tag:blogger.com,1999:blog-45444513613020933842024-03-13T09:57:07.351-07:00မောင်သက်ဝေAdminhttp://www.blogger.com/profile/18015811058345565953noreply@blogger.comBlogger9125tag:blogger.com,1999:blog-4544451361302093384.post-3555180786478688052014-03-16T02:32:00.001-07:002014-03-16T02:32:00.142-07:00ဖြစ်တည်မှု/မရှိ/သက်သေပြချက်/မရှိ/စည်းရှိ/ဘောင်လွတ်/သို့/သော်
ဖြစ်တည်မှု\မရှိ /သက်သေပြချက်\မရှိ/ စည်းရှိ\ဘောင်လွတ် /သို့\သော်……..

ခန္ဒာကို တွေ့တောင်အရိပ်ကိုရှာဆဲခုချိန်ထိ ဝေနေတုန်းပဲလားနှင်းရယ်

လူဖြစ်ရကျိုးနပ်အောင် အမှောင်တွေကိုသွန်ချပြစ်ချင်ရဲ့

ညနေခင်းတွေဖြတ်ပြီးစိမ်းလန်းမယ်ဘ၀တွန်သံထဲ အလင်းသဲ့သဲ့စီးဝင်မယ်

ကိုယ့်ကြမ္မာကိုယ်ထုဆစ်ဖို့ရာဇ၀င်ကို ငန့်လင့်ခဲ့ရ

အနားသတ်မညီမှန်း ရိုက်ချက်တိုင်းကိုညှိခဲ့ရ

အိပ်ဖန်စောင့်ဘ၀ရဲ့ ငိုငြည်းသံည ကံကြမ္မာကို သတိုးသမီးအဖြစ်သိမ်းဆည်းခဲ့ရ

ခင်ဗျားတို့ထင်သလို ရိုးရှင်းပါတယ် ကဗျာတစ်ပုဒ်ပါ ဇာတ်လမ်းတော့မဟုတ်ဘူး

အနောက်တောင် ဆီက မြူတွေခပ်အအ ပွင့်ကျလာခဲ့တယ်

သူချက်ခြင်းထပြန်သွားတယ် ဟိုကိုင်းမှာ ဘာမှချန်မထားခဲ့ဘူး

ကိုယ်ခင်းတဲ့လမ်းကိုယ်ပြန်လျှောက်ဖို့ ဘာဟန်ရေးတွေပြနေရဦးမှာလဲတဲ့

ခေါင်းကိုမော့ပြီးရင်ကော့လိုက်တယ်

သူမေမေကသူ့ကိုသိပ်ချစ်တာပဲ နောက်ပြီးသူဖေဖေနဲ့သူဖိုးဖိုးက

သူတို့ထက်ပိုပြီးသူ့ကိုချစ်တယ် (ဒီနေရာကရိုက်ကွင်းကောင်းတယ်……..အခမဲ့ကြော်ငြာကဏ္ဍ)

အမှန်တရားလား ဟေ့ ….၀င်ခဲ့လေ ဟိုနားကခုံလွတ်နေတယ်

လူမရှိရင်ကျနော်ခဏ ယူ ပါရစေ…..

မှန်းစမ်း ငါ့မောင်………ဒဏ်ရာကတော်တော်နက်ပါလား

နှင်းစက်လေးက လေတိုးသံတွေကို ငဲ့ကြည့်ရင်းခပ်တိုးတိုးလေးငြီး ငွေ့မိ

လမ်းဖြတ်ကူးနေရင်း မီးပွိုင့်ချက်ခြင်းစိမ်းသွားတယ်

ဘာကိုမှ မမက်မောပါဘူး…..အရာအားလုံးကိုလွတ်လပ်စွာဆုံးရှုံးပြစ်လိုက်တာ

နောက်ဆုံးတော့ကျနော် နဲ့သူဘယ်တော့မှ မဆုံရာအရပ်ကို သတိတရ မှတ်တိုင်ထုစိုက်လို့ အဲဒီကမ္ဘာပတ်လမ်းမှာ အရံဂြိုလ်လို့ကိုယ့်ကိုယ်ကိုသတ်မှတ်ခဲ့တယ်။။။။။။။။။။။။။။

သက်​​ဝေ(အဖြူရောင်စွန်းတဲ့နှလုံးသားများ)

