2013/03/22
ဥပမာ ... ခင်ဗျားသိပ်ချစ်ရတဲ့ မိန်းမကို သူများ Rape လုပ်သွားမှာကြောက်တဲ့ခံစားမှုမျိုး ။
ဥပမာ ... ခင်ဗျားသိပ်ချစ်ရတဲ့ မိန်းမကို သူများ Rape လုပ်သွားမှာကြောက်တဲ့ခံစားမှုမျိုး ။
လေးနာရီနဲ့ နှစ်ဆယ်ကွက်တိ  ... ။
သံချေးတက်နေတဲ့ မျက်ဝန်းတွေ ကို ကွန်ဒုံး စွပ်ပေးစရာလိုမလား ... မင်းပဲ ဖြေလိုက်တော့ ဘာလား ။
မာကျောမှု = 0 , ပျော့ပြောင်းမှု = 0 ။
Art for fuck's sake! မှိုလိုလို ဒိုလိုလို တွေနဲ့ လည်း ဝေးအောင်နေ ။
Plato က အနုပညာသမားတွေကိုနိုင်ငံတွင်းမှ မောင်းထုတ်စေချင်ခဲ့တဲ့ပုံ ...။
စောက်တလွဲဂီယာကို တဆုံးထိုးမိပြီးမှ ... နင်းစရာ ဘရိတ်ဟာ လူ့အဖွဲ့အစည်းကြီးမှန်းသိ
အလာကောင်းပေမယ့်အခါနှောင်းသွားခဲ့ပါပြီတို့ ဘာတို့  ...
အထက်စီးဆန်တဲ့ မင်းရိုးသားမှုတွေလား ??? ဟက် ...
ဖြစ်နိုင်ရင် မင်းကို ကပ္ပလီ ပစ္စည်းတွေနဲ့ လက်ပွန်းတတီးနေကြည့်စေချင်တယ်
သစ္စာဖောက်တို့ သွားရာလမ်းမှာ သွေးချောင်းစီးသွားတယ်တို့ ဘာတို့ ....
စိတ်သေမှု ၊ တသီးပုဂ္ဂလ အတ္တလွန်ကဲမှု ၊ ဆန့် ငင်ဆန့်ငင် သံယောဇဉ် ... ဘာ ? ညာ
ငါ လာတုန်းက နင်မနိုးဘူးလေ ။
နင့်ရင်သားပေါ်ထိုးထားတဲ့ ငါ့နာမည်တက်တူးကို နောက်ဘဲက... အလှဖတ်သွားတယ် ... FUCK
ကိုင်ရိုက်ခွဲပစ်လိုက်ရမဲ့ သွေးကြောင်မှု ... ခဲလွတ်ဆင်ခြင်ဥာဏ်။
ဒီမှာလာကြည့် ... မီးဝိုင်းနေတဲ့ အရူး၊ ဘင်လာဒင်နဲ့ ခင်မာလွင်။
အိမ်ထပ်ခိုးလေးပေါ်ကနေ လရောင်အောက်က မျက်ဝန်းကို တိုးတိုးလေးနမ်းပါရစေ တို့ ...
အဲ့ဒီလို စောက်တလွဲပေါင်းများစွာပြီးမှ
ခရေပန်းလေးကို တောစီးဖိနပ်ကြီးနဲ့ နင်းချလိုက်တဲ့ နိမိတ်ပုံမျိုးတို့ ...
ဘာမှမရှိဘူး။ တစ်ကယ်ပြောတာ ...ကိုယ်တွေ့ဖူးတဲ့မိန်းမတွေဆီမှာ ဘာမှကို မရှိတာ။
ရင်ဖုံးအင်္ကျီ၊ ချိတ်ထမီအောက်က ကလပ်ညတွေ ... ချိုပါရဲ့လား အမိ
ခင်ဗျားသိပ်မြတ်နိုးရတဲ့ မိန်းမတစ်ယောက်ဟာ အခြားယောက်ျားတစ်ယောက်နဲ့ လိင်ဆက်ဆံနေတဲ့မြင်ကွင်းမျိုး မြင်တွေ့ဖူးပါသလား
သိပ်ကို နိုင်ငံခြားဆန်လွန်းတဲ့ Scene မို့ မျက်ဝန်းထဲကမထွက် ...။
အိမ်မွေးခွေးလေးက ကိုယ့်ကို လာကိုက်ဆွဲ ။  မင်းမျက်ဝန်းထဲကကြောက်လန့်တကြား Half-feel ကို ကိုယ်ခံစားကြည့်ချင်တယ်။
တောက် ....။
ရင်ခွင်ရှိန်း
လိပ်ပြာလေးတွေပျံဝဲနေတဲ့ ဥယျာဉ်ထဲ ကျနော်တစ်ယောက်တည်း ပိုက်ကွန်ကိုင်ထားခဲ့မိတယ်တဲ့။
လိပ်ပြာလေးတွေပျံဝဲနေတဲ့ ဥယျာဉ်ထဲ ကျနော်တစ်ယောက်တည်း ပိုက်ကွန်ကိုင်ထားခဲ့မိတယ်တဲ့။
ဆေးလိပ်ငွေ့တွေရှုရှိုက်မိပြီး အမြင်အာရုံလွဲမှားသွားတယ်လို့ မင်းလိမ်နိုင်ပါတယ်
အင်္ကျီပေါ်မှာထင်ကျန်နေတဲ့နှုတ်ခမ်းနီရာတို့ သေသွားပြီ ။
မင်းရယ် ... ငါရယ် လက်ကျန်အသက်ရယ်
အားလုံး သေသွားခဲ့ကြပြီ။
မင်းမငိုခင် ငါက သေသွားရမှာ ။
