2011/10/27

၂၄။ အတိတ်ခါးခါး

အတိတ်ခါးခါး


အတိတ်ဟာ…ဘူတာရုံတချို့ကအထွက် ဥသြသံပေးလို့တေးဆိုသွားခဲ့တယ်။ အဲဒီနေ့ကကျွန်တော်မငိုခဲ့ဘူး။ သူမလည်းမငိုပါဘူး။ သူမနဲ့ကျွန်တော်ဆိုတာ ရိုးသားစွာပွင့်လန်းခဲ့သောဧဒင်ဥယျာဉ်ထဲကပန်းပွင့်လေးတွေပါ………….

ရာသီလွန်ပေမဲ့

ကိုယ့်ကိုယ်ကိုပြန်ပျိုးလို့

ပန်းတို့ပွင့်ခဲ့တယ်…….

အလွမ်း………………………ဆိုတာ

အချစ်ရဲ့ရသကို

ဆန္ဒတို့ကလက်ခတ်တစုံနဲ့တီးစဉ်

လျှံ………….ထွက်…………လာ………………..တဲ့

သံစဉ်ချိုချိုတွေပါ။

လက်ပြနှုတ်ဆက်ချိန်အတွက်မြောက်လေတချို့ဖြတ်သန်းစီးဆင်းလို့ တကယ်ကြီးကိုပဲသူမနဲ့ ကျွန်တော်ဝေးခဲ့ရတယ်။ ကျွန်တော်နောင်တမရခဲ့သလိုသူမလည်းနောင်တမရခဲ့ပါဘူး။ နှစ်ယောက်လုံးရဲ့နှလုံးသားတို့မှာ ကျောက်သားနံရံတွေ ၊ အင်္ဂတွေချပ်တွေပျက်ယွင်းမသွားခဲ့ပါဘူး
။ ဒါပေမဲ့အလွမ်းရဲ့သံမှုန်တချို့စွဲကပ်လို့ကျန်ခဲ့တယ်


လောကဓံရဲ့စေပါးချက်နဲ့

အနာဂတ်ရဲ့………………အိမ်အို

ကံကြမ္မာမုန်တိုင်းက

သွက်သွက်ခါအောင်ရိုက်ချိုးလို့

ဝင်ရိုးစွန်းတဖက်ဆီမှ

မျှော်လင့်ချက်ရောင်နီလေး

ညှိုးလျှော်သွားခဲ့ပြီ။


သူမက ရွှေလင်ဗန်းနဲ့အချင်းမဆေးရပေမဲ့ ရွှေခြေကျင်းတွေကိုတော့ထည်လဲဝတ်နိုင်ခဲ့သူပါ ။ ကျွန်တော်ဆိုတဲ့ကောင်လေးက “မင်း” မွေးခဲ့တဲ့သားမဟုတ်သလို
ထမင်းရေပူထက်အနည်းငယ်သာတဲ့ဆန်ကြမ်းကိုစားလို့ဘ၀တိုက်ပွဲကိုရဲရဲရင်ဆိုင်ခဲ့တဲ့အညတရသူရဲကောင်း………။
မတူညီတဲ့ရည်ရွယ်ချက်တို့ပြိုလဲလို့ဦးတည်ချက်တို့ကဆန့်ကျင်ဘက်မျဉ်းပြိုင်တို့ဖြစ်ခဲ့တယ်


ထုတ်ကုန်ပို့ကုန်ရဲ့ပုံစံခွက်ထဲ

ဆွဲသွင်းလို့

နှ………..လုံး………သား…………..ကို

လေလံတင်

ဈေးကစားခဲ့တယ်

ကဲ…………ခင်ဗျားတို့ပဲစဉ်းစားကြည့်စမ်းပါ။

နှလုံးသားတွေချည်တင်ရောင်းတဲ့

Super Marker လိုဆိုင်မျိုးတွေ့ဘူးခဲ့ပါသလား။


သူမက ကမ္ဘာကြီးကိုပြုပြင်မယ်၊ ပြင်ဆင်မယ်၊ လိုအပ်တာတွေဖြည့်ဆည်းလို့စိမ်းလန်းစေချင်တယ်.။ ကျွန်တော်ကသူမနဲ့ဆန်ကျင်ဘက်ကမ္ဘာကြီးကိုကိုယ့်တိုက်ပွဲကိုယ်နွှဲလို့ကိုယ်မြို့ရိုးကိုယ်လုံစေချင်ခဲ့တယ်..
၁၉၉ရ ၊၉၈ သံယောဇဉ်ကြိုးတို့ဆွေးမြေ့လို့ပွန်းရိပြတ်တောက်ခဲ့တယ်.။ ယနေ့ထိကျွန်တော့ရင်ထဲမှာသူမရှိနေခဲ့ပါတယ်….သို့သော်…………..

သူမရင်ထဲတွင်တော့…………ကျွန်တော်ရှိနိုင်ခဲ့မည်လော...................

ကောင်မလေးရေ...

အချစ်က...သံယောဇဉ်မိုးတို့

သွန်းဖြိုးလို့နှလုံးသားသို့ဖြတ်သန်းစဉ်

စီဆင်းလာတဲ့ရေစင်စက်ကလေးတွေဆိုတာ

နင်မသိခဲ့တာလား....

မသိခဲ့ပါသလား.......



0 ဦးမှတ်ချက်ရေးထားတယ်:

Post a Comment

စကားတစ်ခွန်းတော့ပြောခဲ့သင့်တယ်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Powerade Coupons