၇.၁.၂၀၁၂

Adminhttp://www.blogger.com/profile/18015811058345565953noreply@blogger.comtag:blogger.com,1999:blog-4544451361302093384.post-24292166517098533722014-03-14T05:00:00.001-07:002014-03-14T05:00:29.894-07:00ကျနော်နဲ့ဆယ်ပြား
ကျနော်နဲ့ဆယ်ပြား

"ချွင် "

ကနဲမြည်သံနဲ့

မတ်စေ့တစ်စေ့ရှေ့ကိုခုန်ချ

"ခေါင်း"

ချဉ်းပဲကျနော်

ကျပြစ်လိုက်တယ်

လေးထောင့်ဆန်ဆန်

မျက်နှာနဲ့

ခြေဗလာ၊ လက်ဗလာလူက

ခင်ဗျားသွားနိုင်ပြီတဲ့။ ။

သက်​​ဝေ

Adminhttp://www.blogger.com/profile/18015811058345565953noreply@blogger.comtag:blogger.com,1999:blog-4544451361302093384.post-56461157640152999622014-03-13T01:40:00.001-07:002014-03-13T05:04:38.234-07:00စောင့်မကြည့်ဖြစ်တဲ့ခြေလှမ်း
ကိုရင်ချမ်းရေ....

မြို့မှာကော့လားဆိုလား၊ LP ဆိုလား၊ Language Poetryဆိုလား

ကျုပ်ဖြင့်မခေါ်တတ်လို့လျှာယားလိုက်တာ

အဲဒါကြီးတွေတ၀ီဝီမြည်ပြီးပြေးလွှားနေလေရဲ့

သောက်မြင်ကိုကတ်ရောဗျာ..

ပြောရဦးမယ့်ဗျ.....ကိုရင်ချမ်းရ

ဟိုတစ်နေ့ကဗျာ   ကုန်းတစ်ဝက်၊ ရေတစ်ဝက်နဲ့ ဘာသာဗေဒခပ်ကြပ်ကြပ်မှာ

ကျုပ်ဖြင့်မော်ဒန်လား၊ မော်ဒယ်လားအဲဒီကကိုမတက်နိုင်ခဲ့ပါဘူး

ဒီကြားထဲခင်ဗျားတို့မြို့ကနွားတွေကမျက်မှန်နက်ကြီးတွေတပ်ပြီး

ရှုတည်တည်ကြီးရပ်လို့ ဟဲဗီးဂေါ်တယ်၊ ဟဲဗီးဂေါ်တယ်နဲ့တွန်သတဲ့

ကိုရင်ချမ်းရေ...

လူဆိုတာလန့်နိုးတတ်တဲ့အိမ်မက်ကိုမှစိုးရိမ်ထိန့်လန့်စွာခုံမင်တတ်သတဲ့လား

ကျုပ်လည်း ၃၁ ထပ်တိုက်ရဲ့ ၅လွှာမှာနေဖူးချင်လိုက်တာ

ဟိုငတိတွေလို စားချင်ထစား၊ သွားချင်ထသွား ပြီးတော့လေလည်လို့ "ဂွီ " ကနဲ့မြည်မှ

ကဗျာပါလို့ခေါင်းစဉ်ထတပ်ချင်ရှာသပေါ့

ကဗျာဆိုတာဘာလဲဗျာ...

ရင်ထဲကပွင့်ထွက်လာတဲ့သွေးစွန်းနေတဲ့စာရွက်တစ်ရွက်လား

ကိုယ့်ကိုယ်ကိုအတင်းအဓမသင်းကွပ်တာလား

မနိုင်မနင်းလွယ်ထားရတဲ့ကိုယ်ဝန်ဆောင်တစ်ယောက်ရဲ့ကလေးမွေးခြင်းတစ်မျိုးလား

လူ့ယဉ်ကျေးမှုကိုချိုးဖောက်တာလား စသည်ဖြင့်စသည်ဖြင့်ပေါ့ဗျာ...

