခဲ့တယ်။
သား မင်းအဖေက ငတုံးသိလား။ ခုထိ ဖုန်းနဲ့ message မပို့တတ်ဘူး တဲ့ အမေရယ်ကျဲကျဲပြောတယ်။
အဖေ့ရဲ့ပညာရေးဟာ သူငယ်တန်းမှာစပြီး သူငယ်တန်းမှာပဲဆုံးတာ အမေသိတယ်။ ကျနော်မသိဘူး။
ဒီစာလေးက ဘာရေးထားတာလဲ သား ဆိုပြီး လာဖတ်ပြခိုင်းရင် ကျနော်တယ်စိတ်မရှည်ခဲ့ဘူး။
မင်းအဖေလည်းကွာ ပြိတ္တာတစ်ကောင်လိုပါပဲ။ ခုအခြေအနေနဲ့အေးဆေးနေနိုင်ရဲ့သားနဲ့ ။သူများတွေပြောတယ်။
အဖေ ခုဆို ဆိုင်ကယ် ကယ်ရီဆွဲတယ်။ အဖေလယ်မလုပ်နိုင်တော့ဘူး။
အဖေ့ဂုတ်ကိုကျနော်ခွမစီးရတော့ဘူး။ အဖေမောင်းတဲ့ ဆိုင်ကယ်ကိုပဲကျနော်စီးရတယ်။
ရယ်စရာပဲ။ အဖေ့ကို ခုထိအမေကသ၀န်တိုတယ်။ အဖေဒီလောက်ရုပ်ဆိုးတာကိုများ။ ကျနော်ရယ်ပြောပြောတယ်။
အဖေနဲ့ကျနော် ၅ နှစ်နီးပါးစကားမပြောဘူး။ ခုပြန်ပြောတယ်။
ကျနော်ပြောတဲ့အထဲမှာ တစ်ခါတစ်လေ အင်္ဂလိပ်စာလုံးတစ်ချို့ပါလာရင် သည်းခံပါအဖေ။
လူတွေကြားထဲမှာ အဖေအင်္ဂလိပ်လိုနားလည်တယ်ဆိုတာမျိုးနဲ့ ကျနော်ဂုဏ်ယူချင်တယ်။
အဲ့ဒီအခါကျ အဖေ လုပ်နေကျအတိုင်း ပြုံးနေပေါ့ ။ဒါပေမယ့်
ကျနော့်စိတ်ဝိဥာဉ်တွေအလဲအကွဲပါပဲ အဖေရယ် ။
ရင်ခွင်ရှိန်း/ရှိန်းသူအောင်
ခေတ်ကျန်ကဗျာများ ဘလော့ခ်မှ https://sites.google.com/site/poetmyatwai/tlkb/sheinta
Adminhttp://www.blogger.com/profile/18015811058345565953noreply@blogger.comtag:blogger.com,1999:blog-4544451361302093384.post-74157810968093432492014-03-13T01:43:00.001-07:002014-03-13T05:04:15.174-07:00ခိုးတီးတဲ့သံစဉ် ၊ကြွေဲတဲ့လက်ခတ်
ရင်တွေကွဲ ..အာခေါင်တွေခြောက်ကပ်လို့ ..
အညိုရောင် အိမ်မက်တွေမက်တယ်
ကြောက်တတ်တဲ့ ကောင်ရဲ့ မြို့ လေးမှာ
ဘယ်တော့ မှမဝေ ..မကြွေတဲ့ ..
သစ်ခြောက်ပင်ကြီးရှိနေလေရဲ့ ...
ခံစားချက်ကိုဓါးသွားတပ်လို့ ....
မားမားဝင့် ဝင့် စင် မြင့် ထက်မှာ..
ပန်းကုံးစွပ်ခံ...သူရဲ ကောင်းဘွဲ့ ..လိုချင်မိပါတယ်.
အဲ့ ဒီကံကြမ္မာရထား ကိုဘယ်ဘူတာကစောင့် ရမလဲ
ချည်ရင်း ငင်ရင်းနဲ့ ...
ကိုယ့် ကိုကိုယ် ပြန်ပျိုးနေမိတာ..
မပြောမပြီး ..မတီးမမြည်တဲ့ ...
ရင်တွင်းဂီတမှာ...
ဘာရစ်သမ်မှမပါဘူး.....
စစ်မှန်သော..ချစ်ခြင်းမေတ္တာအတွက်..
ပါးစပ်က.....ဖွင့် ဟပြောခြင်းကို...
တုန်ခါနေတဲ့ ရင် က...
ခွင့် မပြုဘူး...
ဒီနေ့ ကော ..ဒီလိုပါပဲ...
နေ့ ရက်တွေ ကို သွားကြို...လိုက်ပို့ ..
ဒိုင်ယာရီအဟောင်းထဲ ..စကားလုံးတွေ ကျဲချ..
တစ်ယောက်တည်းညတွေနဲ့ ...
တိမ်တောက်တဲ့ နေ့ တွေထိုင်ကြည့် ...
ယဉ်ယဉ်လေးရူးနေတဲ့ ...ပြက္ခဒိန်မှာ...မှတ်သား..
ခဲခြစ်ရာတွေဟာ...ပြဿဒါးတွေ .ပါပဲ..
ကဲ ..ခင်ဗျားရော..
စည်းတကာ့ စည်းထဲမှာ..ဒီစည်းကျော်ရခက်တယ်ဗျာ..
အဖြူရောင်တွေသုတ်ထားလို့ ..
ဟော..ဒီသံကွန်ချာတွေထဲကကို..
ခံစားချက်..ဖောက်မထွက်နိုင်သေးဘူး
အညိုရောင် မှတ်တမ်းစာအုပ်လေး ..
ကမ်းနဲ့ ဝေးဝေးသွား...
ခံစားချက်တွေ ..စုပေါင်းထုတ်သိမ်း.လို့ 
ရေစာကျွေးလိုက်တယ်..
ထာဝရ ...မျောလွင့် နေပါစေတော့ ..
အိမ်အပြန်မှာ...
အလွမ်းသယ်ချင်နေတဲ့ ..တိမ်တိုက်တွေကို ပန်လာတယ်
ရိုးရိုးရှင်းရှင်းလေးပါပဲ..
ကျွန်တော်
သူ့ ကို
ချစ်
တယ်
ကျွန်တော်
သူ့ ကို
လွမ်း
တယ်
“သက်ဆိုင်သူသာသိပါစေ” လို့ အမည်တပ်ထားတဲ့ ..
စာအိတ် ကလေးကျန်နေသေးတယ်
ဒါလေးတော့ ..
ဝမ်းနည်းမှုအမှတ်တရနဲ့ ..
ကြောက်တတ်တဲ့ ကောင်ရဲ့ ..
ခေါင်းအုံးလေးအောက်မှာ...
နှစ်ပေါင်းများစွာ ဆက်လက်တည် နေပါစေသော်ဝ် ...
ရင်ခွင်ရှိန်း
Adminhttp://www.blogger.com/profile/18015811058345565953noreply@blogger.comtag:blogger.com,1999:blog-4544451361302093384.post-72569273698710946852014-03-13T01:30:00.003-07:002014-03-13T05:04:48.573-07:00မိုးတွေ သူ့အလိုလိုရွာနေတယ်
မိုး​တွေသူ့အလိုလိုရွာ​နေတယ်
စက်တင်ဘာလရဲ့ မျက်ရည်ဝေ့သီနေတဲ့မျက်ဝန်းတစ်စုံပါပဲ
အိမ်တံခါး ချက်(ဂျက်) ချသံ ကြားတာနဲ့ 
နားနေတဲ့စိတ်ဟာ တနင်္ဂနွေမလေးထံပြန်ပြေးသွားသတဲ့ ။
ခက်တာပါပဲကွယ်
ခက်တာပါပဲ
ဘယ်မှာလဲ စကားလုံးတွေ
"မိုးတွေက သူ့ အလိုလိုရွာနေတာတဲ့"
အိမ်တံစက်မြိတ်က ပျံသန်းနေတဲ့ ... စက္ကူငှက်လေးထံ မှာ
မီးပြန်စွဲတယ် ။
အိမ်ပြန်မလာတော့တဲ့ သောကြာနေ့ မှာ
မင်(မှင်)ရည် ထပ်အစွန်းခံလိုက်ရတဲ့
ပန်းနုရောင် ပါးပြင်တစ်ခုအကြောင်းပါပဲကွယ်
ဘယ်လောက် သတ်သတ် ဒီလက်က ခုထိကိုမသေနိုင်သေးဘူး ။
မိုးတွေက သူ့ အလိုလိုရွာတာပါကွယ်
(သူမ ပါးပြင်မှာသာ ပါးချိုင့်လေးမရှိခဲ့ရင် ...)
