2013/03/22

Third person ကိုယ်တိုင်တောင် မင်းရဲ့ ရင်သားကို ခိုးခိုးကြည့်နေမိတယ်။

Third person ကိုယ်တိုင်တောင် မင်းရဲ့ ရင်သားကို ခိုးခိုးကြည့်နေမိတယ်။



ရုပ်ရှင်ကားထဲက ခိုးယူထားတဲ့ လမ်းခွဲ Idea ။
မင်းကို သူက နှုတ်ဆက်ပြီးတာနဲ့ အဝေးပြေးကားဝင်းထဲ အရူးတစ်ယောက်လို မြူးတူး အော်ဟစ်
အမျိုးသမီးတွေရဲ့ ဦးနှောက်တည်ဆောက်ပုံဟာ ပိုရှုပ်ထွေးတယ် ။ ဒါကြောင့် မင်းတွေးနိုင်တယ်။ မင်း မမှားဘူး။
မင်းရဲ့ အဖေဟာ လူမှုရေးဖောက်ပြန်တယ်။ မင်းရဲ့အစ်ကိုဟာ မင်းမျက်စိရှေ့မှာတင် သူ့ဆော်နဲ့လိင်ဆက်ဆံတယ်။
ခြေချောင်းလေးတွေကုပ်ကွေး တံခါးရွက်ကို အဓိပ္ပာယ်မရှိ ဆုပ်ကိုင်ညှစ်ပစ်လိုက်မိတဲ့အခါ။
လက်ကို နောက်ပြန် ကြိုးတုပ်ပြီးမှ အဓိပ္ပာယ်ရှိသွားမဲ့ ကြင်နာမှုမျိုး ။
၂၁ ရာစုမှာ ရန်သူရဲ့ သူလျှိုဟာ မိမိရဲ့ ရိုးသားမှုပဲ။ မင်း လက်သည်းတွေ virus ကိုက်နေတယ်မှတ်လား။
တစ်ယောက်တည်းနေရင် အမဲလိုက်ဗုံသံတွေကြားသလိုလို။ ရုပ်ရှင်ကြည့်မိတော့ Triangle
သူနဲ့ first time တုန်းက မင်းရဲ့ naked ခန္ဓာကိုယ်ကို သူမြင်မှာသေမလောက် ကြောက်ခဲ့ဖူးတဲ့ မင်း။
လူဟာ တိရိစ္ဆာန်ပဲ ... *မဲ့ ပြော* ။ လူ့အဖွဲ့အစည်းရဲ့ တံတွေးခွက်လေးထဲမှာ အင်တာနက်က မင်းပုံလေးတွေ မျောလို့ ။
ခပ်ညံ့ညံ့လူတွေရဲ့ လမ်းခွဲခြင်းမှာ  ပြန်ပေးတဲ့လက်ဆောင်တွေ၊ မီးရှို့လိုက်တဲ့ ဓါတ်ပုံတွေနဲ့။
မင်း အတွင်းခံထဲ မြွေပေါက်စကလေး ၀င်နေသလိုပေါ့။
နာမကျန်းချင်ယောင်လည်းမဆောင်တတ်၊ မျက်နှာလည်းမပြောင်တတ်။ ဒါဆို လူတွေနဲ့ မင်းဘယ်လိုမှ ဖြစ်မှာမဟုတ်ဘူး။
ကျမ စဉ်းစားတယ်။ ကျမ သေပစ်လိုက်ရရင်ကောင်းမလား။ ဘယ်သူမှမပိုင်ဆိုင်တဲ့ ကျမရဲ့ကိုယ်ပိုင်သေခြင်းတရား။
လူ ကို လူ လို့ တွေးဖို့ ပြောတဲ့ လူတွေ အများကြီးသေသွားခဲ့ကြပြီ။
I won't give up လို့အော်ပြီး လူတွေအများကြီး တိုက်ပေါ်က ခုန်ချသွားကြတယ်။
ဆီလီကွန်ရင်သားကို ကိုင်မိပြီး ရူးသွားတဲ့ နှုတ်ခမ်းဖျားတွေ။ ဖြစ်ချင်ရင် ဖြစ်ဆိုပြီး
