ခုနှစ်ဆောင်မြိုင်မှာချွေတဲ့ တေး
ချစ်သော.....စနေမလေးရေ
မီအိမ်မက်တွေတလက်လက်ထနေတဲ့
အညတရခံစားချက်တွေနဲ့
ပန်းပုခက်မှာနားခိုမှေးစက်ဖို့
တေးသီသောလက်နဲ့ပဲ
ချော့သိပ်အပ်ပါတယ်....
ချစ်သော.....စနေမလေးရေ
မွေ့လျှော်စွာ...အိပ်စက်ပါ
စေတန်တို့ခြယ်သတဲ့ဆေးစက်
ကံကြမ္မာရဟဒ်တွေနဲ့
ကြယ်တွေလည်းအလင်းငတ်နေတယ်
မီးစ....တဖက်
ရေမှုတ်....တဖက်နဲ့
ငါ့ကို....ထိမ်းချုပ်ပါ
ဆိုင်းသံဗုံသံတွေတီးခတ်..မှော်
ဝင်တဲ့လက်နှစ်ဖက်နဲ့
ပြောင်း..ညွှတ်..ကော့..ကွေး
ရာဇ၀င်တွေလည်းအထပ်ထပ်ကပေးပါ
ချစ်သော...........စနေမလေးရေ
နင်....ဟာ...
ငါ.....မမှီနိုင်တဲ့ ....................
ပင်မြင်စံတို့ရဲ့.............သစ်ခွနက်
မိုးကိုဆန့်မြောက်ပြီး မြည်တမ်းခဲ့တဲ့
အက္ခရာကိန်းဂဏန်းတွေပြိုလဲ
ငါ့ရဲ့လက်တွေဟာ........
ဟိုအရင်ကလိုပဲ
ဖုန်မှုန့်ရနံတွေဆီကိုပဲ.......ဦးညွှတ်ခဲ့ရတယ်
ဒီကောင်းကင်ကြီးအောက်မှာပဲ
ငါ့နံရိုးတွေကိုရိုက်ချိုးလို့
ငါ့ကိုနှစ်မြုပ်ပြစ်ပါ..
နင်ဟာ.........ငါမခူးရက်ခဲ့တဲ့
အသူရာချောက်ထဲက..............ပန်းနုရောင်
ပတ္တမြားတပွင့်ပဲဖြစ်တယ်
ကံကော်ဝတ်ဆံတို့
ထုံ...သင်း...ပျံ...မွှေး
လမိုက်ည........နွေလေရူးတို့တေးဆို
ငါဆိုတာက...............ကြေကွဲခွင့်မရတဲ့
ပူလင်းတဲ့သံစဉ်တပုဒ်ပါ
မျက်ဝန်းနီနီ
နှုတ်ခမ်းကပြာလဲ့ရီ
ကိန္ဒရီလက်နဲ့ပဲငါ့အထ္ထုပ္ပတ္တိကိုချီပါ
ငွေတောင်ပြည်အပြန်လမ်းမှာလွှတ်သာချလိုက်
သူ့အတိုင်းလေပဲ...ကျပါစေ
မြူနှင်းတို့တစက်စက်ကျတိုင်း
ကြည်ပြာရောင်တခြမ်း
အစိမ်းရောင်မြက်ပင်တို့ရဲ့အနမ်းတွေနဲ့
ငါ့အထ္ထုပ္ပတ္တိကိုငါခဏခဏဖတ်ဖြစ်တယ်
မြေကိုရှစ်ခိုး...မြူခိုးတို့
ပြောင်း.....အိ.....ညွှတ်...တွဲ
ငါဟာ....ကြေကွဲခြင်းရဲ့...နိဂုဏ်း
(၀ါ)အဆုံးသတ်ကွဲ့
မိုးသောက်ယံဆီကကျေးငှက်တို့
အသက်ရှုသံတွေ......................ငါကြားတယ်
လမင်းကလည်းအနောက်ဖက်ကောင်းကင်ယံကို
ခြေဆန့်ထားတယ်
တိမ်တအုပ်ရဲ့ညှို့ယူခြင်းကိုလည်း
ခံထားတယ်
ညဉ့်ငှက်တို့တေးဆိုကျူး
ကြယ်တွေလည်းရူးပြီ
ညိုမဲရောင်ကောင်းကင်မှာ
အတောင်ပံတလက်လက်ထနေတဲ့
နှင်းမှုန်မိုးစက်တွေ
တေးသီသောလက်နဲ့ငြိမ်းအေးစေကွဲ့
ချစ်သောစနေမလေးရေ
ကြယ်ကြွေညရဲ့....ရင်ခုန်သံစည်းချက်တွေနဲ့
နံနက်နေရောက်ခြည်တွန်ချိုသံခတဲ့ထိ
မှော်ဝင်စွာအိပ်စက်နိုင်ပါစေသားကွယ်
ချစ်သော.....စနေမလေးရေ
မီအိမ်မက်တွေတလက်လက်ထနေတဲ့
အညတရခံစားချက်တွေနဲ့
ပန်းပုခက်မှာနားခိုမှေးစက်ဖို့
တေးသီသောလက်နဲ့ပဲ
ချော့သိပ်အပ်ပါတယ်....