ကျနော် ယုံခဲ့မှာသေချာတယ် ။ ။
ရင်ခွင်ရှိန်း
Adminhttp://www.blogger.com/profile/18015811058345565953noreply@blogger.comtag:blogger.com,1999:blog-4544451361302093384.post-25870627014160988392014-03-13T00:47:00.001-07:002014-03-13T00:47:31.593-07:00Canvases
Canvases
အရိုးပြာတွေက
နှင်းတွေလား
အသံတွေဟာ မြင်းခွာတွေဖြစ်သလို
တောအုပ်ဟာ စိတ်ရဲ့အလျဉ်ဖြစ်တယ်
ဒီလိုပဲ ပြောဖူးတယ်မဟုတ်လား ဂျိမ်းရေ ။
ဘာကြောင့်များ မနက်တွေမရှိတော့တာလဲဂျိမ်းရေ
အ၀ါရောင်ဆံပင်တွေရဲ့အသက်လို
့ တံခါးပေါ်မှာ ထွင်းထားတဲ့သက္ကရာဇ်တစ်ခုခု ဟာ
မွေးနေ့ ဆိုတာတော့ကိုယ်မှတ်မိနေတယ် ။
ဒီလိုပဲ ကြည့်ကျက်နေသွားကြ
ဝမ်းခေါင်းသံအပြည့်နဲ့ နာကြင်သွားကြ
ငတ်မွတ်မှုတွေနဲ့ ဆဲရေးသွားကြ
ကမ္ဘာအစစ်ကို မြင်သွားကြ
လျှာပေါ်မှာ ဒဏ်ရာဗရပွနဲ့ သိမ်မွေ့ သွားကြ ။
တောင်ကုန်းမိုမို့ လေးတွေပေါ်မှာ
ခြေရာကြီးကြီးတွေ သေးသေးလေးတွေ
လယ်ကွင်းထဲမှာ ရွှေဝါရောင်စပါးနှံခက်တွေ
အနာဂါတ်ဆိုတာ
တစ်ခါမှမမက်ဖူးတဲ့ အိပ်မက်ကြီးပဲ ။
ဂျိမ်းရေ ....
အဖြူရောင် မင်းဆံပင်တွန့် တွန့် တွေနဲ့ 
ဒီဘက်ကူးလာခဲ့ချေ ။
ရေစိုသွားမှ မင်းကပိုလှတာ
(ငယ်ငယ်ကဆို .....)
ရယ်သံတွေ နဲ့ ငှက်တွေပျံနေတယ်ဆိုတာမေ့သွားကြမယ် ။
ရေဒီယိုမှာ ဘာတွေလာနေလဲ
ကော်ဖီပင်တွေဘက်ရောက်သေးလား မင်းမေးမယ်
သားမြေးလေး သာရှိရင်တော့လေဆိုပြီး
မင်းမျက်ဝန်းတွေ စိုစွတ်လာမယ်
ဂျိမ်းရေ ... ငိုသာငိုကွဲ့ 
မျက်ရည်ဆိုတာ
မင်းအတွက်ဝမ်းနည်းမှုရဲ့တန်ဆာခံပဲမဟုတ်ပေဖူးလား ။
စစ်တွေဖြစ်နေတယ်ဆိုတာ မင်းမသိဘူး
ဘာသာရေးအစွန်းရောက် ဂိုဏ်းတွေရှိနေတယ်ဆိုတာမင်းမသိဘူး
ကမ္ဘာပျက်တော့မယ်ဆိုတာ မင်းမသိဘူး
ပြီးရင် ငါ့ကိုလည်းမင်းမေ့သွားတော့မယ်
ပြီးတော့လည်း ပြီးသွားတာပါပဲ မဟုတ်ဖူးလား ။
သစ်လုံးအိမ်လေးရဲ့ညာဘက်ထောင့်စွန်းမှာ
မင်းအသံတွေရှိတယ် ဂျိမ်းရေ
ပြန်နားထောင်ကြမယ် ။
မီးလင်းဖိုလေးဘေးမှာ မင်းစာဖတ်နေမယ်
ထင်းရှူးတောတန်းဘက်ကို ရီဝေနေတဲ့အကြည့်တွေနဲ့ ကြည့်မယ်
မင်းဟာ ကိုယ်ဝယ်ဖို့ မလိုတဲ့ရုပ်မြင်သံကြားစက်လေးပေါ့
မင်း......ရယ်လိမ့်မယ် ။
ဂျိမ်းရေ ...
အိပ်တော့ကွယ် အိပ်တော့
ကြယ်တွေလှလှပပ ကြွေကျသွားသလို မင်းအိပ်လိုက်တော့ ။ ။
-ရင်ခွင်ရှိန်း-
Adminhttp://www.blogger.com/profile/18015811058345565953noreply@blogger.comtag:blogger.com,1999:blog-4544451361302093384.post-32524162754748385632014-03-12T22:55:00.001-07:002014-03-12T22:55:46.887-07:00ပိတ်ထားသမျှဟာဖွင့်ရန် (မဟုတ်) ဖြစ်သည် ။ ။
ပိတ်ထားသမျှဟာဖွင့်ရန် (မဟုတ်) ဖြစ်သည် ။   ။
ဒီကိုယ်ဝန်ဟာ ငါနဲ့ သွေးရိုးသားရိုးရတာမဖြစ်နိုင်ဘူး
(ကဗျာဆရာဟာ ပထမစာကြောင်းမှာ အခုလိုငြင်းဆန်ပါတယ်)
(မ)သိချင်စိတ်   က/ဖြင့်   -  ဖွင့်/ပွင့် ထွက်သွား
သရိုးသရီ ၊ ဇိုးဇိုးဇပ်ဇပ် ၊ အစိမ်းကြီး ၊ ဆပ်ဆလူး ၊ ဇိကပ်နေ ၊ဇင်ယော်တောင်မျက်လုံး
(ကဗျာဆရာဟာ ငြင်းဆန်ပါတယ်)
အခြေအနေကိုသုံးသပ်စိတ်ဟာ အချိန်အခါ အထိုက်အလျောက် ရှိ/မရှိ
သိုဝှက်မှု မရှိကြောင်းပြသရန် သင့်တွင် လတ်လတ်ဆတ်ဆတ် ခင်းကျင်းမှု လိုအပ် - (၍)
သူက စားတယ် ၊ သူ ကစား တယ် ၊သူ ကစား ရင်း စားတယ် ၊ သူက စားရင်း ကစားတယ်
ကလေးတွေတောင် တတ်/တက် တယ် ၊ လူ ကြီးတွေလည်း တောင် တက်/တတ် တယ်
(ကဗျာဆရာဟာ လက်ခံမှုအားငြင်းဆန်ပါတယ်)
ကဗျာဆရာ အား ကြည့်ပြီး ရယ်ကြပါတယ် ၊ ကဗျာဆရာ က/ကို ရယ်တာ ကို ကြည့်ပြီးနေ (ရ)တယ်
၁။ ပဋိပက္ခအား ပုံစံ ကွဲ-လွဲ-မှုအသွင် နှင့်ကြည့်ရန် ။
၂။ အနက်ပြန်မှု (၀ါ) အနက်ဖြန့် ကျက်မှု ။
၃။ အသွင်ဆောင်မှုအား အမြင်နှင့် ထိစပ်ရန် ။
၎။ ပမာဏ အား ပဏာမအဖြစ် ဆန့် ကျင်ရန် ။
(ကဗျာဆရာဟာ ငြင်းဆန်ပါတယ်)
မျိုးရိုးဗီဇ နှင့်ဆိုင်သော ဦးခေါင်းများရောင်းဝယ်ရေး ၊ သဘာဝလွန်များ၊သမ္ဘာများ၊ လွန်များ ၊ သလွန်များ
ဆင့်ကဲဖြစ်စဉ် သည် ကွင်းဆက်တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျှက် ရှိ  - (၍)
ကွင်းဆက်များ ချိတ်ဆက်လျှက်ရှိခြင်း သည် ဖြစ်စဉ်တစ်ခု (၀ါ)
တစ်ခုထက်ပိုသော ဆင့်ကဲမှုများဖြစ် (နိုင်) သည်
(ကဗျာဆရာဟာ စကားလုံးများအား ငြင်းဆန်လိုက်ပါတယ်)
အကြမ်းဖက်မှုမရှိတဲ့ ဆန့် ကျင်မှုဟာ မွန်မြတ်တယ်
ရှိသည် ၊ ဖြစ်သည် ၊ မရှိမဖြစ် ၊ရှိလည်းဖြစ်သည်၊ မရှိလည်းဖြစ်သည်။ အရှိ ဖြစ်သည် ။
ထင်လို့ ပါ မ၀င်ဘူး ကျောင်းအစ်မရဲ့ (စကားသံအဖြစ်ပြောင်းလဲမှု)
ထင်သာထင် မ၀င်ဘူး ကျောင်းအစ်မ (မှုရင်းအဆို)
ဘာမှမမေးရင် ဘယ်လိုလိမ်ညာမှုမျိုးမှ ဖြေဆိုနိုင်လိမ့်မည်မဟုတ် !!!