ကမ္ဘာ့စွမ်းအင်သုံးစွဲမှုပြဿနာ၊ နျူးကလီးယား သတင်း ၊ ခေါင်းကိုက်ပျောက်ဆေး
ဒါတွေကို စီးကရက်ဖင်စီခံတွေလို ငါတောက်ချထားခဲ့လိုက်ပြီ
လေးနှစ်လောက်ဂါနေတဲ့ ယောက်ျားတစ်ယောက်ရဲ့တပ်မက်မှုတွေက
ပွန်း ဆိုက်တွေဝင်ပြီး ကိုရီးယား နဲ့ထိုင်းမလေးတွေပုံရဲ့ Like ခလုတ်အပေါ်မှာကလဲ့စားချေပစ်တယ်။
မင်း ရင်သားကြားထဲ ထိုးထည့်သွားတဲ့စောက်ရေးမပါတဲ့ ငွေကြေးနဲ့ ကိုကင်းတွေကိုထားပြီး ပြန်လာခဲ့လိုက်တော့။
အသိဥာဏ်ကို ညာညာပြီး ကစားကြည့်မိတယ်။
သက်တူရွယ်တူတွေနဲ့ ငါ့ကိုနှိုင်းယှဉ်ပြီး ငါ့ကို ပစ်ချမထားခဲ့ကြပါနဲ့။
နေ့စဉ်ကြုံတွေ့နေရတဲ့ လူတွေရဲ့ မျက်လုံးစိမ်း တွေကို ငါ ခါးတယ်။ ငါ့ကို သနားပါ။
နာကျင်တဲ့စိတ်ဟာ အစောဆုံး ပန်းဝင်လာတယ်။
အနုပညာလည်း မလိုအပ်ဖူး။ လူတွေလည်း မလိုအပ်ဖူး။ ဆိုက်ကို ထိနေတဲ့ အခေါ်အပြောတွေကိုလည်း မလိုအပ်ဖူး။
Ring Tone မြည်သံကို ဗုံးတစ်လုံး ပေါက်ကွဲခါနီးအချိန်လို အရသာခံကြည့်မိတဲ့စိတ္တဇ ။
လူတွေဟာဖောက်ပြန်နေကြတယ်။ နည်းပညာတွေ သုံးတော့ ဖောက်ပြန်မှုတွေဟာ ပိုချိုမြိန်လှပလာကြတယ်။
တဆစ်ဆစ်ကိုက်ခဲနေတဲ့ အပေါ်ယံလူမှုရေးအပြုံးတွေ ။
လူတွေကို ဒုက္ခအများကြီးပေးပြီးမှ သေသွားတဲ့လူတစ်ယောက်ဖြစ်ချင်တဲ့ အစွန်းရောက်စိတ်။
ခု ဆို တာလီဘန်တွေကို မမုန်းတော့ဘူး။ အသေခံဗုံးတွေ ပိုက်လွယ်ပြီး လူအုပ်ထဲပြေးဝင်ခဲ့ရတဲ့ လူတွေကို မမုန်းတော့ဘူး။
အပြစ်မဲ့သူတွေ ဆိုတဲ့ စကားလုံးကို သံသယ စိတ်နဲ့ဖတ်မိတတ်လာ။
ငါ့ကို နှိမ်ဆဲကြတော့မှာ ။ အခွင့်အရေးကို ချောင်းမြောင်းနေတဲ့ ကျည်ဆံတွေနဲ့ တရစပ် ပစ်ခတ်ကြတော့မှာ။
ရေများရာ မိုးရွာ IDEOLOGY  နဲ့ ခင်ဗျားတို့ Society ဟာ မသမာကောင်။ မုဒိန်းကောင်။
ကျော့ကွင်းထဲ ချပေးထားတဲ့ မေတ္တာတရားနဲ့ ခင်ဗျားတို့ဟာ လူအုပ်နဲ့လုပ်ကြံသူတွေ။
ငါ့ ကိုယ် ငါ ကြောက်ရွံ့လာတယ်။ ငါဟာ အသေလေး အဖြစ် မွေးခဲ့ရင် သိပ်ကောင်းမှာ။
ငါ့တစ်ယောက်တည်းနေထိုင်မှုကို ဘယ်သူက မီးခိုးဗုံးပစ်ထည့်ပြီး အတင်းဝင် ထိုးစစ်ဆင်သလဲ။
လူတွေရဲ့ စိတ်ဝင်စားမှုကို မျှားယူတဲ့ ဇာတ်လမ်းတွဲတွေကို မုန်းတယ်။
အသက်ရှင်ဖို့သက်သက် စားသုံးနေရတဲ့ အစားအစာတွေဟာ ငါ့ လျှာကို rape လုပ်။
အမြင်သက်သက်နဲ့ မမှီမကမ်းလှမ်းဆွဲလိုက်မိတဲ့ အချစ်ဆိုတာလည်း
ဓါးတစ်ချောင်း အဖြစ် ငါ့လက်ချောင်းတွေကို ထိုးစိုက်ချပစ်လိုက်တော့တာပဲ။
ဒါကို ခင်ဗျားတို့က အသဲကွဲပြီး ရမ်းကားနေတဲ့ လူငယ်လို့နာမည်ပေးလိုက်ကြတယ်။
ကျေးဇူးတင်တယ်။
ရင်ခွင်ရှိန်း
(မြင်လိုက်မိတဲ့ အသံဟာ ဗလာဖြစ်နေတယ်)
(မြင်လိုက်မိတဲ့ အသံဟာ ဗလာဖြစ်နေတယ်)
ပြည်လမ်းပေါ် မှာ ခြေထောက်တွေပဲ့ကျ
လျှာပေါ်ကခုတ်မောင်းလိုက်တဲ့မသတီစရာအသံနဲ့ 
ပွဲစားခါးကြားက ဖုန်းသံဟာ အလန့် တကြား
ဒုက္ခကို အတိုးနဲ့ ချေးငှားမိသလို  ...
