2014/03/12

ကျ​နော်​ခဏခဏစိတ်​​ကောက်​တတ်​တဲ့​ကောင်​မ​လေး

ကျ​နော်​ခဏခဏစိတ်​​ကောက်​တတ်​တဲ့​ကောင်​မ​လေး
-------------------------------------------------------
ကျ​နော်​ခဏခဏစိတ်​​ကောက်​တတ်​တဲ့​ကောင်​မ​လေး
ကိုကို့ကိုစိတ်​မချဘူးလို့သူအမြဲ​ပြောတတ်​တယ်​။
အသက်​က ၂၃ နှစ်​ ​ခေတ်​သစ်​ယဉ်​​ကျေးမှု​တွေဆင်​ယင်​ထုံးဖွဲ့ အမှား​တွေနဲ့လည်းခလုတ်​လိုတိုက်​တတ်​တယ်​။

ကျ​နော်​စိတ်​​ကောက်​တိုင်းသူငိုတယ်​။
ကျ​နော့်​ကို​​ချော့ဖို့နည်းစနစ်​​တွေသူမသိ​ဘူး။
ကွန်​ဖြူးရှပ်​ရဲ့အ​တွေးအ​ခေါ်​​တွေသူမသိဘူး။
ကမ္ဘာကြီးလုံးတယ်​ဆိုတာသူမသိဘူး။
အိမ်​ဂျလီနာဂျိုလီ ရဲ့ချစ်​ခြင်း​မေတ္တာကိုသူမသိဘူး။
''ကျ​နော့်​ကိုချစ်​တာတစ်​ခုပဲသူသိတယ်​''

''က​လေးပဲမှားမှာ​ပေါ့ ကိုကိုသင်​​ပေးပါလား''
ဆိုတဲ့စကား​တွေပြန်​ခံ​ပြောတတ်​တယ်​။
တစ်​ခါတစ်​​လေရယ်​သံ​နှောပြီး
''ကိုကိုကတွင်းဝင်​​ဖြောင့်​တဲ့ကြွက်​တဲ့''(ကျ​နော်​မူး​နေစဉ်​)

ကျ​နော့်​မှာချစ်​သူဘယ်​နှစ်​​ယောက်​ရှိခဲ့ခန့်​မှန်းကြည့်​ပါလားလို့​မေးတိုင်း
မျက်​နှာ​လေးညှိုးပြီး ​''ကျမ မသိချင်​ဘူး''
က​လေးတစ်​​ယောက်​ရဲ့ရင့်​ကျက်​မှုမျိုးနဲ့
သူမသည်​ ကျ​နော်​ ညစဉ်​တိုင်း Repeat လုပ်​ရင်းကြည့်​တဲ့
Romantice Movie ​လေးပဲဖြစ်​တယ်​။

3 Dရုပ်​ရှင်​ကြည့်​မယ်​။
ဗေဒင်​သွားကြည့်​မယ်​လို့ပူဆာတိုင်း
စိမ်းလမ်းစို​ပြေထဲ ပြည်​သူရင်​ပြင်​ထဲ က
ကျ​နော့်​ရဲ့​အေးတိ​အေးစက်​အနမ်း​တွေ​​အောက်​မှာ
သူမစကား​ဟာအလိုလိုကျကျ​ပျောက်​ရတယ်​။
ကိုကိုမုန်းတီးတဲ့လူမှု​ရေးအဖွဲ့အစည်းကမျက်​လုံး​တွေကိုရင်​မဆိုင်​ရဲလို့ပါ။

ကျ​နော်​ခဏခဏစိတ်​ကောက်​တတ်​တဲ့​ကောင်​မ​လေးးးး
ကိုကိုတို့အတူ​လျောက်​ကြမယ်​ ဘယ်​အထိ​ရောက်​​ရောက်​​ပေါ့
ကိုကိုလက်​​တွေကိုကိုင်​ပြီး ​လောကဓံလှိုင်း​တွေလို ရဲ့ရင့်​​လိုက်​စမ်းပါ
ကျ​နော်​ခဏခဏစိတ်​ကောက်​တတ်​တဲ့​ကောင်​မ​လေးးးး

သက်​​ဝေ
၁၀ ​၂ ၂၀၁၄

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Powerade Coupons