အတွေးအခေါ်သည် မည်သည့်အပေါ်တွင်အခြေခံသနည်း။ (မေးခွန်းပုံစံ)
(ကဗျာဆရာဟာ ခေါင်းခါယမ်းပါတယ်)
ရှင်းလင်းချက်။    ။ ခေါင်းခါယမ်းသည်မှာ တစ်စုံတရာအား
လက်မခံခြင်းသော်လည်းကောင်း ။ မဖြစ်တန်ရာဟုသော်လည်းကောင်း၊နားမလည်ပေးနိုင်သည်ကိုလည်းကောင်း၊
လက်ခံခြင်းမှာမဖြစ်နိုင်ဟုသော်လည်းကောင်း ... လည်းကောင်း ... လည်းကောင်း.......
ဖြည့်စွက်ရန် ။    ။ သင်ထင်သမျှကို ဆက်လက်ဆွေးနွေးပါ ။
ခံစားမှုပြပုဒ် ၊ အသုံးအနှုန်းကျစ်လစ်မှု ၊ နိမိတ်ပုံ ၊လှုမှုဝန်းကျင်ဆိုင်ရာများ ၊ သမိုင်းကြောင်း
(ကဗျာဆရာဟာ ထိုမျှအထိငြင်းဆန်ပါတယ်)
ကဗျာဆရာ ဘယ်မှာလဲ ။
ကဗျာဆရာရှိခြင်းကို ငြင်းဆန်ပါတယ် ။
ကဗျာဆရာဟာ ကဗျာကို ငြင်းဆန်ပါတယ် ။
ကဗျာဟာ ကဗျာဆရာရှိခြင်းကို ငြင်းဆန်ပါတယ် ။
ရင်ခွင်ရှိန်း (FEPB)
Argumentative prose(စမ်းသပ်
Adminhttp://www.blogger.com/profile/18015811058345565953noreply@blogger.comtag:blogger.com,1999:blog-4544451361302093384.post-69579773497963764032013-03-22T09:32:00.000-07:002013-03-22T09:32:16.663-07:00ဥပမာ ... ခင်ဗျားသိပ်ချစ်ရတဲ့ မိန်းမကို သူများ Rape လုပ်သွားမှာကြောက်တဲ့ခံစားမှုမျိုး ။
ဥပမာ ... ခင်ဗျားသိပ်ချစ်ရတဲ့ မိန်းမကို သူများ Rape လုပ်သွားမှာကြောက်တဲ့ခံစားမှုမျိုး ။
လေးနာရီနဲ့ နှစ်ဆယ်ကွက်တိ ... ။
သံချေးတက်နေတဲ့ မျက်ဝန်းတွေ ကို ကွန်ဒုံး စွပ်ပေးစရာလိုမလား ... မင်းပဲ ဖြေလိုက်တော့ ဘာလား ။
မာကျောမှု = 0 , ပျော့ပြောင်းမှု = 0 ။
Art for fuck's sake! မှိုလိုလို ဒိုလိုလို တွေနဲ့ လည်း ဝေးအောင်နေ ။
Plato က အနုပညာသမားတွေကိုနိုင်ငံတွင်းမှ မောင်းထုတ်စေချင်ခဲ့တဲ့ပုံ ...။
စောက်တလွဲဂီယာကို တဆုံးထိုးမိပြီးမှ ... နင်းစရာ ဘရိတ်ဟာ လူ့အဖွဲ့အစည်းကြီးမှန်းသိ
အလာကောင်းပေမယ့်အခါနှောင်းသွားခဲ့ပါပြီတို့ ဘာတို့  ...
အထက်စီးဆန်တဲ့ မင်းရိုးသားမှုတွေလား ??? ဟက် ...
ဖြစ်နိုင်ရင် မင်းကို ကပ္ပလီ ပစ္စည်းတွေနဲ့ လက်ပွန်းတတီးနေကြည့်စေချင်တယ်
သစ္စာဖောက်တို့ သွားရာလမ်းမှာ သွေးချောင်းစီးသွားတယ်တို့ ဘာတို့ ....
စိတ်သေမှု ၊ တသီးပုဂ္ဂလ အတ္တလွန်ကဲမှု ၊ ဆန့် ငင်ဆန့်ငင် သံယောဇဉ် ... ဘာ ? ညာ
ငါ လာတုန်းက နင်မနိုးဘူးလေ ။
နင့်ရင်သားပေါ်ထိုးထားတဲ့ ငါ့နာမည်တက်တူးကို နောက်ဘဲက... အလှဖတ်သွားတယ် ... FUCK
ကိုင်ရိုက်ခွဲပစ်လိုက်ရမဲ့ သွေးကြောင်မှု ... ခဲလွတ်ဆင်ခြင်ဥာဏ်။
ဒီမှာလာကြည့် ... မီးဝိုင်းနေတဲ့ အရူး၊ ဘင်လာဒင်နဲ့ ခင်မာလွင်။
အိမ်ထပ်ခိုးလေးပေါ်ကနေ လရောင်အောက်က မျက်ဝန်းကို တိုးတိုးလေးနမ်းပါရစေ တို့ ...
အဲ့ဒီလို စောက်တလွဲပေါင်းများစွာပြီးမှ
ခရေပန်းလေးကို တောစီးဖိနပ်ကြီးနဲ့ နင်းချလိုက်တဲ့ နိမိတ်ပုံမျိုးတို့ ...
