2013/03/22

ဧဒင်မှာသူတို့ စားကြမဲ့အသီးကိုဝှက်လိုက်ပြီ ။

ဧဒင်မှာသူတို့ စားကြမဲ့အသီးကိုဝှက်လိုက်ပြီ ။

ဧဒင်မှာသူတို့ စားကြမဲ့အသီးကိုဝှက်လိုက်ပြီ ။
ဘုရားသခင် လဲ မလာတော့ဖူး ။ အဲလေ ... မသေတော့ဖူး ။
အမှန်တော့ ဘုရားသခင်ကတစ်ကယ်မလာတော့တာပါ ။ သူစိတ်ညစ်သွားတယ် ။
သူ့ အကြံကို လူတို့ လက်ဦးသွားတယ် ။
အာဒံကဧ၀ဆီကနေ နံရိုးတစ်ချောင်းအကြွေးရစရာရှိတယ် ။
သူမဆီကနေ စံပယ် တစ်ပွင့် အကြွေးရစရာရှိတယ် ။ ခင်ဗျားဆီကနေ အသက်တစ်ချောင်း ရစရာရှိတယ် ။
လိင်ဆက်ဆံမှု လိုအပ်တယ် ။ လူ အချင်းချင်းဆက်ဆံတာနဲ့  လိင်အချင်းချင်းဆက်ဆံတာဘာများကွာလဲ။
ဘယ်နားကွာလဲ ။ ဘာနားကွယ်လဲ ။ မကွယ်ပါဖူး ။ ကွယ်စရာမလိုဖူး ။ ကူစရာရှိလဲ မလွယ်ဖူး ။
သုံးချောင်းထောက် ( ပလောက် ... ပလောက်)
လေးချောင်းထောက် (အသံမမြည်တော့ချေ)
ကျိန်းသေပါတယ် ။ ခင်ဗျားရိုင်းမှာပါ ။  ဖလာချီ ဂွမ်းမှာပါ ။
အယူဝါဒနဲ့  ၀ါဒကိုယူတဲ့ အယူ လူလူသူသူ မသိသမျှ ခင်ဗျားရိုင်းနေမှာပါ ။ ပြီးတော့ ကျနော်လဲရိုင်းနေမှာပါ။
ဆိုကြပါစို့ ။ ဆဲကြပါစို့ ။
ငယ်နာမည် က ဖိုးထောင် အမျိုးတောင်မရှောင်ဘူး ။
စကားမစပ် တိမ်တဲ့လူတွေ နဲ့ မဆက်ဆံနဲ့ ။
တူတဲ့လိင်တွေနဲ့ တော့ ... ခင်ဗျားသဘောပေါ့ ။
မိုက်ခဲပြီး အားရပါးရ *ဆက်ဖတ်... ဆက်ဖတ်* ။ ကျနော်နားကြားမှားသွားတယ် ။ ခင်ဗျားနားကြားမှားသွားတယ်။
ပျော်ဝင်သွားတယ် ။ ပုံစံခွက်ထဲ ခုန်ချသွားတယ် ။
သူမ ၀မ်းနည်းပက်လက်ပဲ ။ ကျနော် က ၀မ်းနည်းမှောက် လျှက်(ရက်) ပဲ ။
အဲ့ဒီမှာ အာဒံက ဧ၀ ဆီက နံရိုးတစ်ချောင်း မတောင်းတော့ဖူး ။
ဝှက်လိုက်တဲ့အသီးကလဲ ကြီးကြီးလာ ။
*အ........*
အာဒံ  အန် ! ...(တာ)(ဒါ)များ မြင်တောင်မကောင်းဖူး ။
လိင် ကိုလိုနီလုပ်တာ ဟာ အပြစ်တစ်ခုလား ။
ဒီကစားပွဲ ကျနော်ရှုံးတယ် ။ ခင်ဗျားရှုံးတယ် ။ ဒီတော့ ကစားပွဲက နိုင်သွားတယ် ။
ဘုရားသခင် လဲ မလာတော့ဖူး ။ သူ လာစရာအကြောင်းလဲမရှိတော့ဘူး ။
ဘာလို့ လဲဆိုတော့ ဧဒင်မှာ သူတို့ စားကြမဲ့အသီးကို ၀ှက်ခဲ့လို့ ....။       ။



ရင်ခွင်ရှိန်း (fepb)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Powerade Coupons