2014/03/12

ဖေဖော်ဝါရီ ၁၁ ရက်ဟာကိုယ့်ကိုရှင်သန်စေတဲ့ physiological တစ်မျိုးပဲ  

ဖေဖော်ဝါရီ ၁၁ ရက်ဟာကိုယ့်ကိုရှင်သန်စေတဲ့ physiological တစ်မျိုးပဲ  

ကိုယ့်ဒိုင်ယာရီမှာရေးမှတ်ထားတဲ့ သက္ကရာဇ် တစ်ခုဟာ မင်းရဲ့ မွေးနေ့ဆိုတာ သေချာသလို မင်းနံမည်ဟာ ကိုယ့်လက်ဖျံပေါ်မှာ ရေးထိုးထားတဲ့ မြေလွတ်မြေရိုင်းလေး တစ်ခုဖြစ်တယ်ကွဲ့ အနာဂတ်တွေကိုထမ်းပိုးလို့ ကိုယ့်လက်ရုံးထက်မှာ နားခိုပါ ကိုယ်သီကုံးပေးတဲ့ချစ်မေတ္တာရဲ့ အလင်္ကာတွေကို ယုံယုံကြည်ကြည်ဝတ်ဆင်ပါ ကိုယ့်မေတ္တာတရားဟာ မင်းကို ခြုံထည်တစ်ခုလိုနွေးထွေးလုံခြုံစေပါမယ်။ ကိုယ်တို့လက်ဖ၀ါးချင်းအပ်ပြီး ဆယ်စုနှစ်တွေတစ်ခုပြီးတစ်ခုဖြတ်ကြမယ် ဒီလိုပဲ အချစ်ရေ…..လောကဓံဆိုတာလည်း လေထန်ရုံသက်သက်ပါကွယ် လေဟုန်စီးခြင်းအနုပညာမှာ ကိုယ်တို့အတူဝတ်မှုံကူးရင်း မျိုးဆက်သစ်ဘာသာဗေဒတွေ ဖူးပွင့်လိုက်ကြပါစို့ အောက်ချင်းငှက်ဖိုကိုချစ်သလို ကိုယ့်ကိုချစ်ပါ ကိုယ်ကလည်း အောက်ချင်းငှက်မကိုချစ်သလိုမင်းကိုချစ်မယ် ပြီးရင်…ကိုယ်တို့တောင်ယာလေးမှာ ချစ်ခြင်းမေတ္တာကိုတစ်​လမ်းသွားစိုက်​ပျိုးမယ် ကိုယ်က မင်းကိုချစ်လို့ ဖေဖော်ဝါရီ ၁၁ ရက်ကို Screeshot ရိုက်ပြီး ကိုယ်တို့ကိုယ်ရေးကိုယ်တာအတ္ထုပတ္တိ မှာ မှတ်တိုင်တစ်ခုစိုက်ထားမယ်။ နောင်…နှစ်ပေါင်းများစွာတိုင်အောင် ဆက်လက်ရှည်ကြာပါ…စေ….သော်ဝ်…..။။  

သက်ဝေ
၁၁။ဖေဖော်ဝါရီလ။၂၀၁၄  

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Powerade Coupons