ဘာမှမရှိဘူး။ တစ်ကယ်ပြောတာ ...ကိုယ်တွေ့ဖူးတဲ့မိန်းမတွေဆီမှာ ဘာမှကို မရှိတာ။
ရင်ဖုံးအင်္ကျီ၊ ချိတ်ထမီအောက်က ကလပ်ညတွေ ... ချိုပါရဲ့လား အမိ
ခင်ဗျားသိပ်မြတ်နိုးရတဲ့ မိန်းမတစ်ယောက်ဟာ အခြားယောက်ျားတစ်ယောက်နဲ့ လိင်ဆက်ဆံနေတဲ့မြင်ကွင်းမျိုး မြင်တွေ့ဖူးပါသလား
သိပ်ကို နိုင်ငံခြားဆန်လွန်းတဲ့ Scene မို့ မျက်ဝန်းထဲကမထွက် ...။
အိမ်မွေးခွေးလေးက ကိုယ့်ကို လာကိုက်ဆွဲ ။ မင်းမျက်ဝန်းထဲကကြောက်လန့်တကြား Half-feel ကို ကိုယ်ခံစားကြည့်ချင်တယ်။
တောက် ....။
ရင်ခွင်ရှိန်း
Adminhttp://www.blogger.com/profile/18015811058345565953noreply@blogger.comtag:blogger.com,1999:blog-4544451361302093384.post-75938479145861922032013-03-22T09:29:00.004-07:002013-03-22T09:29:34.227-07:00လိပ်ပြာလေးတွေပျံဝဲနေတဲ့ ဥယျာဉ်ထဲ ကျနော်တစ်ယောက်တည်း ပိုက်ကွန်ကိုင်ထားခဲ့မိတယ်တဲ့။
လိပ်ပြာလေးတွေပျံဝဲနေတဲ့ ဥယျာဉ်ထဲ ကျနော်တစ်ယောက်တည်း ပိုက်ကွန်ကိုင်ထားခဲ့မိတယ်တဲ့။
ဆေးလိပ်ငွေ့တွေရှုရှိုက်မိပြီး အမြင်အာရုံလွဲမှားသွားတယ်လို့ မင်းလိမ်နိုင်ပါတယ်
အင်္ကျီပေါ်မှာထင်ကျန်နေတဲ့နှုတ်ခမ်းနီရာတို့ သေသွားပြီ ။
မင်းရယ် ... ငါရယ် လက်ကျန်အသက်ရယ်
အားလုံး သေသွားခဲ့ကြပြီ။
မင်းမငိုခင် ငါက သေသွားရမှာ ။
ကမ္ဘာ့စွမ်းအင်သုံးစွဲမှုပြဿနာ၊ နျူးကလီးယား သတင်း ၊ ခေါင်းကိုက်ပျောက်ဆေး
ဒါတွေကို စီးကရက်ဖင်စီခံတွေလို ငါတောက်ချထားခဲ့လိုက်ပြီ
လေးနှစ်လောက်ဂါနေတဲ့ ယောက်ျားတစ်ယောက်ရဲ့တပ်မက်မှုတွေက
ပွန်း ဆိုက်တွေဝင်ပြီး ကိုရီးယား နဲ့ထိုင်းမလေးတွေပုံရဲ့ Like ခလုတ်အပေါ်မှာကလဲ့စားချေပစ်တယ်။
မင်း ရင်သားကြားထဲ ထိုးထည့်သွားတဲ့စောက်ရေးမပါတဲ့ ငွေကြေးနဲ့ ကိုကင်းတွေကိုထားပြီး ပြန်လာခဲ့လိုက်တော့။
အသိဥာဏ်ကို ညာညာပြီး ကစားကြည့်မိတယ်။
သက်တူရွယ်တူတွေနဲ့ ငါ့ကိုနှိုင်းယှဉ်ပြီး ငါ့ကို ပစ်ချမထားခဲ့ကြပါနဲ့။
နေ့စဉ်ကြုံတွေ့နေရတဲ့ လူတွေရဲ့ မျက်လုံးစိမ်း တွေကို ငါ ခါးတယ်။ ငါ့ကို သနားပါ။
နာကျင်တဲ့စိတ်ဟာ အစောဆုံး ပန်းဝင်လာတယ်။
အနုပညာလည်း မလိုအပ်ဖူး။ လူတွေလည်း မလိုအပ်ဖူး။ ဆိုက်ကို ထိနေတဲ့ အခေါ်အပြောတွေကိုလည်း မလိုအပ်ဖူး။
Ring Tone မြည်သံကို ဗုံးတစ်လုံး ပေါက်ကွဲခါနီးအချိန်လို အရသာခံကြည့်မိတဲ့စိတ္တဇ ။
လူတွေဟာဖောက်ပြန်နေကြတယ်။ နည်းပညာတွေ သုံးတော့ ဖောက်ပြန်မှုတွေဟာ ပိုချိုမြိန်လှပလာကြတယ်။
တဆစ်ဆစ်ကိုက်ခဲနေတဲ့ အပေါ်ယံလူမှုရေးအပြုံးတွေ ။
လူတွေကို ဒုက္ခအများကြီးပေးပြီးမှ သေသွားတဲ့လူတစ်ယောက်ဖြစ်ချင်တဲ့ အစွန်းရောက်စိတ်။
ခု ဆို တာလီဘန်တွေကို မမုန်းတော့ဘူး။ အသေခံဗုံးတွေ ပိုက်လွယ်ပြီး လူအုပ်ထဲပြေးဝင်ခဲ့ရတဲ့ လူတွေကို မမုန်းတော့ဘူး။
အပြစ်မဲ့သူတွေ ဆိုတဲ့ စကားလုံးကို သံသယ စိတ်နဲ့ဖတ်မိတတ်လာ။
ငါ့ကို နှိမ်ဆဲကြတော့မှာ ။ အခွင့်အရေးကို ချောင်းမြောင်းနေတဲ့ ကျည်ဆံတွေနဲ့ တရစပ် ပစ်ခတ်ကြတော့မှာ။
ရေများရာ မိုးရွာ IDEOLOGY နဲ့ ခင်ဗျားတို့ Society ဟာ မသမာကောင်။ မုဒိန်းကောင်။
ကျော့ကွင်းထဲ ချပေးထားတဲ့ မေတ္တာတရားနဲ့ ခင်ဗျားတို့ဟာ လူအုပ်နဲ့လုပ်ကြံသူတွေ။
ငါ့ ကိုယ် ငါ ကြောက်ရွံ့လာတယ်။ ငါဟာ အသေလေး အဖြစ် မွေးခဲ့ရင် သိပ်ကောင်းမှာ။
ငါ့တစ်ယောက်တည်းနေထိုင်မှုကို ဘယ်သူက မီးခိုးဗုံးပစ်ထည့်ပြီး အတင်းဝင် ထိုးစစ်ဆင်သလဲ။
လူတွေရဲ့ စိတ်ဝင်စားမှုကို မျှားယူတဲ့ ဇာတ်လမ်းတွဲတွေကို မုန်းတယ်။
အသက်ရှင်ဖို့သက်သက် စားသုံးနေရတဲ့ အစားအစာတွေဟာ ငါ့ လျှာကို rape လုပ်။
အမြင်သက်သက်နဲ့ မမှီမကမ်းလှမ်းဆွဲလိုက်မိတဲ့ အချစ်ဆိုတာလည်း
ဓါးတစ်ချောင်း အဖြစ် ငါ့လက်ချောင်းတွေကို ထိုးစိုက်ချပစ်လိုက်တော့တာပဲ။
ဒါကို ခင်ဗျားတို့က အသဲကွဲပြီး ရမ်းကားနေတဲ့ လူငယ်လို့နာမည်ပေးလိုက်ကြတယ်။
ကျေးဇူးတင်တယ်။
ရင်ခွင်ရှိန်း
Adminhttp://www.blogger.com/profile/18015811058345565953noreply@blogger.comtag:blogger.com,1999:blog-4544451361302093384.post-9527158361616183362013-03-22T09:29:00.001-07:002013-03-22T09:29:08.924-07:00(မြင်လိုက်မိတဲ့ အသံဟာ ဗလာဖြစ်နေတယ်)
(မြင်လိုက်မိတဲ့ အသံဟာ ဗလာဖြစ်နေတယ်)
ပြည်လမ်းပေါ် မှာ ခြေထောက်တွေပဲ့ကျ
လျှာပေါ်ကခုတ်မောင်းလိုက်တဲ့မသတီစရာအသံနဲ့ 
ပွဲစားခါးကြားက ဖုန်းသံဟာ အလန့် တကြား
ဒုက္ခကို အတိုးနဲ့ ချေးငှားမိသလို ...