လူကြမ်းတွေလည်း ချွေးတွေရွှဲလို့  ။
ကဒ်
အ၀ါကဒ် ၊ အနီကဒ်
အ၀င်အထွက်ညက်မှ ဆိုတဲ့ ဘီယာခွက်တွေကြား
သွားကြားညက်သွားတဲ့ အဆိုတော်မလေး
လည်ပင်းမှာ တည်းခိုခန်းကြီးအစွပ်ခံလိုက်ရသလို ။
လည်ချောင်းထဲမှာ မျိုချလိုက်တဲ့ တံတွေးသံက
ပေါင်တံဖြူဖြူတွေကြားမှာ ကလူကျီစယ်ကြ
"တောက်" ခေါက်ပစ်လိုက်တဲ့ သံချေးတက်သံဟာ
ပြည်လမ်းပေါ်မှာ လျှံကျ
ညဟာ မိန်းမပျက်ချွတ်ချလိုက်တဲ့ နောက်ဆုံးအ၀တ်စလို ။
ကြားလိုက်မိတဲ့ အရသာက
ဘယ်သူနဲ့ မှဘာမှမဆိုင်လိုက်ဖူး
ခု ဆင်းစရာ အိမ်ကို လေဟာနယ်ထဲဆောက်ပစ်လိုက်တယ် ။   ။
ရင်ခွင်ရှိန်း
ဧဒင်မှာသူတို့ စားကြမဲ့အသီးကိုဝှက်လိုက်ပြီ ။
ဧဒင်မှာသူတို့ စားကြမဲ့အသီးကိုဝှက်လိုက်ပြီ ။
ဧဒင်မှာသူတို့ စားကြမဲ့အသီးကိုဝှက်လိုက်ပြီ ။
ဘုရားသခင် လဲ မလာတော့ဖူး ။ အဲလေ ... မသေတော့ဖူး ။
အမှန်တော့ ဘုရားသခင်ကတစ်ကယ်မလာတော့တာပါ ။ သူစိတ်ညစ်သွားတယ် ။
သူ့ အကြံကို လူတို့ လက်ဦးသွားတယ် ။
အာဒံကဧ၀ဆီကနေ နံရိုးတစ်ချောင်းအကြွေးရစရာရှိတယ် ။
သူမဆီကနေ စံပယ် တစ်ပွင့် အကြွေးရစရာရှိတယ် ။ ခင်ဗျားဆီကနေ အသက်တစ်ချောင်း ရစရာရှိတယ် ။
လိင်ဆက်ဆံမှု လိုအပ်တယ် ။ လူ အချင်းချင်းဆက်ဆံတာနဲ့  လိင်အချင်းချင်းဆက်ဆံတာဘာများကွာလဲ။
ဘယ်နားကွာလဲ ။ ဘာနားကွယ်လဲ ။ မကွယ်ပါဖူး ။ ကွယ်စရာမလိုဖူး ။ ကူစရာရှိလဲ မလွယ်ဖူး ။
သုံးချောင်းထောက် ( ပလောက် ... ပလောက်)
လေးချောင်းထောက် (အသံမမြည်တော့ချေ)
ကျိန်းသေပါတယ် ။ ခင်ဗျားရိုင်းမှာပါ ။  ဖလာချီ ဂွမ်းမှာပါ ။
အယူဝါဒနဲ့  ၀ါဒကိုယူတဲ့ အယူ လူလူသူသူ မသိသမျှ ခင်ဗျားရိုင်းနေမှာပါ ။ ပြီးတော့ ကျနော်လဲရိုင်းနေမှာပါ။
ဆိုကြပါစို့ ။ ဆဲကြပါစို့ ။
ငယ်နာမည် က ဖိုးထောင် အမျိုးတောင်မရှောင်ဘူး ။
စကားမစပ် တိမ်တဲ့လူတွေ နဲ့ မဆက်ဆံနဲ့ ။
တူတဲ့လိင်တွေနဲ့ တော့ ... ခင်ဗျားသဘောပေါ့ ။
မိုက်ခဲပြီး အားရပါးရ *ဆက်ဖတ်... ဆက်ဖတ်* ။ ကျနော်နားကြားမှားသွားတယ် ။ ခင်ဗျားနားကြားမှားသွားတယ်။
ပျော်ဝင်သွားတယ် ။ ပုံစံခွက်ထဲ ခုန်ချသွားတယ် ။
သူမ ၀မ်းနည်းပက်လက်ပဲ ။ ကျနော် က ၀မ်းနည်းမှောက် လျှက်(ရက်) ပဲ ။
အဲ့ဒီမှာ အာဒံက ဧ၀ ဆီက နံရိုးတစ်ချောင်း မတောင်းတော့ဖူး ။
ဝှက်လိုက်တဲ့အသီးကလဲ ကြီးကြီးလာ ။
*အ........*
အာဒံ  အန် ! ...(တာ)(ဒါ)များ မြင်တောင်မကောင်းဖူး ။
လိင် ကိုလိုနီလုပ်တာ ဟာ အပြစ်တစ်ခုလား ။
ဒီကစားပွဲ ကျနော်ရှုံးတယ် ။ ခင်ဗျားရှုံးတယ် ။ ဒီတော့ ကစားပွဲက နိုင်သွားတယ် ။
ဘုရားသခင် လဲ မလာတော့ဖူး ။ သူ လာစရာအကြောင်းလဲမရှိတော့ဘူး ။
ဘာလို့ လဲဆိုတော့ ဧဒင်မှာ သူတို့ စားကြမဲ့အသီးကို ၀ှက်ခဲ့လို့ ....။       ။
ရင်ခွင်ရှိန်း (fepb)
