၃+၄=၁၈၀
ဖြတ်သွားဖြတ်လာရင်း အဖြတ်ခံလိုက်ရတဲ့
ခြေထောက်တွေရဲ့ မျက်ရည်ရနံ့ ရတယ် ။
ကားဘရိတ်အုပ် သံမှာ
ဆာလောင်နေတဲ့ သေခြင်းတရားက ခန့် ခန့် ညားညားနဲ့ ပျော်ဝင်လို့  ...။
တစ်ကယ်ဆို ဖုန်းခေါ်သံတစ်ချက်နဲ့ တင်
အမေ့မျက်ရည်တွေကို ခြေဆေးတတ်ခဲ့သူပါ
ယဉ်ကျေးမှုဆိုတာ ကြားဖူးနားဝ ပုံပြင်လို
ဒိုးတစ်ခုနဲ့ တစ်ခုအပြိုင်ပစ်ရင်း
စည်းဝိုင်းထဲမှာ ပင်လယ်ဟာပြာအတိ ။
လူမှုပတ်ဝန်းကျင်ဆိုတာ
စက်ခလုပ်တွေလိုအသေကြီးနဲ့ ရှင်နေတာပါ
ပြောစရာစကားဆိုတာထက်
စကားဖြစ်အောင်ပဲ ပြောကြခြင်းက
အရည်ပြားပေါ်က အယ်(လ်)ကိုဟောရဲ့
အလာ့ဂျစ်ထခြင်းတစ်မျိုးပဲ ။
ခု ,,,,
မကြည့်မိအောင် ကြည့်နေတယ် ။ ။
(ရင်ခွင်ရှိန်း)
၃+၄=၁၈၀
ဘ၀ကို ဒေါင်းချိုးတခုလို့မြင်တဲ့အချိန်မှာ
မွန်းကြပ်မှုတွေ ပါလာတယ်
ခါးပိုက်နှိုက်တွေ ငါ့အပူတွေကို ခိုးသွားကြလို့
တော်ပါသေးရဲ့…….
ရာဇ၀င်ထဲကသူရဲကောင်းတွေထက်
သူ့အသက် နဲ့ ငါ့တညလဲသွားတဲ့ “ခြင်” တကောင်ရဲ့
သတ္တိကို ငါပိုလေးစားတယ်
ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့အစာရှာခြင်းမှာ
ရိုး သား မှု တွေ ပါ တယ် လေ…..
ရပ်နေလို့ ဘာမှမဖြစ်လာဘူး
ဒါဆို မရပ်ပဲ ဆက်သွားရင်ကော ဘယ်ရောက်မှာလဲ
တနေရာရာ ရောက်မှာကော သေချာလို့လား
မမျှော်လင့်ပဲ ရောက်ခဲ့တဲ့နှစ်နေရာကိုရော
ကိုယ်တိုင်သွားခဲ့တာလား
ကျနော် သံသရာဆိုတာကို သံသယ ရှိနေပြီ……..