လူကြမ်းတွေလည်း ချွေးတွေရွှဲလို့  ။
ကဒ်
အ၀ါကဒ် ၊ အနီကဒ်
အ၀င်အထွက်ညက်မှ ဆိုတဲ့ ဘီယာခွက်တွေကြား
သွားကြားညက်သွားတဲ့ အဆိုတော်မလေး
လည်ပင်းမှာ တည်းခိုခန်းကြီးအစွပ်ခံလိုက်ရသလို ။
လည်ချောင်းထဲမှာ မျိုချလိုက်တဲ့ တံတွေးသံက
ပေါင်တံဖြူဖြူတွေကြားမှာ ကလူကျီစယ်ကြ
"တောက်" ခေါက်ပစ်လိုက်တဲ့ သံချေးတက်သံဟာ
ပြည်လမ်းပေါ်မှာ လျှံကျ
ညဟာ မိန်းမပျက်ချွတ်ချလိုက်တဲ့ နောက်ဆုံးအ၀တ်စလို ။
ကြားလိုက်မိတဲ့ အရသာက
ဘယ်သူနဲ့ မှဘာမှမဆိုင်လိုက်ဖူး
ခု ဆင်းစရာ အိမ်ကို လေဟာနယ်ထဲဆောက်ပစ်လိုက်တယ် ။ ။
ရင်ခွင်ရှိန်း
Adminhttp://www.blogger.com/profile/18015811058345565953noreply@blogger.comtag:blogger.com,1999:blog-4544451361302093384.post-75379588249896135492013-03-22T09:27:00.003-07:002013-03-22T09:27:50.371-07:00ဧဒင်မှာသူတို့ စားကြမဲ့အသီးကိုဝှက်လိုက်ပြီ ။
ဧဒင်မှာသူတို့ စားကြမဲ့အသီးကိုဝှက်လိုက်ပြီ ။
ဧဒင်မှာသူတို့ စားကြမဲ့အသီးကိုဝှက်လိုက်ပြီ ။
ဘုရားသခင် လဲ မလာတော့ဖူး ။ အဲလေ ... မသေတော့ဖူး ။
အမှန်တော့ ဘုရားသခင်ကတစ်ကယ်မလာတော့တာပါ ။ သူစိတ်ညစ်သွားတယ် ။
သူ့ အကြံကို လူတို့ လက်ဦးသွားတယ် ။
အာဒံကဧ၀ဆီကနေ နံရိုးတစ်ချောင်းအကြွေးရစရာရှိတယ် ။
သူမဆီကနေ စံပယ် တစ်ပွင့် အကြွေးရစရာရှိတယ် ။ ခင်ဗျားဆီကနေ အသက်တစ်ချောင်း ရစရာရှိတယ် ။
လိင်ဆက်ဆံမှု လိုအပ်တယ် ။ လူ အချင်းချင်းဆက်ဆံတာနဲ့  လိင်အချင်းချင်းဆက်ဆံတာဘာများကွာလဲ။
ဘယ်နားကွာလဲ ။ ဘာနားကွယ်လဲ ။ မကွယ်ပါဖူး ။ ကွယ်စရာမလိုဖူး ။ ကူစရာရှိလဲ မလွယ်ဖူး ။
သုံးချောင်းထောက် ( ပလောက် ... ပလောက်)
လေးချောင်းထောက် (အသံမမြည်တော့ချေ)
ကျိန်းသေပါတယ် ။ ခင်ဗျားရိုင်းမှာပါ ။ ဖလာချီ ဂွမ်းမှာပါ ။
အယူဝါဒနဲ့  ၀ါဒကိုယူတဲ့ အယူ လူလူသူသူ မသိသမျှ ခင်ဗျားရိုင်းနေမှာပါ ။ ပြီးတော့ ကျနော်လဲရိုင်းနေမှာပါ။
ဆိုကြပါစို့ ။ ဆဲကြပါစို့ ။
ငယ်နာမည် က ဖိုးထောင် အမျိုးတောင်မရှောင်ဘူး ။
စကားမစပ် တိမ်တဲ့လူတွေ နဲ့ မဆက်ဆံနဲ့ ။
တူတဲ့လိင်တွေနဲ့ တော့ ... ခင်ဗျားသဘောပေါ့ ။
မိုက်ခဲပြီး အားရပါးရ *ဆက်ဖတ်... ဆက်ဖတ်* ။ ကျနော်နားကြားမှားသွားတယ် ။ ခင်ဗျားနားကြားမှားသွားတယ်။
ပျော်ဝင်သွားတယ် ။ ပုံစံခွက်ထဲ ခုန်ချသွားတယ် ။
သူမ ၀မ်းနည်းပက်လက်ပဲ ။ ကျနော် က ၀မ်းနည်းမှောက် လျှက်(ရက်) ပဲ ။
အဲ့ဒီမှာ အာဒံက ဧ၀ ဆီက နံရိုးတစ်ချောင်း မတောင်းတော့ဖူး ။
ဝှက်လိုက်တဲ့အသီးကလဲ ကြီးကြီးလာ ။
*အ........*
အာဒံ အန် ! ...(တာ)(ဒါ)များ မြင်တောင်မကောင်းဖူး ။
လိင် ကိုလိုနီလုပ်တာ ဟာ အပြစ်တစ်ခုလား ။
ဒီကစားပွဲ ကျနော်ရှုံးတယ် ။ ခင်ဗျားရှုံးတယ် ။ ဒီတော့ ကစားပွဲက နိုင်သွားတယ် ။
ဘုရားသခင် လဲ မလာတော့ဖူး ။ သူ လာစရာအကြောင်းလဲမရှိတော့ဘူး ။
ဘာလို့ လဲဆိုတော့ ဧဒင်မှာ သူတို့ စားကြမဲ့အသီးကို ၀ှက်ခဲ့လို့ ....။ ။
ရင်ခွင်ရှိန်း (fepb)
Adminhttp://www.blogger.com/profile/18015811058345565953noreply@blogger.comtag:blogger.com,1999:blog-4544451361302093384.post-85648728475771791152013-03-22T09:26:00.000-07:002013-03-22T09:26:21.335-07:00Third person ကိုယ်တိုင်တောင် မင်းရဲ့ ရင်သားကို ခိုးခိုးကြည့်နေမိတယ်။
Third person ကိုယ်တိုင်တောင် မင်းရဲ့ ရင်သားကို ခိုးခိုးကြည့်နေမိတယ်။
ရုပ်ရှင်ကားထဲက ခိုးယူထားတဲ့ လမ်းခွဲ Idea ။
မင်းကို သူက နှုတ်ဆက်ပြီးတာနဲ့ အဝေးပြေးကားဝင်းထဲ အရူးတစ်ယောက်လို မြူးတူး အော်ဟစ်
အမျိုးသမီးတွေရဲ့ ဦးနှောက်တည်ဆောက်ပုံဟာ ပိုရှုပ်ထွေးတယ် ။ ဒါကြောင့် မင်းတွေးနိုင်တယ်။ မင်း မမှားဘူး။
မင်းရဲ့ အဖေဟာ လူမှုရေးဖောက်ပြန်တယ်။ မင်းရဲ့အစ်ကိုဟာ မင်းမျက်စိရှေ့မှာတင် သူ့ဆော်နဲ့လိင်ဆက်ဆံတယ်။
ခြေချောင်းလေးတွေကုပ်ကွေး တံခါးရွက်ကို အဓိပ္ပာယ်မရှိ ဆုပ်ကိုင်ညှစ်ပစ်လိုက်မိတဲ့အခါ။
လက်ကို နောက်ပြန် ကြိုးတုပ်ပြီးမှ အဓိပ္ပာယ်ရှိသွားမဲ့ ကြင်နာမှုမျိုး ။