Third person ကိုယ်တိုင်တောင် မင်းရဲ့ ရင်သားကို ခိုးခိုးကြည့်နေမိတယ်။
Third person ကိုယ်တိုင်တောင် မင်းရဲ့ ရင်သားကို ခိုးခိုးကြည့်နေမိတယ်။
ရုပ်ရှင်ကားထဲက ခိုးယူထားတဲ့ လမ်းခွဲ Idea ။
မင်းကို သူက နှုတ်ဆက်ပြီးတာနဲ့ အဝေးပြေးကားဝင်းထဲ အရူးတစ်ယောက်လို မြူးတူး အော်ဟစ်
အမျိုးသမီးတွေရဲ့ ဦးနှောက်တည်ဆောက်ပုံဟာ ပိုရှုပ်ထွေးတယ် ။ ဒါကြောင့် မင်းတွေးနိုင်တယ်။ မင်း မမှားဘူး။
မင်းရဲ့ အဖေဟာ လူမှုရေးဖောက်ပြန်တယ်။ မင်းရဲ့အစ်ကိုဟာ မင်းမျက်စိရှေ့မှာတင် သူ့ဆော်နဲ့လိင်ဆက်ဆံတယ်။
ခြေချောင်းလေးတွေကုပ်ကွေး တံခါးရွက်ကို အဓိပ္ပာယ်မရှိ ဆုပ်ကိုင်ညှစ်ပစ်လိုက်မိတဲ့အခါ။
လက်ကို နောက်ပြန် ကြိုးတုပ်ပြီးမှ အဓိပ္ပာယ်ရှိသွားမဲ့ ကြင်နာမှုမျိုး ။
၂၁ ရာစုမှာ ရန်သူရဲ့ သူလျှိုဟာ မိမိရဲ့ ရိုးသားမှုပဲ။ မင်း လက်သည်းတွေ virus ကိုက်နေတယ်မှတ်လား။
တစ်ယောက်တည်းနေရင် အမဲလိုက်ဗုံသံတွေကြားသလိုလို။ ရုပ်ရှင်ကြည့်မိတော့ Triangle
သူနဲ့ first time တုန်းက မင်းရဲ့ naked ခန္ဓာကိုယ်ကို သူမြင်မှာသေမလောက် ကြောက်ခဲ့ဖူးတဲ့ မင်း။
လူဟာ တိရိစ္ဆာန်ပဲ ... *မဲ့ ပြော* ။ လူ့အဖွဲ့အစည်းရဲ့ တံတွေးခွက်လေးထဲမှာ အင်တာနက်က မင်းပုံလေးတွေ မျောလို့ ။
ခပ်ညံ့ညံ့လူတွေရဲ့ လမ်းခွဲခြင်းမှာ  ပြန်ပေးတဲ့လက်ဆောင်တွေ၊ မီးရှို့လိုက်တဲ့ ဓါတ်ပုံတွေနဲ့။
မင်း အတွင်းခံထဲ မြွေပေါက်စကလေး ၀င်နေသလိုပေါ့။
နာမကျန်းချင်ယောင်လည်းမဆောင်တတ်၊ မျက်နှာလည်းမပြောင်တတ်။ ဒါဆို လူတွေနဲ့ မင်းဘယ်လိုမှ ဖြစ်မှာမဟုတ်ဘူး။
ကျမ စဉ်းစားတယ်။ ကျမ သေပစ်လိုက်ရရင်ကောင်းမလား။ ဘယ်သူမှမပိုင်ဆိုင်တဲ့ ကျမရဲ့ကိုယ်ပိုင်သေခြင်းတရား။
လူ ကို လူ လို့ တွေးဖို့ ပြောတဲ့ လူတွေ အများကြီးသေသွားခဲ့ကြပြီ။
I won't give up လို့အော်ပြီး လူတွေအများကြီး တိုက်ပေါ်က ခုန်ချသွားကြတယ်။
ဆီလီကွန်ရင်သားကို ကိုင်မိပြီး ရူးသွားတဲ့ နှုတ်ခမ်းဖျားတွေ။ ဖြစ်ချင်ရင် ဖြစ်ဆိုပြီး
လက်ကောက်ဝတ်ကို ဓါးနဲ့လှီးလိုက်တဲ့ဟာသ။
အဖေကို ဒယ်ဒီလို့ ကျောင်းက အင်္ကျီဖြူဖြူနဲ့ ကောင်လေးခေါ်တာကြားဖူးတယ်
မြင်ကွင်းထဲမှာ လာရပ်တည်နေမှတော့ မင်းမြင်ရတော့မှာပဲ ။
အိုး ... ကျမ ...ကြိုက်တယ်။ ကြိုက်တယ်။ (ဒါဟာ ဒီအချိန်မှာ ပြောရမဲ့စကားမဟုတ်ဖူး)
သူတို့ ပါးစပ်ဖွင့်သွားပုံမှာ မင်းဟာ ကြောက်စရာကောင်းအောင်ဆွံ့အပစ်ခဲ့။
ဓါးနဲ့ ထိုးလဲသေပါတယ်တဲ့ ။ သူ့ ကို ကင်မရာထဲ ဆွဲမထည့်ခဲ့ဖူး ။ လိင်စိတ်မရှိခဲ့ဖူး အစ်ကို ။
စာရိတ္တသရေပြားပေါ်မှာဝံပုလွေတွေနဲ့ဖောက်လွဲဖောက်ပြန်။
ဒီည မိန်းကလေး တစ်ယောက်မဟုတ် တစ်ယောက်နဲ့ လိင်ဆက်ဆံခဲ့ပြီး မင်းဆီမှာပေါ်လာတဲ့ အာရုံခံစားမှု လေချဉ်။