အခုတစ်လော Neomodern နဲ့Nihilist တွေကိုကျုပ်ဖြင့်အခွင့်ရရင် တစ်ကြိမ်လောက်ခလုတ်တိုက်ချင်ပါသေးတယ်

ဘာပဲပြောပြောဗျာ........ အမှန်ကိုမလိုအပ်တဲ့အချိန်မှာ

အမှားဆိုတာလက်ခံသင့်တဲ့အကြောင်းခင်ဗျားကိုစောက်ဖောင်းထုတဲ့သူတွေရဲ့စိတ်ကို

နဲနဲလောက်ဘရိတ်တပ်ပေးပါ.........။။

-သက်​​ဝေ-

Adminhttp://www.blogger.com/profile/18015811058345565953noreply@blogger.comtag:blogger.com,1999:blog-4544451361302093384.post-56179242236931627212014-03-12T23:06:00.001-07:002014-03-12T23:06:42.229-07:00၂၀၁၃ ။ မတ်လရဲ့လက်ကျန်ဖြတ်စများးးး။
၂၀၁၃ ။ မတ်လရဲ့လက်ကျန်ဖြတ်စများးးး။

ပြက္ခဒိန်ပေါ်က ငါတို့ကခုန်ဖူးတဲ့ နေ့စွဲ တွေက အခုများကျ မလှပနိုင်တော့ဘူး။

လွန်ခဲ့သောသက္ကရာဇ်တွေဆီမှာ မင်းရယ်သံတွေကို ပြန်လိုက်ငင်နေရတာ

သုညတစ်လုံးတည်းရှိတဲ့ ကိုယ့်ဘ၀အသက်ရှင်သန်ခြင်းပဲ။

၂၀၁၃ ဆိုတာ ကိုယ့်ယုံကြည်မှုတွေကိုရိုက်ချိုးလို့ ကိုယ့်ကို ဖွဲမီးလိုလောင်ကျွမ်းစေတဲ့

သက္ကရာဇ်တစ်ခု။ မတ်လ ၂၆ ရောက်နေ့ဟာ တရားသူကြီး တစ်ယောက်ရဲ့စီရင်ချက်မျိုးနဲ့ ငါ့ကိုကြိုးပေးသတ်ခဲ့တယ်။ ဘယ်တုန်းကမှ တွက်ချက်မထားတဲ့ သင်္ချာပုစ္ဆာတစ်ပုဒ်လို

ငါရှင်သန်ဖွံ့ဖြိုးချိန်မှာ မင်းက မိုးဒဏ်လေဒဏ် ရာသီဥတုဒဏ်တွေကြား

အရိုးတွေပြိုင်းပြိုင်းကျတဲ့အထိ စိုက်ပျိုးထားခဲ့တယ်။

မေတ္တာတရားကိုဆာလောက်မွတ်သိပ်မှုအပြည့်နဲ့တိုကျိုမြို့လေးကိုလွမ်းတဲ့စိတ်ဟာ

နှစ်နာရီနဲ့မိနစ်သုံးဆယ် အကွာအဝေးက ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာ ၁၂ရာသီ လုံး

အလျား x အနံ အပြည့်နဲ့ဖြန့်ကျက်မောင်းနှင်ခဲ့ရတယ်။။

ငါကလည်း “အကို့ကို အရမ်းချစ်ပါတယ်” ဆိုတဲ့စကားလေးတစ်ခွန်းကို ပန်းနုရောင်အလှပန်းအိုးလေးမှာ

ပျိုးထားပြီး အိမ်တံခါးဝလေးမှာ တယုတရ ချိတ်ဆွဲထားခဲ့ရတာ။

ငါမဟုတ်တဲ့အခြားတစ်ယောက်နဲ့ လိင်ကိစ္စနဲ့ငွေကြေးကိုမျှဝေသုံးစွဲနေတာဟာ

ကိုယ်နမ်းရှိုက်ဖို့ ပွင့်ခဲ့တဲ့ သစ္စာနှင်းဆီပန်းတစ်ပွင့်လား koibito ။ နေ့တွေ ည တွေတိုင်းမှာ Guilty တွေ တရစပ်ပွင့်နေ တဲ့ ရင် က

