2014/03/13

နှစ်​ကိုယ်​စာဂီတ

နှစ်​ကိုယ်​စာဂီတ
----------------

♥နင့်နှလုံးသားတစ်စုံကို ဆွဲနှုတ်လို့
ငါ့နှလုံးသားပေါ်မှာ ရေးခြစ်လိုက်တဲ့ အမှန်တရား
ဘယ်နတ်ဘုရားကိုမှ တိုင်တည်စရာမလိုဘူး
♥အချစ်ကြောင့်ရတဲ့ ဒဏ်ရာဆိုတာ
"သြော် ဒီလိုပါပဲလား" ဆိုတာအကြိမ်ကြိမ်
ပြီးတော့လဲပြန်လည်ချိုမြိန်သွားကြစမြဲ

♥ကျွန်မ၏ချစ်လှစွာသော ကောင်ကလေးရေ
ဘ၀ဆိုတာတိုက်ပွဲ ဒသနလောက်နဲ့
မနက်ဖြန်တိုင်းအတွက် လင်းလက်ရဲရင့်ကြပါစို့

♥ရှေ့ဆက်ရမဲ့ နေ့ရက်တွေတိုင်းမှာ
နှင်းရည်စိုလူးအိမ်မက်ဖူးတို့ ရဲရဲပွင့်ဝေပါစေ
နှလုံးသားချင်းထပ်ရင် ဘယ်အရာကများ တို့ချစ်ခြင်းထက်
မြင့်မြတ်ဦးမှာလဲ

♥တို့နှစ်ဦးသာ နားလည်မဲ့ တေးတွေဖွဲ့သီရင်း
တစ်သံသရာလုံးအတွက် ချစ်ခြင်းရဲ့ရင်တွင်း
တို့နှစ်ယောက်သက်ဆင်းလို့
မပျယ်ယွင်းမဲ့သစ္စာတွေနဲ့
တစ်ယောက်ကိုတစ်ယောက်ချည်နှောင်
ကမ္ဘာပြုန်းရင်တောင် တောက်လောင်နေမဲ့
သမုဒယတွေနဲ့
မိုးမမြင်လေမမြင်ပေါ့
သီချင်းတွေ သံစုံလွှင့်
ပန်းရောင်စုံတွေ ပြိုင်တူပွင့်လို့
ဘယ်လိုရွှေ့ရွှေ့ မရွေ့တဲ့သစ္စာနဲ့
ရွက်စုံလွှင့် တတ်ကုန်ဖွင့်လို့
လှော်ခတ်ကြတာပေါ့

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Powerade Coupons