ကျမ မှာ ခု ဂုံးထိ နေပြီ။ ဘယ်သူက ဆီးကြိုပွေ့ဖက်မှာလဲ။
ဘယ်သူ့ကိုမှ မေးခွန်းမထုတ်ရင် ဘယ်သူကမှ လိမ်ညာတဲ့အဖြေမျိုးကို ပေးစွမ်းနိုင်မှာမဟုတ်ဘူး။
သူက ပြောတယ်သိလား။ ကျမ အသုံးချတာခံရအောင်သူက ဇစ်ပါတဲ့ ငှက်ပျောသီးမဟုတ်ဘူးတဲ့။
သူရဲ့ မျက်လုံးတွေကို ထွင်းဖောက်ပြီး ကြည့်တတ်ဖို့ ကျမဦးနှောက်က အချက်မပြခဲ့ဖူး။
သူမရှိဖူးဆိုတဲ့အတွေးက သိပ်အလုပ်လုပ်တယ်။ လူ့ဘ၀ရဲ့အရသာ အစစ်ကဘာလဲ။
မေးခွန်းတွေအများကြီးမေးပြီး ဘာအဖြေမှရမသွားတဲ့ လူရဲ့ အသက်ရှင်မှုကို ဘယ်လောက်နဲ့တန်ဖိုးဖြတ်သင့်လဲ။
ဘ၀လေးတွေကို space လေးခြားကြည့်။
ကျမ အခု global ဖာ ဖြစ်နေရပြီ။ DNA လည်း ကျမ ကိုမကယ်နိုင်တော့ဘူး။
FB ပေါ်တင်ပြီး မျက်ရည်နဲ့ရေးတဲ့ status ကို သူကိုယ်တိုင်တောင် လာ Like လုပ်သွားသေးတယ်။
သူမ မှာဟိုဒင်းလိုပဲ။ လင်လည်းလိုချင်တယ် ... ဟိုဟာ ကိုလည်းကြောက်တယ်နဲ့
မျက်ရည်ထဲက အပြုံးလေးတစ်ပွင့်က လမ်းထောင့်ချိုးမှာ ၀င်တိုက်လိုက်မိတဲ့ ကော်ဖီည။
လူဟာ ဒီလိုပဲ။
Third person ကိုယ်တိုင်တောင် မင်းရဲ့ ရင်သားကို ခိုးခိုးကြည့်နေမိတယ်။
ရင်ခွင်ရှိန်း
ဒီနေရာဟာ ယုံကြည်ခြင်းမဲ့ ကလေးတွေရဲ့စွန့်ပစ်ခံအိမ်ရာ။
ဒီနေရာဟာ ယုံကြည်ခြင်းမဲ့ ကလေးတွေရဲ့စွန့်ပစ်ခံအိမ်ရာ။
ငွေကြေးမဖြစ်တဲ့ အနုပညာဆာငတ်မှုတွေ ။
ဟိုဟာမကလည်း ကျမရဲ့ ၀တ္ထုထဲမှာတောင် ရှင်ဟာ လူယုတ်မာနေရာတည့်တည့်မှာရပ်လို့တဲ့
ကမ္ဘာရဲ့ပထမဦးဆုံး မုဒိန်းမှု ကို အမျိုးသမီးတွေက စတင်ပြုကျင့်ခဲ့။ Anti-Feminist ၀န်ခံခြင်း။
ရှေ့ဖြစ်ဒုက္ခရဲ့အစာအိမ်ထဲ နာနိုစက်ရုပ်ငယ်လေးတွေနဲ့
ရတောင့်ရခဲ ရုန်းကန်မှုတွေကို ဆေးထိုးပြီးကြီးလာတဲ့ ...ဟိုဘာလဲ ကိုယ်မေ့သွားလို့ ... ကိုမာ။
ဒါမျိုး လူလည်ကျလို့ရမလား ပြောပြော...ဘာလဲပြော ဆိုတဲ့ နှုတ်ခမ်းနီလေးထဲ ပျော်ဝင်လို့ ...
သူတို့ ဆီက BLOW JOB ကို ဒီမှာ အောင်မြင်စွာ သုံးစွဲနေကြ။
သူတစ်ခါပဲလူသတ်တယ်။ ဒါပေမယ့် တစ်သက်လုံးလူသတ်သမားဖြစ်ရော
ပျော်စရာရွှင်စရာ လူ့ကမ္ဘာ
ဆိုတဲ့ ...
မွန်မြတ်လှပါတဲ့ hymn တွေ
ism တစ်ခုခုမှမဟုတ်ရင် စောက်သုံးစားလို့မရတော့ဘူးထင်တဲ့ ideology တွေ
သေသွားတဲ့သူတွေကို ကိုးကွယ်ပြီး ရှင်နေတဲ့ သူတွေကိုသတ်ရမလား
အို !!!
ဘာသာရေး crisis တွေ။
သွေးကြောထဲမှာ ၀င်ရောက်ခွေဝင်ပြီး  ပေါက်ပြဲသွားတဲ့ ၀ါယာကြိုးလေးတွေကနေ
အသားချင်းမထိလိုက်ရပဲ ရသွားတဲ့သန္ဓေသားအထိ ဘုရားနဲ့ မဆိုင်လိုက်ရလို့  anti-science ကော်မာ
God is everything လေးတွေ ။
သမိုင်းဟာ ကျင်ငယ်ရေပဲ။ ကိုယ် အဲ့ဒီလိုသဘောထားတယ်။ လူငယ်တွေသေပြီး လူကြီးတွေပြောစရာများချန်ခဲ့ခြင်း။
ဟက်ဟက်ဟက်ဟက်ဟက် ........