အိပ်ယာနဲ့ကျောနဲ့ကပ်ပြီး ကိုယ့်ကို ယန္တရားတွေလို သတ်ဖြတ်တယ်။

ကိုယ်မိုက်မဲခဲ့ပါတယ်။ကိုယ်ရူးသွပ်ခဲ့ပါတယ်။ ကိုယ်ဟာ အချစ်ကို

ကိုးကွယ်လွန်းသူ တစ်ယောက်မို့ ချစ်ခြင်းမေတ္တာစစ်မြေပြင်မှာ တိတ်တဆိတ်

လုပ်ကြံခြင်း ခံလိုက်ရတာပဲဖြစ်တယ် koibito။

ကိုယ်ရေးတဲ့ကဗျာတစ်ပုဒ်ဟာ မင်းရဲ့ Xenomania ဖြစ်မှုကို

ကိုယ့်မျက်ရည်နဲ့ Decode လုပ်ထားတာ လို့ကိုယ်မဆိုချင်ဘူး။

ကိုယ်တို့ရဲ့အိမ်လေးဟာ ခုချိန်ဆို သူ့ကိုစွန့်သွားတဲ့ သစ္စာမဲ့သူသွားရာလမ်းမှာ ကိုယ်သင်းရနံ့လေးပြန်ရမလားလို့မျှော်နေခဲ့တုန်းပဲ ။

လူ့ပတ်ဝန်းကျင်ဆိုတာမီးများမီးနိုင်ရေများရေနိုင်။ အခုဆို နင့်အမေနဲ့နင်က သိပ်နုံတာလို့ လှောင်ရယ်ခံရချိန်မှာ

ဖေဖော်ဝါရီ ၁၄ ရက်နေ့ဟာ ကိုယ်နဲ့ကိုယ့်မိသားစုလေးကို လုံခြုံမှုမပေးနိုင်ကြတော့။

သက်ဝေ

၂၃။၂။၂၀၁၃

Adminhttp://www.blogger.com/profile/18015811058345565953noreply@blogger.comtag:blogger.com,1999:blog-4544451361302093384.post-81005395135808646142014-03-12T21:18:00.001-07:002014-03-12T21:18:40.435-07:00ကျနော်ခဏခဏစိတ်ကောက်တတ်တဲ့ကောင်မလေး
ကျ​နော်​ခဏခဏစိတ်​​ကောက်​တတ်​တဲ့​ကောင်​မ​လေး

ကျ​နော်​ခဏခဏစိတ်​​ကောက်​တတ်​တဲ့​ကောင်​မ​လေး

ကိုကို့ကိုစိတ်​မချဘူးလို့သူအမြဲ​ပြောတတ်​တယ်​။

အသက်​က ၂၃ နှစ်​ ​ခေတ်​သစ်​ယဉ်​​ကျေးမှု​တွေဆင်​ယင်​ထုံးဖွဲ့ အမှား​တွေနဲ့လည်းခလုတ်​လိုတိုက်​တတ်​တယ်​။

ကျ​နော်​စိတ်​​ကောက်​တိုင်းသူငိုတယ်​။

ကျ​နော့်​ကို​​ချော့ဖို့နည်းစနစ်​​တွေသူမသိ​ဘူး။

ကွန်​ဖြူးရှပ်​ရဲ့အ​တွေးအ​ခေါ်​​တွေသူမသိဘူး။

ကမ္ဘာကြီးလုံးတယ်​ဆိုတာသူမသိဘူး။

အိမ်​ဂျလီနာဂျိုလီ ရဲ့ချစ်​ခြင်း​မေတ္တာကိုသူမသိဘူး။

''ကျ​နော့်​ကိုချစ်​တာတစ်​ခုပဲသူသိတယ်​''

''က​လေးပဲမှားမှာ​ပေါ့ ကိုကိုသင်​​ပေးပါလား''

ဆိုတဲ့စကား​တွေပြန်​ခံ​ပြောတတ်​တယ်​။

တစ်​ခါတစ်​​လေရယ်​သံ​နှောပြီး

''ကိုကိုကတွင်းဝင်​​ဖြောင့်​တဲ့ကြွက်​တဲ့''(ကျ​နော်​မူး​နေစဉ်​)

ကျ​နော့်​မှာချစ်​သူဘယ်​နှစ်​​ယောက်​ရှိခဲ့ခန့်​မှန်းကြည့်​ပါလားလို့​မေးတိုင်း

မျက်​နှာ​လေးညှိုးပြီး ​''ကျမ မသိချင်​ဘူး''

