2011/10/25

၅။ စတုရန်း

တုန်း

ဒီလိုနဲ့ ပဲ...
အဆုံးသတ်သွားတယ်...
ဟုတ်တယ်...ဒါဟာ အဆုံးပဲ...
ဒါဟာ နိဂုံးပဲ...


လမ်းရဲ့ တစ်ဖက်မှာ ငါ့ အသက်နဲ့ 
နင့် လက်ဖ၀ါးမှာ...ငါ့ စာမျက်နှာ
နင့် လက်ဗွေရာနဲ့ ပဲ...
ငါ ...ဟာ...ပစ်မှုပေါင်းများစွာကျူးလွန်ခဲ့ ...



ငါ့ မှာ...ဆောင်းရဲ့ သင်းရနံ့ ကိုနွေအမှတ်နဲ့ ..
ရှုနေရ...ရှိုက်ချနေရ...
ဒဏ်ရာတွေကို.သီလို့ 
တစ်ကိုယ်စာ...ဆင်မြန်း..
ငါဟာ.... မျက်ကန်းတစ္ဆေမကြောက်
ဒါနဲ့ ပဲ...ရွာရိုးကိုးပေါက်ဝေးကြတယ်ဆိုပါတော့... (ရင်ခွင်ရှိန်း)




သူ့ အနာဂါတ်မှာ ပန်းပန်ပေးချင်တဲ့ ...
အကောင်းစားရင်ဘတ်ကပွင့် တဲ့ ...
မျှော်လင့်ခြင်းမိုးတိမ်တစ်အုပ်...
ခု..ခပ်သုတ်သုတ်နဲ့ ပဲ...
အညတရ မိုးရေစက်အဖြစ်...ရွာချ...ရွာကျ...



မှောင်လိုက်တာ
ပိန်းပိတ်အောင်မှောင်လိုက်တာ...
ဘယ်မှာလဲ...အခုတော့ ...
သူ့ ကို ဒဏ္ဍာရီပုံပြင်တစ်ပုဒ်လိုပဲ...ဖတ်လိုက်ရတယ်..
အလင်းငတ်တယ်...
တစ်စက်စက်ကျနေတဲ့ ...ဖျော့ တော့ တော့ ... မနက်ဖြန်လား
သို့ တည်းမဟုတ်...
သက်တန့် အိမ်မက်လား...


အချစ်ကို အတ္တအရောင်ဆိုးပေးမိခဲ့ တာလား
ဘယ်လိုမျိုးလဲ...
ဥပမာတစ်ခုခုနဲ့ တောင် မပစ်မှားအပ်တဲ့ ...
အချစ်သက်သက်တွေနဲ့ ပါ...


အဲ့ ဒါနဲ့ ပဲ...
ကိုယ့် ကန့် လန့် ကာ...ကိုယ်ချရင်း...
သူနဲ့ ကျွန်မကြား...
အနက်ရောင်ပိတ်ကားတစ်ချပ်ခြားသွားတယ်.... (သခင်မ)






အရင်ကတည်းက.......တစ်(၁).........ပါ
နင့်ရဲ့တန်ဖိုးတွေ
နင့်သီအိုရီတွေနဲ့ပဲ
ငါ့မှာ.......
ပေါင်းစပ်ခြင်းတွေလုပ်နေရတယ်


နင့်လက်ဖ၀ါးတစုံရဲ့
အုပ်မိုးမှု့ကို
ကောင်းကင်ပျိုအမှတ်နဲ့
............ကြည်နူးနေခဲ့ရ..


တကယ်တမ်းကျတော့
ငါ့ရင်ထဲကပန်းခူးမိတဲ့လက်မှာ
ဘာခံစားချက်မှမပါခဲ့ဘူး..


အဲဒီလိုနဲ့...
ငါခွင့်မပြုတဲ့မနက်ဖြန်တိုင်းမှာ
ပန်းတိုင်းကိုနင်ကပွင့်လို့
နမ်းရှိုက်ခွင့်တွေထဲက
ရုန်းထွက်ခဲ့မိတယ်.......။ (သက်ဝေ)



အလိုကြီးမိလို့ အရနည်းခဲ့တာပါ..
အကြည့်တချက်အတွက်ဆို
တသံသရာလုံး ရှုံးနိမ့်ပါစေ
အပြုံးမပျက်တဲ့ပီတီနဲ့မိုက်မိုက်မဲမဲစီးဆင်းနေမဲ့မြစ်လေ



သူပြောလိုက်တဲ့စကားတွေတိုင်း
ဓါးသွားတွေဘယ်လောက်ထက်ထက်
ကျွန်မ..ကျေနပ်နေမိတာလဲ ခက်တယ်

တစ်ဘ၀စာထုံးမယ်စိတ်ကူးပေမဲ့
အချည်မတတ်လို့
ပြေပျက်ခဲ့တဲ့သံယောဇဉ်ဆက်ထုံး
ဘယ်လိုနည်းသုံးသုံး
မျှော်လင့်ခြင်းသစ်ပင်ကပန်းတပွင့်တောင်ကြွေကျမလာခဲ့ဘူး


လိုတာထက်ပိုပြီး ပျိုးခဲ့မိမှတော့
အချစ်တွေနေ၀င်စောခဲ့တာ မဆန်းပါဘူးလေ
♥♥တကယ်ဆိုသံယောဇဉ်တွေနေပြောက်ထိုးမှာစိုးလို့
ရှိသမျှအားနဲ့အရိပ်မိုးပေးခဲ့ယုံပါ



ရင်နဲ့ခတ်တောင်မီးကပွင့်မလာတော့
အဲ့ဒီ့အမှန်ဝေးတဲ့နေ့ရက်တွေထဲမှာ
ကိုယ့်ကြမ္မာ ကိုယ်ပြန်ဖွင့်ကြည့်တော
ကောင်းကင်တစ်ခုရဲ့အက်ကြောင်းထဲ
ဆတ်ခနဲကြွေကြသွားတဲ့ပန်းတပွင့်ကို.........တွေ့လိုက်ရတယ်....... (အန်နာ)

0 ဦးမှတ်ချက်ရေးထားတယ်:

Post a Comment

စကားတစ်ခွန်းတော့ပြောခဲ့သင့်တယ်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Powerade Coupons