နာတာရှည်ကြောက်စိတ်တွေ။
Evolution ပါလို့ ပြောပြီး တစ်ချိန်လုံး ကိုယ့်စိတ်ကို Revolt ပြန်ပြန်လုပ်ကြည့်နေတဲ့ အသွေး အသား
အမှန်တရားအကြောင်းပြောတဲ့သူတွေကို ကိုယ် စောက်ရမ်းကြည့်မရဘူး
ခွေးရူးကောင်းစား တစ်မွန်းတည့်ပါဆိုတဲ့ လိင်နံ့ ထွက်နေတဲ့ ပါးစပ်တွေ
လူတွေကြားထဲမှာနေတဲ့ ဗီဇကွဲတွေကို ဘုရားစင်ပေါ် ကိုယ်တင်ထားလိုက်တယ်
အိပ်ဆေးတွေဟာ လူငယ်တွေရဲ့ မျက်ကြည်လွှာထဲက လွတ်မြောက်မှုတစ်ခု
သူမ  စစ်တွင်းမှာ မုဒိမ်းအကျင့်ခံရတုန်းက နောက်ဆုံးမျှော်လင့်ခဲ့တာက ကွန်ဒုံးတွေဖြစ်မှာပဲ။
ကျေးဇူးတင်
ချီးမွမ်း
ဝါယာရှော့ရိုက်ပြီး မောင်းရမဲ့ ဦးနှောက်
လျှပ်စစ်တွေစီးဝင်မှ မျောပါလာမဲ့အသံ ၊ နာကျင်မှုတိုင်းထွာရေးစက်
အင်တာနက်က အောပုံတွေကို လူကြီးတွေက ခိုးကြည့်တယ်။ ပြီးတော့ တရား ရကြတယ်။
Better life ဟာ Capitalist တွေရဲ့ အိုက်ဒီယာတွေနဲ့  ပေါင်အထိလှန်ပေးထားတဲ့ ပိုစတာကိုကြည့်ခြင်း
လူတစ်ယောက်ပေါ်ပြုံကျလာတဲ့ အမြင်ဟာ ဖက်ရှင်။
မင်း ထားသွားမှ နေ ဆိုတာ မီးလောင်နေတဲ့ဂြိုလ်မှန်း ကိုယ်သိတယ်။ အဲ့ဒါဆို မှောက်လိုက်လေ ...။
ငြိမ်းချမ်းရေးအတွက် လက်ဝှေ့ပွဲ
အာဖဂန်လက်ဝှေ့သမား ဟမ်မစ်ရာဟီမီနဲ့ တန်ဇန်နီးယားလက်ဝှေ့သမား ဆာအစ်အမ်ဘယ်ဝါ ။
ဦးသိန်းစိန်၊ဒေါ်အောင်ဆန်းစုကြည်တို့ထက် ပိုစိတ်ဝင်စားစရာကောင်း၊ အရေးကြီးတဲ့ ကိုယ့် ညနေစာ။
လူရိုင်းတွေမှာလည်း သူတို့ ရဲ့ စံနှုန်းနဲ့ သူတို့ ယဉ်ကျေးမှုရှိတယ်။
ဘ၀ဆိုတာ ကြီးကျယ်တဲ့ ရှုမျှော်ခင်း။ လူက လျှောက်လှမ်းသွားရတယ်။
ရင်ခွင်ရှိန်း
သူတို့ရဲ့ပန်းချီကားမှာ ခရမ်းရောင်လွန်ကဲမှု
သူတို့ရဲ့ပန်းချီကားမှာ ခရမ်းရောင်လွန်ကဲမှု
သူက ပြောတယ်
မင်းက သူ့ရဲ့မျက်ရည်စက်တဲ့
သူကမင်းအတွက်တော့ တမင် လုပ်ရီရတဲ့ ဟာသထက်အဆင့်မြင့်တယ်ဆိုလားပဲ
လွန်ခဲ့တဲ့ သုံးနှစ်ကို မင်းပြန်သွားရင်
နာကြင်ဖွယ်ရာတွေဟာ ထီလက်မှတ်အဟောင်းတွေလို
သူက မင်းအတွက် စစ်ကျန်ဗုံးတစ်လုံးလို
ရှောင်လွှဲမရလို့ မင်းတို့ တိုးတိုက်မိကြတယ်
အန္တရာယ်ကို အဆိပ်ဖြေဆေးလိုသုံးမိကြတယ်
တစ်ယောက်နဲ့ တစ်ယောက်ဝေးသထက်ဝေးအောင်ကြိုးစားရင်း
တစ်ယောက် သတင်းကို တစ်ယောက်က အမြည်းလုပ်တယ်
ကျန်တစ်ယောက်က တစ်ဦးပိုင်သီချင်းလိုနားထောင်တယ်
တစ်ယောက်ကိုတစ်ယောက် ဝေးကွာပစ်လိုက်ဖို့ရာ အကြောင်းအရာသိပ်မလိုဘူး
တိုက်ဆိုင်မှုလို့အဓိပ္ပါယ်ဖွင့်ပြီး အပြုံးတွေပေးကြတယ် စကားလုံးတွေရွေးကြတယ်
ခပ်တုံးတုံးဓါးတွေနဲ့ သူက သူ့စိတ်ကိုကြိတ်လှီးပစ်တယ်
မင်းက လက်သည်းဆိုးဆေးကို ရောင်စုံသုံးတယ်
ဘယ်သူမှမကျော်မဲ့ စည်းကို မင်းတို့တားတယ်
နာကြင်မှု ကို အခန်းထဲသွင်းပြီး အတ္တရဲ့လွှာစာမှုန့် ကိုကြင်နာခြင်းလို့အသံထွက်တယ်
တစ်ယောက်က အဝေးကြီးသွားတယ်
တစ်ယောက်က ပြန်မလာမဲ့လမ်းက စောင့်တယ်
တစ်ယောက်က ခံစားမှုအသေနဲ့ ရှင်သန်ခြင်းပန်းချီကားကိုရေးတယ်