က​လေးတစ်​​ယောက်​ရဲ့ရင့်​ကျက်​မှုမျိုးနဲ့

သူမသည်​ ကျ​နော်​ ညစဉ်​တိုင်း Repeat လုပ်​ရင်းကြည့်​တဲ့

Romantice Movie ​လေးပဲဖြစ်​တယ်​။

3 Dရုပ်​ရှင်​ကြည့်​မယ်​။

ဗေဒင်​သွားကြည့်​မယ်​လို့ပူဆာတိုင်း

စိမ်းလမ်းစို​ပြေထဲ ပြည်​သူရင်​ပြင်​ထဲ က

ကျ​နော့်​ရဲ့​အေးတိ​အေးစက်​အနမ်း​တွေ​​အောက်​မှာ

သူမစကား​ဟာအလိုလိုကျကျ​ပျောက်​ရတယ်​။

ကိုကိုမုန်းတီးတဲ့လူမှု​ရေးအဖွဲ့အစည်းကမျက်​လုံး​တွေကိုရင်​မဆိုင်​ရဲလို့ပါ။

ကျ​နော်​ခဏခဏစိတ်​ကောက်​တတ်​တဲ့​ကောင်​မ​လေးးးး

ကိုကိုတို့အတူ​လျောက်​ကြမယ်​ ဘယ်​အထိ​ရောက်​​ရောက်​​ပေါ့

ကိုကိုလက်​​တွေကိုကိုင်​ပြီး ​လောကဓံလှိုင်း​တွေလို ရဲ့ရင့်​​လိုက်​စမ်းပါ

ကျ​နော်​ခဏခဏစိတ်​ကောက်​တတ်​တဲ့​ကောင်​မ​လေးးးး

သက်​​ဝေ

၁၀ ​၂ ၂၀၁၄

Adminhttp://www.blogger.com/profile/18015811058345565953noreply@blogger.comtag:blogger.com,1999:blog-4544451361302093384.post-26374209331679608312014-03-12T21:04:00.001-07:002014-03-12T21:04:40.907-07:00မိဝေ
မိဝေ

ဆံ ပင် တွေ ရှည် လာ ပြန် ပေါ့ မိ ဝေ

အ ခန်း ဒေါင့် မှာ လည်း အ င်္ကျီ ချုပ် ရိုး ပြေ စ တွေ ဘ ရ ဗွ နဲ့

လူ တွေ ရဲ့ လှောင် ရယ် သံ ကို လည်း ခ ဏ မေ့ ထား မယ်

နင့် ကို သ တိ ရ တိုင်း လမ်း ထဲ က အပ် ချုပ် ဆိုင် လေး ကို ငေး ကြည့် တယ်

ခု ချိန် ဆို အိမ် ရှေ့ က အုတ် ခုံ မှာ တွတ် တီး တွတ် တာ ပြော လို့

ဗု ဒ္ဓ ဟူး နေ့ တွေ ရောက် တိုင်း လူ ငယ် တစ် ယောက် ရဲ့

ထွင်း လျောက် ခဲ့ တဲ့ ပုံ ပြင်

ည နေ တိုင်း အ သက် ဝင် တယ် မိ ဝေ

ဆံ ပင် တွေ ရှည် လာ ပြန် ပေါ့ မိ ဝေ

ငါ့ ကို နင့် သီ အို ရီ တွေ တွက် ချက် ပြ ပါ ဦး

ကြား ခံ နယ် ။ လေ ထု ။ အ သံ ။ အ လင်း . . . .

ဒီ လို နဲ့ ရုပ် ပိုင်း ဆိုင် ရာ မှား ယွင်း ဖောက် ပြန် မှု တွေ ထဲ

လူ ငယ် တစ် ယောက် ရဲ့ ကျောက် ထွင်း ရာ ဇ ဝင် မှာ

ကြယ် တွေ ကြွေ ၊ လ တွေ ကြွေ ၊ မြူ ခိုး တွေ ဝေ လို့

မှား ယွင်း ဖောက် ပြန် ခဲ့ ကြ တယ်

နင် မှတ် မိ လေ မ လား မိ ဝေ

အ ရင် က တ ယု တ ရ ကိုင် ခဲ့ ဘူး တဲ့

လက် သည်း ညှပ် လေး

ခု သံ ချေး တွေ တက် လို့

သူ့ လည်း သူ သိ သ မျှ လော က ဓ မ္မ တွေ ထဲ

အေး စက် လေး ကန်

ခု ဆို ငါ့ ကို ခြေ လှမ်း တွေ ခပ် မှန် မှန် နဲ့

ထား

ခဲ့

ပါ

မိ ဝေ

ငါ့ ကို

ထား ခဲ့ ပါ.......