၂၁ ရာစုမှာ ရန်သူရဲ့ သူလျှိုဟာ မိမိရဲ့ ရိုးသားမှုပဲ။ မင်း လက်သည်းတွေ virus ကိုက်နေတယ်မှတ်လား။
တစ်ယောက်တည်းနေရင် အမဲလိုက်ဗုံသံတွေကြားသလိုလို။ ရုပ်ရှင်ကြည့်မိတော့ Triangle
သူနဲ့ first time တုန်းက မင်းရဲ့ naked ခန္ဓာကိုယ်ကို သူမြင်မှာသေမလောက် ကြောက်ခဲ့ဖူးတဲ့ မင်း။
လူဟာ တိရိစ္ဆာန်ပဲ ... *မဲ့ ပြော* ။ လူ့အဖွဲ့အစည်းရဲ့ တံတွေးခွက်လေးထဲမှာ အင်တာနက်က မင်းပုံလေးတွေ မျောလို့ ။
ခပ်ညံ့ညံ့လူတွေရဲ့ လမ်းခွဲခြင်းမှာ ပြန်ပေးတဲ့လက်ဆောင်တွေ၊ မီးရှို့လိုက်တဲ့ ဓါတ်ပုံတွေနဲ့။
မင်း အတွင်းခံထဲ မြွေပေါက်စကလေး ၀င်နေသလိုပေါ့။
နာမကျန်းချင်ယောင်လည်းမဆောင်တတ်၊ မျက်နှာလည်းမပြောင်တတ်။ ဒါဆို လူတွေနဲ့ မင်းဘယ်လိုမှ ဖြစ်မှာမဟုတ်ဘူး။
ကျမ စဉ်းစားတယ်။ ကျမ သေပစ်လိုက်ရရင်ကောင်းမလား။ ဘယ်သူမှမပိုင်ဆိုင်တဲ့ ကျမရဲ့ကိုယ်ပိုင်သေခြင်းတရား။
လူ ကို လူ လို့ တွေးဖို့ ပြောတဲ့ လူတွေ အများကြီးသေသွားခဲ့ကြပြီ။
I won't give up လို့အော်ပြီး လူတွေအများကြီး တိုက်ပေါ်က ခုန်ချသွားကြတယ်။
ဆီလီကွန်ရင်သားကို ကိုင်မိပြီး ရူးသွားတဲ့ နှုတ်ခမ်းဖျားတွေ။ ဖြစ်ချင်ရင် ဖြစ်ဆိုပြီး
လက်ကောက်ဝတ်ကို ဓါးနဲ့လှီးလိုက်တဲ့ဟာသ။
အဖေကို ဒယ်ဒီလို့ ကျောင်းက အင်္ကျီဖြူဖြူနဲ့ ကောင်လေးခေါ်တာကြားဖူးတယ်
မြင်ကွင်းထဲမှာ လာရပ်တည်နေမှတော့ မင်းမြင်ရတော့မှာပဲ ။
အိုး ... ကျမ ...ကြိုက်တယ်။ ကြိုက်တယ်။ (ဒါဟာ ဒီအချိန်မှာ ပြောရမဲ့စကားမဟုတ်ဖူး)
သူတို့ ပါးစပ်ဖွင့်သွားပုံမှာ မင်းဟာ ကြောက်စရာကောင်းအောင်ဆွံ့အပစ်ခဲ့။
ဓါးနဲ့ ထိုးလဲသေပါတယ်တဲ့ ။ သူ့ ကို ကင်မရာထဲ ဆွဲမထည့်ခဲ့ဖူး ။ လိင်စိတ်မရှိခဲ့ဖူး အစ်ကို ။
စာရိတ္တသရေပြားပေါ်မှာဝံပုလွေတွေနဲ့ဖောက်လွဲဖောက်ပြန်။
ဒီည မိန်းကလေး တစ်ယောက်မဟုတ် တစ်ယောက်နဲ့ လိင်ဆက်ဆံခဲ့ပြီး မင်းဆီမှာပေါ်လာတဲ့ အာရုံခံစားမှု လေချဉ်။
ကျမ မှာ ခု ဂုံးထိ နေပြီ။ ဘယ်သူက ဆီးကြိုပွေ့ဖက်မှာလဲ။
ဘယ်သူ့ကိုမှ မေးခွန်းမထုတ်ရင် ဘယ်သူကမှ လိမ်ညာတဲ့အဖြေမျိုးကို ပေးစွမ်းနိုင်မှာမဟုတ်ဘူး။
သူက ပြောတယ်သိလား။ ကျမ အသုံးချတာခံရအောင်သူက ဇစ်ပါတဲ့ ငှက်ပျောသီးမဟုတ်ဘူးတဲ့။
သူရဲ့ မျက်လုံးတွေကို ထွင်းဖောက်ပြီး ကြည့်တတ်ဖို့ ကျမဦးနှောက်က အချက်မပြခဲ့ဖူး။
သူမရှိဖူးဆိုတဲ့အတွေးက သိပ်အလုပ်လုပ်တယ်။ လူ့ဘ၀ရဲ့အရသာ အစစ်ကဘာလဲ။
မေးခွန်းတွေအများကြီးမေးပြီး ဘာအဖြေမှရမသွားတဲ့ လူရဲ့ အသက်ရှင်မှုကို ဘယ်လောက်နဲ့တန်ဖိုးဖြတ်သင့်လဲ။
ဘ၀လေးတွေကို space လေးခြားကြည့်။
ကျမ အခု global ဖာ ဖြစ်နေရပြီ။ DNA လည်း ကျမ ကိုမကယ်နိုင်တော့ဘူး။
FB ပေါ်တင်ပြီး မျက်ရည်နဲ့ရေးတဲ့ status ကို သူကိုယ်တိုင်တောင် လာ Like လုပ်သွားသေးတယ်။
သူမ မှာဟိုဒင်းလိုပဲ။ လင်လည်းလိုချင်တယ် ... ဟိုဟာ ကိုလည်းကြောက်တယ်နဲ့
မျက်ရည်ထဲက အပြုံးလေးတစ်ပွင့်က လမ်းထောင့်ချိုးမှာ ၀င်တိုက်လိုက်မိတဲ့ ကော်ဖီည။
လူဟာ ဒီလိုပဲ။
Third person ကိုယ်တိုင်တောင် မင်းရဲ့ ရင်သားကို ခိုးခိုးကြည့်နေမိတယ်။
ရင်ခွင်ရှိန်း
Adminhttp://www.blogger.com/profile/18015811058345565953noreply@blogger.comtag:blogger.com,1999:blog-4544451361302093384.post-12647973215523377002013-03-22T09:25:00.002-07:002013-03-22T09:25:22.746-07:00ဒီနေရာဟာ ယုံကြည်ခြင်းမဲ့ ကလေးတွေရဲ့စွန့်ပစ်ခံအိမ်ရာ။
ဒီနေရာဟာ ယုံကြည်ခြင်းမဲ့ ကလေးတွေရဲ့စွန့်ပစ်ခံအိမ်ရာ။
ငွေကြေးမဖြစ်တဲ့ အနုပညာဆာငတ်မှုတွေ ။
ဟိုဟာမကလည်း ကျမရဲ့ ၀တ္ထုထဲမှာတောင် ရှင်ဟာ လူယုတ်မာနေရာတည့်တည့်မှာရပ်လို့တဲ့
ကမ္ဘာရဲ့ပထမဦးဆုံး မုဒိန်းမှု ကို အမျိုးသမီးတွေက စတင်ပြုကျင့်ခဲ့။ Anti-Feminist ၀န်ခံခြင်း။
ရှေ့ဖြစ်ဒုက္ခရဲ့အစာအိမ်ထဲ နာနိုစက်ရုပ်ငယ်လေးတွေနဲ့
ရတောင့်ရခဲ ရုန်းကန်မှုတွေကို ဆေးထိုးပြီးကြီးလာတဲ့ ...ဟိုဘာလဲ ကိုယ်မေ့သွားလို့ ... ကိုမာ။
ဒါမျိုး လူလည်ကျလို့ရမလား ပြောပြော...ဘာလဲပြော ဆိုတဲ့ နှုတ်ခမ်းနီလေးထဲ ပျော်ဝင်လို့ ...