တစ်ယောက်က တိတ်ဆိတ်မှုကို ပုံတူပွားတယ်
မင်း ဟာ အပွင့်နှေးခဲ့တဲ့ ပန်း
သူက အနည်ထိုင်နေခဲ့တဲ့ ရေ
မင်းတို့ဆုံတိုင်း ဝေးကွာခြင်းအကြောင်းပဲပြောတတ်လို့
ငိုအားထက် ရှိုက်အားပါ ပိုခဲ့
မင်း အတွက် သူက ထာဝရ အာမခံနဲ့
သူ့အတွက် မင်းက တစ်သက်တာနှုတ်ထွက်စာနဲ့
ဝေးမလိုလိုနဲ့ တစ်ကယ်လည်းဝေးခဲ့ကြ …
နိမိတ်မကောင်းတဲ့ အိမ်မက်ကို အထပ်ထပ်မက်ခဲ့ကြ
တစ်ယောက်က အလုံပိတ်သော့ခတ်ထားချိန်မှာ
တစ်ယောက်က မျှော်လင့်ခြင်းကို မီးမွှေးခဲ့ရ
မင်းတို့ ခုပြန်တွေ့ကြတော့
တစ်ယောက်က မိုးနည်းရပ်ဝန်း
တစ်ယောက်က အတိတ်ကိုပြန်ကြည့်ဖို့ထိုးထားတဲ့ လင့်စင်။
ရင်ခွင်ရှိန်း
ချစား slang ဟာ km/hr နဲ့ ကိုယ်တို့မြို့ပေါ်က monologue curse
ချစား slang ဟာ km/hr နဲ့ ကိုယ်တို့မြို့ပေါ်က monologue curse
ဟိုး ခပ်ဝေးဝေးကို ရောက်နှင့်နေပြီလား သလင်း?
နေ့စဉ် trauma ထမင်းဟင်းထဲ ဟင်းလင်းပြင်နောက်ခံနဲ့ ကိုယ်ဘာအတွက်တောင့်ခံနေရမှာလဲ
အရာအားလုံးရဲ့ anti- ။
စွဲမက်ဖွယ်ကိုယ်သင်းရနံ့နဲ့လမ်းလျှောက်ထွက်တတ်တဲ့ ညနေဟာ repeated existence
hallucination ကြောင့် ကိုယ့် nerves တွေက ကိုယ့်ကို ချောက်ချဖို့ချောင်းမြောင်း
အားလုံးမေ့လို့ရရင် ကမ္ဘာမှာပျော်စရာကြီးပဲ သီချင်းစာသားမှာ လူငယ်တွေရဲ့ သွေးမတိတ် date တွေနဲ့
ခပ်မြင့်မြင့်အဆောက်အဦးတွေဆီကနေ Pre-hist,BC, AD တွေအထိ recall ပြန်လုပ်မိခြင်းကစ
လူ့အဖွဲ့အစည်းနှုန်းစံ၊ ဖြစ်တည်မှုကိန်းညွှန်းတွေအတွက် ကိုယ်ဟာ auto-rape
သွေးသားရဲ့တောင်းဆိုမှုက technology updates နဲ့  လှမ်းလိုက်တဲ့ ကိုယ့်လက်ဟာ Infinity ဆီ
ဖြစ်နိုင်ရင် unconscious criteria တွေအထိ ကိုယ် ဖျက်ဆီးပစ်ချင်တယ်
နေ့စဉ်လူမှု့ဘ၀ထဲ ထလက်သွားတဲ့ Spark ဟာ ဘ၀များလောင်ကျွမ်းမှု အစွန်းထွက်
နှစ်လိုဖွယ်ရာအပြုံးမှာ discount အနံ့နဲ့ အပျိုစင်ရရှိနိုင်မှုဟာ ပေါက်မဲပေါ်မူတည်အနေအထားနဲ့
သောက်ရတဲ့ လက်ဖက်ရည်ခွက်ထဲ ideology crisis နဲ့
ငါတို့ဟာ လူငယ်တွေပါကွာ လို့ လေးလေးပင်ပင်ပြောမိပြီး ငေးမိကြ
ကြိုက်တဲ့ကောင်လာငြင်း ဆိုတာ ဟာသပဲ။
ငြိမ်းချမ်းရေးအတွက် စစ်လက်နက်တပ်ဆင်ခြင်း၊ ဥက္ကာခဲများ၊ မြေငလျင်များ ဒီသတင်းတွေကပိုပိုရယ်ရ။
apache တစ်ကောင်ရဲ့ ဦးနှောက်အပိုင်းအစတွေ ကတ္တရာလမ်းမပေါ်ထိ ကျဲပြန့်
တွက်ချက်မှု နဲ့ ခံစားမှု ကို left, right ။ ကိုယ့် ဦးနှောက်က အသေကြီး
အလင်းဟာ နာကြင်စရာအဖြစ် ကမ္ဘာဆီလာတယ်။
မသေချာမှုရောဂါ ဆိုတာ ဘ၀ ရဲ့လျှို့ဝှက်သည်းဖို ဇာတ်လမ်းလိုလို
arranged marriage တစ်ခန်းရပ် ကျန်ရစ်သူ အသဲကွဲခန်း လိုလိုနဲ့
သူတို့ရဲ့ရောင့်ရဲတင်းတိမ်မှုက
the labor of the slaves = the profits of the  king စာတန်းထိုးနဲ့
ပထမဦးဆုံး မျက်ရည်တု ဟာ ပြုလုပ်ရခက်ခဲကောင်းခက်ခဲပါလိမ့်မယ်။
မှောင်အတိပုံသေနည်းနဲ့ ဘာတွေကို ခပ်ယူနိုင်ပါ့မလဲ?