လွင့် ပွင့် စင် ထွက် သွား တဲ့ ကျောက် ခက်

သွေး စွန်း နေ တဲ့ လက် တစ် ဖက် နဲ့

ကိုယ့် ကိုယ် ကို ပြန် သတ် နေ တဲ့ ငါ

သော့ ပိတ် ထား ခဲ့ တဲ့ တံ တိုင်း နဲ့

ခေါက် ရိုး ကျိုး ည နေ ရိုင်း အ ဖြစ် ပေါ့

သက်ဝေ (အလင်းသစ်)

၁၃၁၁၂၀၁၃

Adminhttp://www.blogger.com/profile/18015811058345565953noreply@blogger.comtag:blogger.com,1999:blog-4544451361302093384.post-4158357923643348532014-03-12T21:01:00.003-07:002014-03-13T01:33:12.854-07:00ဖေဖော်ဝါရီ ၁၁ ရက်ဟာကိုယ့်ကိုရှင်သန်စေတဲ့ physiological တစ်မျိုးပဲ
ဖေဖော်ဝါရီ ၁၁ ရက်ဟာကိုယ့်ကိုရှင်သန်စေတဲ့ physiological တစ်မျိုးပဲ

ကိုယ့်ဒိုင်ယာရီမှာရေးမှတ်ထားတဲ့ သက္ကရာဇ် တစ်ခုဟာ မင်းရဲ့ မွေးနေ့ဆိုတာ သေချာသလို မင်းနံမည်ဟာ ကိုယ့်လက်ဖျံပေါ်မှာ ရေးထိုးထားတဲ့ မြေလွတ်မြေရိုင်းလေး တစ်ခုဖြစ်တယ်ကွဲ့ အနာဂတ်တွေကိုထမ်းပိုးလို့ ကိုယ့်လက်ရုံးထက်မှာ နားခိုပါ ကိုယ်သီကုံးပေးတဲ့ချစ်မေတ္တာရဲ့ အလင်္ကာတွေကို ယုံယုံကြည်ကြည်ဝတ်ဆင်ပါ ကိုယ့်မေတ္တာတရားဟာ မင်းကို ခြုံထည်တစ်ခုလိုနွေးထွေးလုံခြုံစေပါမယ်။ ကိုယ်တို့လက်ဖ၀ါးချင်းအပ်ပြီး ဆယ်စုနှစ်တွေတစ်ခုပြီးတစ်ခုဖြတ်ကြမယ် ဒီလိုပဲ အချစ်ရေ…..လောကဓံဆိုတာလည်း လေထန်ရုံသက်သက်ပါကွယ် လေဟုန်စီးခြင်းအနုပညာမှာ ကိုယ်တို့အတူဝတ်မှုံကူးရင်း မျိုးဆက်သစ်ဘာသာဗေဒတွေ ဖူးပွင့်လိုက်ကြပါစို့ အောက်ချင်းငှက်ဖိုကိုချစ်သလို ကိုယ့်ကိုချစ်ပါ ကိုယ်ကလည်း အောက်ချင်းငှက်မကိုချစ်သလိုမင်းကိုချစ်မယ် ပြီးရင်…ကိုယ်တို့တောင်ယာလေးမှာ ချစ်ခြင်းမေတ္တာကိုတစ်​လမ်းသွားစိုက်​ပျိုးမယ် ကိုယ်က မင်းကိုချစ်လို့ ဖေဖော်ဝါရီ ၁၁ ရက်ကို Screeshot ရိုက်ပြီး ကိုယ်တို့ကိုယ်ရေးကိုယ်တာအတ္ထုပတ္တိ မှာ မှတ်တိုင်တစ်ခုစိုက်ထားမယ်။ နောင်…နှစ်ပေါင်းများစွာတိုင်အောင် ဆက်လက်ရှည်ကြာပါ…စေ….သော်ဝ်…..။။

သက်ဝေ

၁၁။ဖေဖော်ဝါရီလ။၂၀၁၄

Adminhttp://www.blogger.com/profile/18015811058345565953noreply@blogger.comtag:blogger.com,1999:blog-4544451361302093384.post-6362313679478075732014-03-12T20:51:00.001-07:002014-03-12T20:51:46.830-07:00အသဲကွဲတိုးရစ်
အသဲကွဲတိုးရစ်

ရှင့်ကို ကျမ ''မုန်းတယ်'' ဆိုတဲ့

ဝါကျလေးးးးးးး

စကားလုံးအထားအသိုမမှားးးး

လိပ်စာ မမှားးးးးးးးးးးပဲ

ဒီနေ့မနက်မှာ

ကျနော့် နဲ့ မနက်စာအတူစားခဲ့တယ်။။

ဘယ်မြင်းကိုစီးလို့ ငါတို့ ခရီးနှင်ကြမလဲ...

