2011/10/27

၂၆။ ဒီကဗျာမှာဘာမှမပါဘူး

ဒီကဗျာမှာဘာမှမပါဘူး


ဘာတွေနဲ့ ပဲခင်းခင်းပေါ့ 
ငါ့ ကျင်းက ငါ့ ကျင်းပဲ
ကွေး..ကောက်..ညွှတ်...ကျိုး...
နတ်ဆိုးတွေ ထိုးတဲ့ တယောတလက်...
ပြဿဒါးရက်တွေရောက်ရင်...
ငါ့ ရင်ဘတ်မှာ စနေနံ့ တွေသင်းတယ်..

တစ်ကိုယ်စာလား
တစ်ကွက်စာလား...
ရွှေ့ တော့ ရွှေ့ ထားမှ
အရှေ့ ဖျားဆီကနေ...စကားဝါပွင့် သံတွေလင်းသွားတာ
ငါ...ကြားတယ်....
တကယ်တော့ငါမှားနေတယ်ဆိုပေမဲ့
အဲဒါက
မှန်နေတဲ့အမှားတွေပါ

လူမိုက်ရင်ဘတ်နဲ့ မို့ ..
ကဝေအိမ်မက်ကို...တေးမဆိုဘူး...
သုညနဲ့ မျဉ်းဖြတ်တွေရှုပ်ရှက်ခက်....
ဘာပဲံဖြစ်ဖြစ်
ကံကြမ္မာက..........ယဇ်စီရင်ခဲ့တာပဲ
ဟော......
ငါ ... ဒူးထောက်ပစ်ချ
ကောင်းကင်အနားစတွေ...ပုံခနဲ ပစ်ကျလာပြီ။

0 ဦးမှတ်ချက်ရေးထားတယ်:

Post a Comment

စကားတစ်ခွန်းတော့ပြောခဲ့သင့်တယ်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Powerade Coupons