2014/03/13

စောင့်​မကြည့်​ဖြစ်​တဲ့​ခြေလှမ်း

ကိုရင်ချမ်းရေ....
မြို့မှာကော့လားဆိုလား၊ LP ဆိုလား၊ Language Poetryဆိုလား
ကျုပ်ဖြင့်မခေါ်တတ်လို့လျှာယားလိုက်တာ
အဲဒါကြီးတွေတ၀ီဝီမြည်ပြီးပြေးလွှားနေလေရဲ့
သောက်မြင်ကိုကတ်ရောဗျာ..
ပြောရဦးမယ့်ဗျ.....ကိုရင်ချမ်းရ
ဟိုတစ်နေ့ကဗျာ   ကုန်းတစ်ဝက်၊ ရေတစ်ဝက်နဲ့ ဘာသာဗေဒခပ်ကြပ်ကြပ်မှာ
ကျုပ်ဖြင့်မော်ဒန်လား၊ မော်ဒယ်လားအဲဒီကကိုမတက်နိုင်ခဲ့ပါဘူး
ဒီကြားထဲခင်ဗျားတို့မြို့ကနွားတွေကမျက်မှန်နက်ကြီးတွေတပ်ပြီး
ရှုတည်တည်ကြီးရပ်လို့ ဟဲဗီးဂေါ်တယ်၊ ဟဲဗီးဂေါ်တယ်နဲ့တွန်သတဲ့
ကိုရင်ချမ်းရေ...
လူဆိုတာလန့်နိုးတတ်တဲ့အိမ်မက်ကိုမှစိုးရိမ်ထိန့်လန့်စွာခုံမင်တတ်သတဲ့လား
ကျုပ်လည်း ၃၁ ထပ်တိုက်ရဲ့ ၅လွှာမှာနေဖူးချင်လိုက်တာ
ဟိုငတိတွေလို စားချင်ထစား၊ သွားချင်ထသွား ပြီးတော့လေလည်လို့ "ဂွီ " ကနဲ့မြည်မှ
ကဗျာပါလို့ခေါင်းစဉ်ထတပ်ချင်ရှာသပေါ့
ကဗျာဆိုတာဘာလဲဗျာ...
ရင်ထဲကပွင့်ထွက်လာတဲ့သွေးစွန်းနေတဲ့စာရွက်တစ်ရွက်လား
ကိုယ့်ကိုယ်ကိုအတင်းအဓမသင်းကွပ်တာလား
မနိုင်မနင်းလွယ်ထားရတဲ့ကိုယ်ဝန်ဆောင်တစ်ယောက်ရဲ့ကလေးမွေးခြင်းတစ်မျိုးလား
လူ့ယဉ်ကျေးမှုကိုချိုးဖောက်တာလား စသည်ဖြင့်စသည်ဖြင့်ပေါ့ဗျာ...
အခုတစ်လော Neomodern နဲ့Nihilist တွေကိုကျုပ်ဖြင့်အခွင့်ရရင် တစ်ကြိမ်လောက်ခလုတ်တိုက်ချင်ပါသေးတယ်
ဘာပဲပြောပြောဗျာ........ အမှန်ကိုမလိုအပ်တဲ့အချိန်မှာ
အမှားဆိုတာလက်ခံသင့်တဲ့အကြောင်းခင်ဗျားကိုစောက်ဖောင်းထုတဲ့သူတွေရဲ့စိတ်ကို
နဲနဲလောက်ဘရိတ်တပ်ပေးပါ.........။။

-သက်​​ဝေ-

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Powerade Coupons