ချစ်သူလက်ဖြင့် ထစ်ချုန်းစေအပ်သော ငါ၏ကောင်းကင်ဦး
------------------------------------------------------------
အဲဒီတုန်းကတော့ ....
``လ´´တွေဘယ်လောက်မိုက်မိုက်
ဂရုမစိုက်ခဲ့ ဘူး
ငါ့ အချစ်က
ပွင့် အားကောင်းတဲ့ စံပယ်တစ်ခင်းလို
အမှောင်မှာလင်းတယ်ပေါ့ .....
ဒါပေမယ့် ...
ပန်ချင်နေတဲ့ သဇင်ဦးမှမဖူးခင်
နွေလေရူးက ၀င်နှောင့်ယှက်တယ်
ကျိန်ဆိုကျိန်ပါ့ မယ်..
နင်..မြတ်နိုးတဲ့ သက်တန့် တံတားလေး
ပြိုကျစေမဲ
့..လှိုင်းလုံးမျိုးတွေ..
တစ်ခါမှ
မျက်နှာဖုံး..မစွပ်ခဲ့ ဖူးဘူး.
ကြယ်တစင်းလို
ကိုယ့် ကိုကိုယ်လောင်ကျွမ်းလို့ 
လမ်းပြ၀ံ့ သူလေ.
ဂုဏ်ဓန ..လေပြင်းတွေကြား
နေမင်းကို ဖွဖွလေး တမိရုံ
´သေထိအောင်ထွန်းလင်းမယ်´
အဲ့ ဒီလိုသာတခွန်းပြော
မီးဟုန်းဟုန်းတောက်ပါစေ
နောင်တ တရားဆိုတာ မရှိဘူး
ချစ်သူရယ်...
လက်တကမ်းစာလေးအတွက်နဲ့ ..
ဘာကြောင့် များ...
မိုးတွေအဲ့ လောက်ခေါင်တာပါလဲ..
ကိုယ်စိုက်ပျိုးဖူးတဲ့ မိုးတိမ်
ကိုယ့် ကမ္ဘာမှာမသွန်းဖြိုးပဲ
မြူဆွယ်ရာလေနောက်
ကောက်ကောက်ပါအောင်..လိုက်သွားတယ်
စိတ်ကူးတဆန့် နဲ့ လိပ်ပြာသန့် ခဲ့ ပေမယ့် 
ဇာတ်ကတော့ နာပြီးရင်းနာ
နေပါဦး...
ငါ့ သီချင်းကို..ဘယ်သူဝင်ဆိုသွားတာလဲ..
အခုတော့ .....
ပြန်လည်ဆုံဆည်းခွင့် ဆိုတာလည်း
အရွက်မရှိတဲ့ ကမ်းနားသစ်ပင်
ကောင်းကင်အောက်မှာ
လမင်းနဲ့ အပြိုင် အထီးကျန်ရင်း
ချစ်သူပေးတဲ့ အမုန်း
ကမ္ဘာပေါ်က ဆူးတွေ အားလုံးရှုံးတယ်...
ANNA