2013/03/22

(မြင်လိုက်မိတဲ့ အသံဟာ ဗလာဖြစ်နေတယ်)



(မြင်လိုက်မိတဲ့ အသံဟာ ဗလာဖြစ်နေတယ်)

ပြည်လမ်းပေါ် မှာ ခြေထောက်တွေပဲ့ကျ
လျှာပေါ်ကခုတ်မောင်းလိုက်တဲ့မသတီစရာအသံနဲ့ 
ပွဲစားခါးကြားက ဖုန်းသံဟာ အလန့် တကြား
ဒုက္ခကို အတိုးနဲ့ ချေးငှားမိသလို  ...
လူကြမ်းတွေလည်း ချွေးတွေရွှဲလို့  ။

ကဒ်
အ၀ါကဒ် ၊ အနီကဒ်
အ၀င်အထွက်ညက်မှ ဆိုတဲ့ ဘီယာခွက်တွေကြား
သွားကြားညက်သွားတဲ့ အဆိုတော်မလေး
လည်ပင်းမှာ တည်းခိုခန်းကြီးအစွပ်ခံလိုက်ရသလို ။


လည်ချောင်းထဲမှာ မျိုချလိုက်တဲ့ တံတွေးသံက
ပေါင်တံဖြူဖြူတွေကြားမှာ ကလူကျီစယ်ကြ
"တောက်" ခေါက်ပစ်လိုက်တဲ့ သံချေးတက်သံဟာ
ပြည်လမ်းပေါ်မှာ လျှံကျ
ညဟာ မိန်းမပျက်ချွတ်ချလိုက်တဲ့ နောက်ဆုံးအ၀တ်စလို ။

ကြားလိုက်မိတဲ့ အရသာက
ဘယ်သူနဲ့ မှဘာမှမဆိုင်လိုက်ဖူး
ခု ဆင်းစရာ အိမ်ကို လေဟာနယ်ထဲဆောက်ပစ်လိုက်တယ် ။   ။


ရင်ခွင်ရှိန်း

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Powerade Coupons