2014/03/12

မိ​ဝေ

မိဝေ
-----
ဆံ ပင် တွေ ရှည် လာ ပြန် ပေါ့ မိ ဝေ
အ ခန်း ဒေါင့် မှာ လည်း အ င်္ကျီ ချုပ် ရိုး ပြေ စ တွေ ဘ ရ ဗွ နဲ့
လူ တွေ ရဲ့ လှောင် ရယ် သံ ကို လည်း ခ ဏ မေ့ ထား မယ်

နင့် ကို သ တိ ရ တိုင်း လမ်း ထဲ က အပ် ချုပ် ဆိုင် လေး ကို ငေး ကြည့် တယ်
ခု ချိန် ဆို အိမ် ရှေ့ က အုတ် ခုံ မှာ တွတ် တီး တွတ် တာ ပြော လို့
ဗု ဒ္ဓ ဟူး နေ့ တွေ ရောက် တိုင်း လူ ငယ် တစ် ယောက် ရဲ့
ထွင်း လျောက် ခဲ့ တဲ့ ပုံ ပြင်
ည နေ တိုင်း အ သက် ဝင် တယ် မိ ဝေ

ဆံ ပင် တွေ ရှည် လာ ပြန် ပေါ့ မိ ဝေ
ငါ့ ကို နင့် သီ အို ရီ တွေ တွက် ချက် ပြ ပါ ဦး
ကြား ခံ နယ် ။ လေ ထု ။ အ သံ ။ အ လင်း . . . .
ဒီ လို နဲ့ ရုပ် ပိုင်း ဆိုင် ရာ မှား ယွင်း ဖောက် ပြန် မှု တွေ ထဲ
လူ ငယ် တစ် ယောက် ရဲ့ ကျောက် ထွင်း ရာ ဇ ဝင် မှာ
ကြယ် တွေ ကြွေ ၊ လ တွေ ကြွေ ၊  မြူ ခိုး တွေ ဝေ လို့
မှား ယွင်း ဖောက် ပြန် ခဲ့ ကြ တယ်

နင် မှတ် မိ လေ မ လား မိ ဝေ
အ ရင် က တ ယု တ ရ ကိုင် ခဲ့ ဘူး တဲ့
လက် သည်း ညှပ် လေး
ခု သံ ချေး တွေ တက် လို့
သူ့ လည်း သူ သိ သ မျှ လော က ဓ မ္မ တွေ ထဲ
အေး စက် လေး ကန်
ခု ဆို ငါ့ ကို ခြေ လှမ်း တွေ ခပ် မှန် မှန် နဲ့
ထား
ခဲ့
ပါ
မိ ဝေ
ငါ့ ကို
ထား ခဲ့ ပါ.......
လွင့် ပွင့် စင် ထွက် သွား တဲ့ ကျောက် ခက်
သွေး စွန်း နေ တဲ့ လက် တစ် ဖက် နဲ့
ကိုယ့် ကိုယ် ကို ပြန် သတ် နေ တဲ့ ငါ
သော့ ပိတ် ထား ခဲ့ တဲ့ တံ တိုင်း နဲ့
ခေါက် ရိုး ကျိုး ည နေ ရိုင်း အ ဖြစ် ပေါ့

သက်ဝေ (အလင်းသစ်)
၁၃၁၁၂၀၁၃

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Powerade Coupons