သူတို့ ဆီက BLOW JOB ကို ဒီမှာ အောင်မြင်စွာ သုံးစွဲနေကြ။
သူတစ်ခါပဲလူသတ်တယ်။ ဒါပေမယ့် တစ်သက်လုံးလူသတ်သမားဖြစ်ရော
ပျော်စရာရွှင်စရာ လူ့ကမ္ဘာ
ဆိုတဲ့ ...
မွန်မြတ်လှပါတဲ့ hymn တွေ
ism တစ်ခုခုမှမဟုတ်ရင် စောက်သုံးစားလို့မရတော့ဘူးထင်တဲ့ ideology တွေ
သေသွားတဲ့သူတွေကို ကိုးကွယ်ပြီး ရှင်နေတဲ့ သူတွေကိုသတ်ရမလား
အို !!!
ဘာသာရေး crisis တွေ။
သွေးကြောထဲမှာ ၀င်ရောက်ခွေဝင်ပြီး ပေါက်ပြဲသွားတဲ့ ၀ါယာကြိုးလေးတွေကနေ
အသားချင်းမထိလိုက်ရပဲ ရသွားတဲ့သန္ဓေသားအထိ ဘုရားနဲ့ မဆိုင်လိုက်ရလို့ anti-science ကော်မာ
God is everything လေးတွေ ။
သမိုင်းဟာ ကျင်ငယ်ရေပဲ။ ကိုယ် အဲ့ဒီလိုသဘောထားတယ်။ လူငယ်တွေသေပြီး လူကြီးတွေပြောစရာများချန်ခဲ့ခြင်း။
ဟက်ဟက်ဟက်ဟက်ဟက် ........
နာတာရှည်ကြောက်စိတ်တွေ။
Evolution ပါလို့ ပြောပြီး တစ်ချိန်လုံး ကိုယ့်စိတ်ကို Revolt ပြန်ပြန်လုပ်ကြည့်နေတဲ့ အသွေး အသား
အမှန်တရားအကြောင်းပြောတဲ့သူတွေကို ကိုယ် စောက်ရမ်းကြည့်မရဘူး
လူ့ အဖွဲ့ အစည်းရဲ့ အော့အန်ချင်စရာ မျက်နှာဖုံးစွပ်တွေ
ခွေးရူးကောင်းစား တစ်မွန်းတည့်ပါဆိုတဲ့ လိင်နံ့ ထွက်နေတဲ့ ပါးစပ်တွေ
လူတွေကြားထဲမှာနေတဲ့ ဗီဇကွဲတွေကို ဘုရားစင်ပေါ် ကိုယ်တင်ထားလိုက်တယ်
အိပ်ဆေးတွေဟာ လူငယ်တွေရဲ့ မျက်ကြည်လွှာထဲက လွတ်မြောက်မှုတစ်ခု
သူမ စစ်တွင်းမှာ မုဒိမ်းအကျင့်ခံရတုန်းက နောက်ဆုံးမျှော်လင့်ခဲ့တာက ကွန်ဒုံးတွေဖြစ်မှာပဲ။
ကျေးဇူးတင်
ချီးမွမ်း
ဝါယာရှော့ရိုက်ပြီး မောင်းရမဲ့ ဦးနှောက်
လျှပ်စစ်တွေစီးဝင်မှ မျောပါလာမဲ့အသံ ၊ နာကျင်မှုတိုင်းထွာရေးစက်
အင်တာနက်က အောပုံတွေကို လူကြီးတွေက ခိုးကြည့်တယ်။ ပြီးတော့ တရား ရကြတယ်။
Better life ဟာ Capitalist တွေရဲ့ အိုက်ဒီယာတွေနဲ့  ပေါင်အထိလှန်ပေးထားတဲ့ ပိုစတာကိုကြည့်ခြင်း
လူတစ်ယောက်ပေါ်ပြုံကျလာတဲ့ အမြင်ဟာ ဖက်ရှင်။
မင်း ထားသွားမှ နေ ဆိုတာ မီးလောင်နေတဲ့ဂြိုလ်မှန်း ကိုယ်သိတယ်။ အဲ့ဒါဆို မှောက်လိုက်လေ ...။
ငြိမ်းချမ်းရေးအတွက် လက်ဝှေ့ပွဲ
အာဖဂန်လက်ဝှေ့သမား ဟမ်မစ်ရာဟီမီနဲ့ တန်ဇန်နီးယားလက်ဝှေ့သမား ဆာအစ်အမ်ဘယ်ဝါ ။
ဦးသိန်းစိန်၊ဒေါ်အောင်ဆန်းစုကြည်တို့ထက် ပိုစိတ်ဝင်စားစရာကောင်း၊ အရေးကြီးတဲ့ ကိုယ့် ညနေစာ။
လူရိုင်းတွေမှာလည်း သူတို့ ရဲ့ စံနှုန်းနဲ့ သူတို့ ယဉ်ကျေးမှုရှိတယ်။
ဘ၀ဆိုတာ ကြီးကျယ်တဲ့ ရှုမျှော်ခင်း။ လူက လျှောက်လှမ်းသွားရတယ်။
ရင်ခွင်ရှိန်း
Adminhttp://www.blogger.com/profile/18015811058345565953noreply@blogger.comtag:blogger.com,1999:blog-4544451361302093384.post-30474261591228078032013-03-22T09:24:00.001-07:002013-03-22T09:24:33.866-07:00သူတို့ရဲ့ပန်းချီကားမှာ ခရမ်းရောင်လွန်ကဲမှု
သူတို့ရဲ့ပန်းချီကားမှာ ခရမ်းရောင်လွန်ကဲမှု
သူက ပြောတယ်
မင်းက သူ့ရဲ့မျက်ရည်စက်တဲ့
သူကမင်းအတွက်တော့ တမင် လုပ်ရီရတဲ့ ဟာသထက်အဆင့်မြင့်တယ်ဆိုလားပဲ
လွန်ခဲ့တဲ့ သုံးနှစ်ကို မင်းပြန်သွားရင်
နာကြင်ဖွယ်ရာတွေဟာ ထီလက်မှတ်အဟောင်းတွေလို
သူက မင်းအတွက် စစ်ကျန်ဗုံးတစ်လုံးလို
ရှောင်လွှဲမရလို့ မင်းတို့ တိုးတိုက်မိကြတယ်
အန္တရာယ်ကို အဆိပ်ဖြေဆေးလိုသုံးမိကြတယ်
တစ်ယောက်နဲ့ တစ်ယောက်ဝေးသထက်ဝေးအောင်ကြိုးစားရင်း
တစ်ယောက် သတင်းကို တစ်ယောက်က အမြည်းလုပ်တယ်
ကျန်တစ်ယောက်က တစ်ဦးပိုင်သီချင်းလိုနားထောင်တယ်
တစ်ယောက်ကိုတစ်ယောက် ဝေးကွာပစ်လိုက်ဖို့ရာ အကြောင်းအရာသိပ်မလိုဘူး
တိုက်ဆိုင်မှုလို့အဓိပ္ပါယ်ဖွင့်ပြီး အပြုံးတွေပေးကြတယ် စကားလုံးတွေရွေးကြတယ်
ခပ်တုံးတုံးဓါးတွေနဲ့ သူက သူ့စိတ်ကိုကြိတ်လှီးပစ်တယ်
မင်းက လက်သည်းဆိုးဆေးကို ရောင်စုံသုံးတယ်
ဘယ်သူမှမကျော်မဲ့ စည်းကို မင်းတို့တားတယ်
နာကြင်မှု ကို အခန်းထဲသွင်းပြီး အတ္တရဲ့လွှာစာမှုန့် ကိုကြင်နာခြင်းလို့အသံထွက်တယ်