ချစ်သော.....စနေမလေးရေ
မွေ့လျှော်စွာ...အိပ်စက်ပါ
စေတန်တို့ခြယ်သတဲ့ဆေးစက်
ကံကြမ္မာရဟဒ်တွေနဲ့
ကြယ်တွေလည်းအလင်းငတ်နေတယ်
မီးစ....တဖက်
ရေမှုတ်....တဖက်နဲ့
ငါ့ကို....ထိမ်းချုပ်ပါ
ဆိုင်းသံဗုံသံတွေတီးခတ်..မှော်
ဝင်တဲ့လက်နှစ်ဖက်နဲ့
ပြောင်း..ညွှတ်..ကော့..ကွေး
ရာဇ၀င်တွေလည်းအထပ်ထပ်ကပေးပါ
ချစ်သော...........စနေမလေးရေ
နင်....ဟာ...
ငါ.....မမှီနိုင်တဲ့ ....................
ပင်မြင်စံတို့ရဲ့.............သစ်ခွနက်
မိုးကိုဆန့်မြောက်ပြီး မြည်တမ်းခဲ့တဲ့
အက္ခရာကိန်းဂဏန်းတွေပြိုလဲ
ငါ့ရဲ့လက်တွေဟာ........
ဟိုအရင်ကလိုပဲ
ဖုန်မှုန့်ရနံတွေဆီကိုပဲ.......ဦးညွှတ်ခဲ့ရတယ်
ဒီကောင်းကင်ကြီးအောက်မှာပဲ
ငါ့နံရိုးတွေကိုရိုက်ချိုးလို့
ငါ့ကိုနှစ်မြုပ်ပြစ်ပါ..
နင်ဟာ.........ငါမခူးရက်ခဲ့တဲ့
အသူရာချောက်ထဲက..............ပန်းနုရောင်
ပတ္တမြားတပွင့်ပဲဖြစ်တယ်
ကံကော်ဝတ်ဆံတို့
ထုံ...သင်း...ပျံ...မွှေး
လမိုက်ည........နွေလေရူးတို့တေးဆို
ငါဆိုတာက...............ကြေကွဲခွင့်မရတဲ့
ပူလင်းတဲ့သံစဉ်တပုဒ်ပါ
မျက်ဝန်းနီနီ
နှုတ်ခမ်းကပြာလဲ့ရီ
ကိန္ဒရီလက်နဲ့ပဲငါ့အထ္ထုပ္ပတ္တိကိုချီပါ
ငွေတောင်ပြည်အပြန်လမ်းမှာလွှတ်သာချလိုက်
သူ့အတိုင်းလေပဲ...ကျပါစေ
မြူနှင်းတို့တစက်စက်ကျတိုင်း
ကြည်ပြာရောင်တခြမ်း
အစိမ်းရောင်မြက်ပင်တို့ရဲ့အနမ်းတွေနဲ့
ငါ့အထ္ထုပ္ပတ္တိကိုငါခဏခဏဖတ်ဖြစ်တယ်
မြေကိုရှစ်ခိုး...မြူခိုးတို့
ပြောင်း.....အိ.....ညွှတ်...တွဲ
ငါဟာ....ကြေကွဲခြင်းရဲ့...နိဂုဏ်း
(၀ါ)အဆုံးသတ်ကွဲ့
မိုးသောက်ယံဆီကကျေးငှက်တို့
အသက်ရှုသံတွေ......................ငါကြားတယ်
လမင်းကလည်းအနောက်ဖက်ကောင်းကင်ယံကို
ခြေဆန့်ထားတယ်
တိမ်တအုပ်ရဲ့ညှို့ယူခြင်းကိုလည်း
ခံထားတယ်
ညဉ့်ငှက်တို့တေးဆိုကျူး
ကြယ်တွေလည်းရူးပြီ
ညိုမဲရောင်ကောင်းကင်မှာ
အတောင်ပံတလက်လက်ထနေတဲ့
နှင်းမှုန်မိုးစက်တွေ
တေးသီသောလက်နဲ့ငြိမ်းအေးစေကွဲ့
ချစ်သောစနေမလေးရေ
ကြယ်ကြွေညရဲ့....ရင်ခုန်သံစည်းချက်တွေနဲ့
နံနက်နေရောက်ခြည်တွန်ချိုသံခတဲ့ထိ
မှော်ဝင်စွာအိပ်စက်နိုင်ပါစေသားကွယ်


Thursday, October 27, 2011
Admin
Posted in: 






0 ဦးမှတ်ချက်ရေးထားတယ်:
Post a Comment
စကားတစ်ခွန်းတော့ပြောခဲ့သင့်တယ်