အဲဒီနေ့က…
ကျနော့် မနက်ခင်းမှာ ခရမ်းရောင်ဆေးစက်တွေအုပ်မိုးဖို့
ဗီးနပ်စ်ကိုလှုပ်နှိုးစေခဲ့တာလား…မေရီရေ
တကယ်တော့…..
တံခါးခေါက်သံလေးတစ်ချက်နဲ့
ကျနော်ကလည်း
သောကြာလို့ စာလုံးပေါင်းမပြတတ်တာခက်တယ်
မေရီဟာ ကျနော့်အတွက်
မီးရောင်စုံတွေနဲ့ ဖွံ့ဖြိုးဆဲမြို့ပြလေးပါ
အဲဒီမြို့လေးမှာ….
ကျနော့်အနာဂတ်ကိုအုပ်မိုးမယ့် ကန်ရေလို
တည်ငြိမ်အေးချမ်းမှု့မျိုးတွေရှိတယ်
ဖူးပွင့်မှုတွေနဲ့ အရွယ်ရောက်စ ချစ်ခြင်းမေတ္တာတွေရှိတယ်
လွတ်လပ်မှု့တွေနဲ့
ခေတ်သစ်အတွေးအခေါ်အိမ်လေးတစ်လုံးရှိတယ်
ပျှော်ရွှင်ကြည်နူးစရာ မိသားစုဘ၀ရယ်၊
ထင်းရှုးပင်တွေရယ်၊ လဖက်ခင်းတွေလည်းရှိတယ်။
ကျနော်ကလည်းခက်တယ်…မေရီရေ
မပြစ်မှားအပ်တဲ့အရပ်ကိုမှပန်းနုရောင်သွေးစက်တွေနဲ့
၃၆၀ ဒီဂရီ စီးဆင်း
ဂ ငယ်ကွေ့ ကွေ့နေတဲ့မြစ်တစ်စင်းလိုပဲ
ချစ်တယ်လို့တစ်ခွန်းပြောရုံနဲ့
မြို့ပြလေး ငိုသံစုံအောင် အစွမ်းကုန်စီးဆင်းပြစ်မယ်။
ကျနော် တို့ အလင်းတွေ သည်းသည်းလှုပ် ကျဆင်းတဲ့တစ်နေ့
ကျနော် တို့အရွှေ့တွေ လျှပ်စစ်မျှင်တန်းလို့သွယ်တန်းစီးဆင်းတဲ့တစ်နေ့
ကျနော့် ရင်ဘတ်မှာ မေရီကို စကားဝှက် အဖြစ် ဖမ်းဆုပ်ခွင့်ရချင်မိ။ ။
စာကြွင်း။ ။ (ကျနော့ ကဗျာထဲက မိန်းမပျိုဟာ ကျနော့အတွက် ပေးဆပ်မှုတွေနဲ့ ထာဝရ ဘုရားသခင်)
သက်ဝေ
၂၃၊၁။၂၀၁၄
ကြာသပတေးနေ့


Wednesday, March 12, 2014
Admin
Posted in: 