တစ်ယောက်က အဝေးကြီးသွားတယ်
တစ်ယောက်က ပြန်မလာမဲ့လမ်းက စောင့်တယ်
တစ်ယောက်က ခံစားမှုအသေနဲ့ ရှင်သန်ခြင်းပန်းချီကားကိုရေးတယ်
တစ်ယောက်က တိတ်ဆိတ်မှုကို ပုံတူပွားတယ်
မင်း ဟာ အပွင့်နှေးခဲ့တဲ့ ပန်း
သူက အနည်ထိုင်နေခဲ့တဲ့ ရေ
မင်းတို့ဆုံတိုင်း ဝေးကွာခြင်းအကြောင်းပဲပြောတတ်လို့
ငိုအားထက် ရှိုက်အားပါ ပိုခဲ့
မင်း အတွက် သူက ထာဝရ အာမခံနဲ့
သူ့အတွက် မင်းက တစ်သက်တာနှုတ်ထွက်စာနဲ့
ဝေးမလိုလိုနဲ့ တစ်ကယ်လည်းဝေးခဲ့ကြ …
နိမိတ်မကောင်းတဲ့ အိမ်မက်ကို အထပ်ထပ်မက်ခဲ့ကြ
တစ်ယောက်က အလုံပိတ်သော့ခတ်ထားချိန်မှာ
တစ်ယောက်က မျှော်လင့်ခြင်းကို မီးမွှေးခဲ့ရ
မင်းတို့ ခုပြန်တွေ့ကြတော့
တစ်ယောက်က မိုးနည်းရပ်ဝန်း
တစ်ယောက်က အတိတ်ကိုပြန်ကြည့်ဖို့ထိုးထားတဲ့ လင့်စင်။
ရင်ခွင်ရှိန်း
Adminhttp://www.blogger.com/profile/18015811058345565953noreply@blogger.comtag:blogger.com,1999:blog-4544451361302093384.post-53837784050606216232013-03-22T09:23:00.000-07:002013-03-22T09:23:45.755-07:00ချစား slang ဟာ km/hr နဲ့ ကိုယ်တို့မြို့ပေါ်က monologue curse
ချစား slang ဟာ km/hr နဲ့ ကိုယ်တို့မြို့ပေါ်က monologue curse
ဟိုး ခပ်ဝေးဝေးကို ရောက်နှင့်နေပြီလား သလင်း?
နေ့စဉ် trauma ထမင်းဟင်းထဲ ဟင်းလင်းပြင်နောက်ခံနဲ့ ကိုယ်ဘာအတွက်တောင့်ခံနေရမှာလဲ
အရာအားလုံးရဲ့ anti- ။
စွဲမက်ဖွယ်ကိုယ်သင်းရနံ့နဲ့လမ်းလျှောက်ထွက်တတ်တဲ့ ညနေဟာ repeated existence
hallucination ကြောင့် ကိုယ့် nerves တွေက ကိုယ့်ကို ချောက်ချဖို့ချောင်းမြောင်း
အားလုံးမေ့လို့ရရင် ကမ္ဘာမှာပျော်စရာကြီးပဲ သီချင်းစာသားမှာ လူငယ်တွေရဲ့ သွေးမတိတ် date တွေနဲ့
ခပ်မြင့်မြင့်အဆောက်အဦးတွေဆီကနေ Pre-hist,BC, AD တွေအထိ recall ပြန်လုပ်မိခြင်းကစ
လူ့အဖွဲ့အစည်းနှုန်းစံ၊ ဖြစ်တည်မှုကိန်းညွှန်းတွေအတွက် ကိုယ်ဟာ auto-rape
သွေးသားရဲ့တောင်းဆိုမှုက technology updates နဲ့  လှမ်းလိုက်တဲ့ ကိုယ့်လက်ဟာ Infinity ဆီ
ဖြစ်နိုင်ရင် unconscious criteria တွေအထိ ကိုယ် ဖျက်ဆီးပစ်ချင်တယ်
နေ့စဉ်လူမှု့ဘ၀ထဲ ထလက်သွားတဲ့ Spark ဟာ ဘ၀များလောင်ကျွမ်းမှု အစွန်းထွက်
နှစ်လိုဖွယ်ရာအပြုံးမှာ discount အနံ့နဲ့ အပျိုစင်ရရှိနိုင်မှုဟာ ပေါက်မဲပေါ်မူတည်အနေအထားနဲ့
သောက်ရတဲ့ လက်ဖက်ရည်ခွက်ထဲ ideology crisis နဲ့
ငါတို့ဟာ လူငယ်တွေပါကွာ လို့ လေးလေးပင်ပင်ပြောမိပြီး ငေးမိကြ
ကြိုက်တဲ့ကောင်လာငြင်း ဆိုတာ ဟာသပဲ။
ငြိမ်းချမ်းရေးအတွက် စစ်လက်နက်တပ်ဆင်ခြင်း၊ ဥက္ကာခဲများ၊ မြေငလျင်များ ဒီသတင်းတွေကပိုပိုရယ်ရ။
apache တစ်ကောင်ရဲ့ ဦးနှောက်အပိုင်းအစတွေ ကတ္တရာလမ်းမပေါ်ထိ ကျဲပြန့်
တွက်ချက်မှု နဲ့ ခံစားမှု ကို left, right ။ ကိုယ့် ဦးနှောက်က အသေကြီး
အလင်းဟာ နာကြင်စရာအဖြစ် ကမ္ဘာဆီလာတယ်။
မသေချာမှုရောဂါ ဆိုတာ ဘ၀ ရဲ့လျှို့ဝှက်သည်းဖို ဇာတ်လမ်းလိုလို
arranged marriage တစ်ခန်းရပ် ကျန်ရစ်သူ အသဲကွဲခန်း လိုလိုနဲ့
သူတို့ရဲ့ရောင့်ရဲတင်းတိမ်မှုက
the labor of the slaves = the profits of the king စာတန်းထိုးနဲ့
ပထမဦးဆုံး မျက်ရည်တု ဟာ ပြုလုပ်ရခက်ခဲကောင်းခက်ခဲပါလိမ့်မယ်။
မှောင်အတိပုံသေနည်းနဲ့ ဘာတွေကို ခပ်ယူနိုင်ပါ့မလဲ?
မိုင်တိုင်တွေကို ဆွဲကျဉ်းပစ်လိုက်မိချင်တယ်။
တစ်ယောက်ကိုတစ်ယောက် နာကြင်တယ်ဆိုတာလည်း ကြားခံဖြစ်အင်တွေနဲ့
စွမ်းအင်တွေရှိတယ်ဆိုပြီး ကိုင်ထားခဲ့ဖူးတဲ့ လက်ဖ၀ါးဖြူဖြူလေးက
Bye Bye sign လေးလုပ်ပြသွားတဲ့အခါ ။
Hybrid အမှန်တရားဟာ ယုံကြည်မှုတန်ဖိုးပေါ်ထပ်ဆင့်တည်ဆောက်တာထက်ပိုတယ်။
မင်းပြောနေကျက ကျမက robot ၊ ရှင်က monologue ။
ရင်ခွင်ရှိန်း
Adminhttp://www.blogger.com/profile/18015811058345565953noreply@blogger.com