2013/03/22

ဥပမာ ... ခင်ဗျားသိပ်ချစ်ရတဲ့ မိန်းမကို သူများ Rape လုပ်သွားမှာကြောက်တဲ့ခံစားမှုမျိုး ။

ဥပမာ ... ခင်ဗျားသိပ်ချစ်ရတဲ့ မိန်းမကို သူများ Rape လုပ်သွားမှာကြောက်တဲ့ခံစားမှုမျိုး ။

လေးနာရီနဲ့ နှစ်ဆယ်ကွက်တိ  ... ။
သံချေးတက်နေတဲ့ မျက်ဝန်းတွေ ကို ကွန်ဒုံး စွပ်ပေးစရာလိုမလား ... မင်းပဲ ဖြေလိုက်တော့ ဘာလား ။
မာကျောမှု = 0 , ပျော့ပြောင်းမှု = 0 ။
Art for fuck's sake! မှိုလိုလို ဒိုလိုလို တွေနဲ့ လည်း ဝေးအောင်နေ ။
Plato က အနုပညာသမားတွေကိုနိုင်ငံတွင်းမှ မောင်းထုတ်စေချင်ခဲ့တဲ့ပုံ ...။
စောက်တလွဲဂီယာကို တဆုံးထိုးမိပြီးမှ ... နင်းစရာ ဘရိတ်ဟာ လူ့အဖွဲ့အစည်းကြီးမှန်းသိ
အလာကောင်းပေမယ့်အခါနှောင်းသွားခဲ့ပါပြီတို့ ဘာတို့  ...
အထက်စီးဆန်တဲ့ မင်းရိုးသားမှုတွေလား ??? ဟက် ...
ဖြစ်နိုင်ရင် မင်းကို ကပ္ပလီ ပစ္စည်းတွေနဲ့ လက်ပွန်းတတီးနေကြည့်စေချင်တယ်
သစ္စာဖောက်တို့ သွားရာလမ်းမှာ သွေးချောင်းစီးသွားတယ်တို့ ဘာတို့ ....
စိတ်သေမှု ၊ တသီးပုဂ္ဂလ အတ္တလွန်ကဲမှု ၊ ဆန့် ငင်ဆန့်ငင် သံယောဇဉ် ... ဘာ ? ညာ
ငါ လာတုန်းက နင်မနိုးဘူးလေ ။
နင့်ရင်သားပေါ်ထိုးထားတဲ့ ငါ့နာမည်တက်တူးကို နောက်ဘဲက... အလှဖတ်သွားတယ် ... FUCK
ကိုင်ရိုက်ခွဲပစ်လိုက်ရမဲ့ သွေးကြောင်မှု ... ခဲလွတ်ဆင်ခြင်ဥာဏ်။
ဒီမှာလာကြည့် ... မီးဝိုင်းနေတဲ့ အရူး၊ ဘင်လာဒင်နဲ့ ခင်မာလွင်။
အိမ်ထပ်ခိုးလေးပေါ်ကနေ လရောင်အောက်က မျက်ဝန်းကို တိုးတိုးလေးနမ်းပါရစေ တို့ ...
အဲ့ဒီလို စောက်တလွဲပေါင်းများစွာပြီးမှ
ခရေပန်းလေးကို တောစီးဖိနပ်ကြီးနဲ့ နင်းချလိုက်တဲ့ နိမိတ်ပုံမျိုးတို့ ...
ဘာမှမရှိဘူး။ တစ်ကယ်ပြောတာ ...ကိုယ်တွေ့ဖူးတဲ့မိန်းမတွေဆီမှာ ဘာမှကို မရှိတာ။
ရင်ဖုံးအင်္ကျီ၊ ချိတ်ထမီအောက်က ကလပ်ညတွေ ... ချိုပါရဲ့လား အမိ
ခင်ဗျားသိပ်မြတ်နိုးရတဲ့ မိန်းမတစ်ယောက်ဟာ အခြားယောက်ျားတစ်ယောက်နဲ့ လိင်ဆက်ဆံနေတဲ့မြင်ကွင်းမျိုး မြင်တွေ့ဖူးပါသလား
သိပ်ကို နိုင်ငံခြားဆန်လွန်းတဲ့ Scene မို့ မျက်ဝန်းထဲကမထွက် ...။
အိမ်မွေးခွေးလေးက ကိုယ့်ကို လာကိုက်ဆွဲ ။  မင်းမျက်ဝန်းထဲကကြောက်လန့်တကြား Half-feel ကို ကိုယ်ခံစားကြည့်ချင်တယ်။
တောက် ....။



ရင်ခွင်ရှိန်း

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Powerade Coupons