ရင်တွေကွဲ ..အာခေါင်တွေခြောက်ကပ်လို့ ..
အညိုရောင် အိမ်မက်တွေမက်တယ်
ကြောက်တတ်တဲ့ ကောင်ရဲ့ မြို့ လေးမှာ
ဘယ်တော့ မှမဝေ ..မကြွေတဲ့ ..
သစ်ခြောက်ပင်ကြီးရှိနေလေရဲ့ ...
ခံစားချက်ကိုဓါးသွားတပ်လို့ ....
မားမားဝင့် ဝင့် စင် မြင့် ထက်မှာ..
ပန်းကုံးစွပ်ခံ...သူရဲ ကောင်းဘွဲ့ ..လိုချင်မိပါတယ်.
အဲ့ ဒီကံကြမ္မာရထား ကိုဘယ်ဘူတာကစောင့် ရမလဲ
ချည်ရင်း ငင်ရင်းနဲ့ ...
ကိုယ့် ကိုကိုယ် ပြန်ပျိုးနေမိတာ..
မပြောမပြီး ..မတီးမမြည်တဲ့ ...
ရင်တွင်းဂီတမှာ...
ဘာရစ်သမ်မှမပါဘူး.....
စစ်မှန်သော..ချစ်ခြင်းမေတ္တာအတွက်..
ပါးစပ်က.....ဖွင့် ဟပြောခြင်းကို...
တုန်ခါနေတဲ့ ရင် က...
ခွင့် မပြုဘူး...
ဒီနေ့ ကော ..ဒီလိုပါပဲ...
နေ့ ရက်တွေ ကို သွားကြို...လိုက်ပို့ ..
ဒိုင်ယာရီအဟောင်းထဲ ..စကားလုံးတွေ ကျဲချ..
တစ်ယောက်တည်းညတွေနဲ့ ...
တိမ်တောက်တဲ့ နေ့ တွေထိုင်ကြည့် ...
ယဉ်ယဉ်လေးရူးနေတဲ့ ...ပြက္ခဒိန်မှာ...မှတ်သား..
ခဲခြစ်ရာတွေဟာ...ပြဿဒါးတွေ .ပါပဲ..
ကဲ ..ခင်ဗျားရော..
စည်းတကာ့ စည်းထဲမှာ..ဒီစည်းကျော်ရခက်တယ်ဗျာ..
အဖြူရောင်တွေသုတ်ထားလို့ ..
ဟော..ဒီသံကွန်ချာတွေထဲကကို..
ခံစားချက်..ဖောက်မထွက်နိုင်သေးဘူး
အညိုရောင် မှတ်တမ်းစာအုပ်လေး ..
ကမ်းနဲ့ ဝေးဝေးသွား...
ခံစားချက်တွေ ..စုပေါင်းထုတ်သိမ်း.လို့ 
ရေစာကျွေးလိုက်တယ်..
ထာဝရ ...မျောလွင့် နေပါစေတော့ ..
အိမ်အပြန်မှာ...
အလွမ်းသယ်ချင်နေတဲ့ ..တိမ်တိုက်တွေကို ပန်လာတယ်
ရိုးရိုးရှင်းရှင်းလေးပါပဲ..
ကျွန်တော်
သူ့ ကို
ချစ်
တယ်
ကျွန်တော်
သူ့ ကို
လွမ်း
တယ်
“သက်ဆိုင်သူသာသိပါစေ” လို့ အမည်တပ်ထားတဲ့ ..
စာအိတ် ကလေးကျန်နေသေးတယ်
ဒါလေးတော့ ..
ဝမ်းနည်းမှုအမှတ်တရနဲ့ ..
ကြောက်တတ်တဲ့ ကောင်ရဲ့ ..
ခေါင်းအုံးလေးအောက်မှာ...
နှစ်ပေါင်းများစွာ ဆက်လက်တည် နေပါစေသော်ဝ် ...
ရင်ခွင်ရှိန်း