မိုင်တိုင်တွေကို ဆွဲကျဉ်းပစ်လိုက်မိချင်တယ်။
တစ်ယောက်ကိုတစ်ယောက် နာကြင်တယ်ဆိုတာလည်း ကြားခံဖြစ်အင်တွေနဲ့
စွမ်းအင်တွေရှိတယ်ဆိုပြီး ကိုင်ထားခဲ့ဖူးတဲ့ လက်ဖ၀ါးဖြူဖြူလေးက
Bye Bye sign လေးလုပ်ပြသွားတဲ့အခါ ။
Hybrid အမှန်တရားဟာ ယုံကြည်မှုတန်ဖိုးပေါ်ထပ်ဆင့်တည်ဆောက်တာထက်ပိုတယ်။
မင်းပြောနေကျက    ကျမက robot ၊ ရှင်က monologue ။
ရင်ခွင်ရှိန်း
2012/07/16
လိုအပ်တာကိုဒေါင်းပါ (marquee)
မောက်မောက်လေး: အကိုရေ မင်္ဂလာပါ ဖြစ်နိုင်ရင် လိုအပ်တာကိုဒေါင်းပါ လိုမျိုးကုဒ်လေးတွေ တင်ပေးပါလာဗျာ စောင့်မျှော်နေပါတယ် ။
မောင်သက်ဝေး ကျနော်အချိန်သိပ်မရလို့ပါဗျာလိုချင်တာတွေမပြည့်စုံခဲ့ရင်ကော မက်ရေးပေးထားခဲ့ပါ။ကျနော်သုံးနေတဲ့နေရာက အရာတွေကိုပဲတင်ပေးလိုက်ပါတယ်။ လိုအပ်သလိုသာဖြတ်ညှပ်ကပ်သုံးလိုက်ပါ။
<marquee onmouseover="this.stop()" onmouseout="this.start()" scrollamount="2" direction="up" width="100%" height="200" align="center">
ဘာတွေကိုရှာနေတာလဲ
Top Downloads
Mozilla Firefox
Gom Player
K-Lite Mega Codec Pack
Foxit PDF Reader
Kaspersky AVP
Miro
Nero 9 Free Edition
AIMP
Winrar
FlashGet
Winamp
Photoscape
<object codebase="http://download.macromedia.com/pub/shockwave/cabs/flash/swflash.cab#version=6,0,40,0" classid="clsid:d27cdb6e-ae6d-11cf-96b8-444553540000" _origwidth="133" width="133" height="376"><param name="src" value="http://h1.flashvortex.com/files/20/3_1237822427_6607_151_0_133_376_6_20.swf" />
<param name="wmode" value="opaque" />
<param name="quality" value="best" />
<embed wmode="opaque" quality="best" src="http://h1.flashvortex.com/files/20/3_1237822427_6607_151_0_133_376_6_20.swf" type="application/x-shockwave-flash" _origwidth="133" width="133" height="376"> </embed></object>
</marquee>
2012/04/07
username and password ပြဿနာ
gtalk မိတ်ဆွေများအတွက်အခုလိုဖြစ်နေရင်လုပ်ရမည့်နည်းလမ်းများကတော့အောက်မှာရေးထားတဲ့
အဆင့်အတိုင်းလုပ်သွားလိုက်ပါ။အဆင်ပြေသွားပါလိမ့်မယ်။
For Internet Explorer:
1. Click the Tools menu at the top of your browser, and select Internet Options.
2. Open the Content tab at the top of the dialogue box.
3. Click AutoComplete, then Settings button, and uncheck the User names and passwords on forms and Prompt me to save passwords boxes.
4. Click OK.
For Firefox:
1. Click the Tools menu at the top of your browser, and select Options.
2. Select the Security tab.
3. Uncheck the option Remember passwords for sites.
4. Press OK.
For Google Chrome:
1. Click the Tools menu .
2. Select Clear browsing data.
3. Select Empty the cache and Delete cookies.
4. Click Clear browsing data.
2012/03/23
တာချီလိတ်စာပေဟောပြောပွဲ(ဒုတိယအကြိမ်)
ပ​ထ​မ​ရက်
0.4859412215250728
Listen to
ဒု​တိ​ယ​ရ​က်
0.12648124715434772
Listen to
ချစ်ဦး​ညို
ပ​ထ​မ​ရက်
0.7805235134785369
Listen to
ဒု​တိ​ယ​ရက်
0.3283116963902858
Listen to
ဦး​ဘုန်း​(​ဓါ​တု)
ပ​ထ​မ​ရက်
0.6444302877556596
Listen to
ဒု​တိ​ယ​ရက်
0.028035503169679843
Listen to
ဂျပန်စာပေဟောပြောပွဲ
မောင်စိန်ဝင်း(ပုတီးကုန်း)
0.760003149170585
Listen to
နုနုရီ(အင်းဝ)
0.09324633197277077
Listen to
ချစ်ဦးညို
0.2261930585588282
Listen to
ဂျပန်စာပေဟောပြောပွဲ-ချစ်ဦးညို
Twitter Delicious Facebook Digg Stumbleupon Favorites More
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Powerade Coupons