လက်ကောက်ဝတ်ကို ဓါးနဲ့လှီးလိုက်တဲ့ဟာသ။
အဖေကို ဒယ်ဒီလို့ ကျောင်းက အင်္ကျီဖြူဖြူနဲ့ ကောင်လေးခေါ်တာကြားဖူးတယ်
မြင်ကွင်းထဲမှာ လာရပ်တည်နေမှတော့ မင်းမြင်ရတော့မှာပဲ ။
အိုး ... ကျမ ...ကြိုက်တယ်။ ကြိုက်တယ်။ (ဒါဟာ ဒီအချိန်မှာ ပြောရမဲ့စကားမဟုတ်ဖူး)
သူတို့ ပါးစပ်ဖွင့်သွားပုံမှာ မင်းဟာ ကြောက်စရာကောင်းအောင်ဆွံ့အပစ်ခဲ့။
ဓါးနဲ့ ထိုးလဲသေပါတယ်တဲ့ ။ သူ့ ကို ကင်မရာထဲ ဆွဲမထည့်ခဲ့ဖူး ။ လိင်စိတ်မရှိခဲ့ဖူး အစ်ကို ။
စာရိတ္တသရေပြားပေါ်မှာဝံပုလွေတွေနဲ့ဖောက်လွဲဖောက်ပြန်။
ဒီည မိန်းကလေး တစ်ယောက်မဟုတ် တစ်ယောက်နဲ့ လိင်ဆက်ဆံခဲ့ပြီး မင်းဆီမှာပေါ်လာတဲ့ အာရုံခံစားမှု လေချဉ်။
ကျမ မှာ ခု ဂုံးထိ နေပြီ။ ဘယ်သူက ဆီးကြိုပွေ့ဖက်မှာလဲ။
ဘယ်သူ့ကိုမှ မေးခွန်းမထုတ်ရင် ဘယ်သူကမှ လိမ်ညာတဲ့အဖြေမျိုးကို ပေးစွမ်းနိုင်မှာမဟုတ်ဘူး။
သူက ပြောတယ်သိလား။ ကျမ အသုံးချတာခံရအောင်သူက ဇစ်ပါတဲ့ ငှက်ပျောသီးမဟုတ်ဘူးတဲ့။
သူရဲ့ မျက်လုံးတွေကို ထွင်းဖောက်ပြီး ကြည့်တတ်ဖို့ ကျမဦးနှောက်က အချက်မပြခဲ့ဖူး။
သူမရှိဖူးဆိုတဲ့အတွေးက သိပ်အလုပ်လုပ်တယ်။ လူ့ဘ၀ရဲ့အရသာ အစစ်ကဘာလဲ။
မေးခွန်းတွေအများကြီးမေးပြီး ဘာအဖြေမှရမသွားတဲ့ လူရဲ့ အသက်ရှင်မှုကို ဘယ်လောက်နဲ့တန်ဖိုးဖြတ်သင့်လဲ။
ဘ၀လေးတွေကို space လေးခြားကြည့်။
ကျမ အခု global ဖာ ဖြစ်နေရပြီ။ DNA လည်း ကျမ ကိုမကယ်နိုင်တော့ဘူး။
FB ပေါ်တင်ပြီး မျက်ရည်နဲ့ရေးတဲ့ status ကို သူကိုယ်တိုင်တောင် လာ Like လုပ်သွားသေးတယ်။
သူမ မှာဟိုဒင်းလိုပဲ။ လင်လည်းလိုချင်တယ် ... ဟိုဟာ ကိုလည်းကြောက်တယ်နဲ့
မျက်ရည်ထဲက အပြုံးလေးတစ်ပွင့်က လမ်းထောင့်ချိုးမှာ ၀င်တိုက်လိုက်မိတဲ့ ကော်ဖီည။
လူဟာ ဒီလိုပဲ။
Third person ကိုယ်တိုင်တောင် မင်းရဲ့ ရင်သားကို ခိုးခိုးကြည့်နေမိတယ်။





ရင်ခွင်ရှိန်း

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Powerade Coupons