မိန်းမပျို......

အချစ်ဆိုတာ ....

ဦးရာလူစနစ်နဲ့ ရောင်းရတဲ့

မြန်မာပြည်က

မိုဘိုင်းလ်ဖုန်းဆင်းကဒ်လိုမျိုးမဟုတ်ဘူးကွဲ့။

ငါတို့ .......

အလွမ်းတွေကို ခဝါချ လို့

အိမ်အပြန်ခရီးဟာ

တယောအိုလေးထဲ ....တိတ်တဆိတ်။

သက်ဝေ

၁၈၁၂၀၁၄

Adminhttp://www.blogger.com/profile/18015811058345565953noreply@blogger.comtag:blogger.com,1999:blog-4544451361302093384.post-876987856860471652014-03-12T19:03:00.001-07:002014-03-12T19:03:36.222-07:00၀တ်မှုံတစ်စက်၏ လျှို့ဝှက် ဒိုင်ယာရီ
အဲဒီနေ့က…

ကျနော့် မနက်ခင်းမှာ ခရမ်းရောင်ဆေးစက်တွေအုပ်မိုးဖို့

ဗီးနပ်စ်ကိုလှုပ်နှိုးစေခဲ့တာလား…မေရီရေ

တကယ်တော့…..

တံခါးခေါက်သံလေးတစ်ချက်နဲ့

ကျနော်ကလည်း

သောကြာလို့ စာလုံးပေါင်းမပြတတ်တာခက်တယ်

မေရီဟာ ကျနော့်အတွက်

မီးရောင်စုံတွေနဲ့ ဖွံ့ဖြိုးဆဲမြို့ပြလေးပါ

အဲဒီမြို့လေးမှာ….

ကျနော့်အနာဂတ်ကိုအုပ်မိုးမယ့် ကန်ရေလို

တည်ငြိမ်အေးချမ်းမှု့မျိုးတွေရှိတယ်

ဖူးပွင့်မှုတွေနဲ့ အရွယ်ရောက်စ ချစ်ခြင်းမေတ္တာတွေရှိတယ်

လွတ်လပ်မှု့တွေနဲ့

ခေတ်သစ်အတွေးအခေါ်အိမ်လေးတစ်လုံးရှိတယ်

ပျှော်ရွှင်ကြည်နူးစရာ မိသားစုဘ၀ရယ်၊

ထင်းရှုးပင်တွေရယ်၊ လဖက်ခင်းတွေလည်းရှိတယ်။

ကျနော်ကလည်းခက်တယ်…မေရီရေ

မပြစ်မှားအပ်တဲ့အရပ်ကိုမှပန်းနုရောင်သွေးစက်တွေနဲ့

၃၆၀ ဒီဂရီ စီးဆင်း

ဂ ငယ်ကွေ့ ကွေ့နေတဲ့မြစ်တစ်စင်းလိုပဲ

ချစ်တယ်လို့တစ်ခွန်းပြောရုံနဲ့

မြို့ပြလေး ငိုသံစုံအောင် အစွမ်းကုန်စီးဆင်းပြစ်မယ်။

ကျနော် တို့ အလင်းတွေ သည်းသည်းလှုပ် ကျဆင်းတဲ့တစ်နေ့

ကျနော် တို့အရွှေ့တွေ လျှပ်စစ်မျှင်တန်းလို့သွယ်တန်းစီးဆင်းတဲ့တစ်နေ့

ကျနော့် ရင်ဘတ်မှာ မေရီကို စကားဝှက် အဖြစ် ဖမ်းဆုပ်ခွင့်ရချင်မိ။ ။

စာကြွင်း။ ။ (ကျနော့ ကဗျာထဲက မိန်းမပျိုဟာ ကျနော့အတွက် ပေးဆပ်မှုတွေနဲ့ ထာဝရ ဘုရားသခင်)

သက်ဝေ

၂၃၊၁။၂၀၁၄

ကြာသပတေးနေ့

Adminhttp://www.blogger.com/profile/18015811058345565953noreply@blogger.com