သေချာတယ်
ကျနော့် ကမ္ဘာတခြမ်းမှာ
သစ်ပင်တွေ မရှိတော့ဘူး……။
(အေးချမ်း)
၃+၄=၁၈၀
ကန့်လန့်ဖြတ်သွားတဲ့ရမ္မက်တွေကြားမှာ
ဆန္ဒတွေစိတ်ရှိလက်ရှိပျှော်ဝင်ဖြစ်မိတယ်
တကယ်ဆိုဝတ်မှုံကူးခြင်းအစမှာ
ရနံနဲ့အာသီသဒွိဟမဖြစ်သင့်ဘူး
မျဉ်းပြိုင်နှစ်ကြောင်းရဲ့ဟန်ချက်ညီညီလျှောက်မှု့
နောက်ကွယ်ကမိုက်မဲခြင်းအပိုင်းအစကို
မရဏမင်းရဲ့ချောင်းဟန့်သံလိုကြောက်မိတယ်
အသိတရားနဲ့နေလာတဲ့သိက္ခာမရှိတဲ့လောကကြီး
အသင်ပဲကျွန်ုပ်ကိုသင်းကွတ်ပေးပါလော့
သိတတ်မှု့နဲ့သိမှု့နယ်ပယ်မှာ
မသိစိတ်ထဲမှာသိနေတာနဲ့သိစိတ်ကမသိနေတာ
သံသရာရထားပေါ်ကခရီးသွားခြင်းတစ်မျိုးပါ
စကားမပြောခင်အစာကိုကျေညက်အောင်ဝါးစားပါ
အရည်မှည့်နေတဲ့ဘီယာအရက်လိုပစ္စည်းမျိုးကို
ဘုရားမကြိုက်၍ကျွန်ုပ်အတန်ကြာစွန့်ပြစ်ထားပါ၏
အမည်းရောင်ပညတ်တွေကိုကျောပိုးထားတဲ့
ကျောက်သင်ပုန်းထက်က
အဖြူရောင်လွင့်နေတဲ့ဝါကျင့်ကျင့်အက္ခရာတွေရေ...
သုညကနေ၀လုံးဖြစ်အောင်သင်ပေးတဲ့
လောကဓံရှစ်ပါးကို....
ကျွန်ုပ်ကပဲပြန်ပြီးကောင်းချီးပေးပါရစေ...
(သက်ဝေ)
ဖြတ်သွားဖြတ်လာရင်း အဖြတ်ခံလိုက်ရတဲ့
ခြေထောက်တွေရဲ့ မျက်ရည်ရနံ့ ရတယ် ။
ကားဘရိတ်အုပ် သံမှာ
ဆာလောင်နေတဲ့ သေခြင်းတရားက ခန့် ခန့် ညားညားနဲ့ ပျော်ဝင်လို့  ...။
တစ်ကယ်ဆို ဖုန်းခေါ်သံတစ်ချက်နဲ့ တင်
အမေ့မျက်ရည်တွေကို ခြေဆေးတတ်ခဲ့သူပါ
ယဉ်ကျေးမှုဆိုတာ ကြားဖူးနားဝ ပုံပြင်လို
ဒိုးတစ်ခုနဲ့ တစ်ခုအပြိုင်ပစ်ရင်း
စည်းဝိုင်းထဲမှာ ပင်လယ်ဟာပြာအတိ ။
လူမှုပတ်ဝန်းကျင်ဆိုတာ
စက်ခလုပ်တွေလိုအသေကြီးနဲ့ ရှင်နေတာပါ
ပြောစရာစကားဆိုတာထက်
စကားဖြစ်အောင်ပဲ ပြောကြခြင်းက
အရည်ပြားပေါ်က အယ်(လ်)ကိုဟောရဲ့
အလာ့ဂျစ်ထခြင်းတစ်မျိုးပဲ ။
ခု ,,,,
မကြည့်မိအောင် ကြည့်နေတယ် ။ ။
(ရင်ခွင်ရှိန်း)
၃+၄=၁၈၀
ဘ၀ကို ဒေါင်းချိုးတခုလို့မြင်တဲ့အချိန်မှာ
မွန်းကြပ်မှုတွေ ပါလာတယ်
ခါးပိုက်နှိုက်တွေ ငါ့အပူတွေကို ခိုးသွားကြလို့
တော်ပါသေးရဲ့…….
ရာဇ၀င်ထဲကသူရဲကောင်းတွေထက်
သူ့အသက် နဲ့ ငါ့တညလဲသွားတဲ့ “ခြင်” တကောင်ရဲ့
သတ္တိကို ငါပိုလေးစားတယ်
ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့အစာရှာခြင်းမှာ
ရိုး သား မှု တွေ ပါ တယ် လေ…..
ရပ်နေလို့ ဘာမှမဖြစ်လာဘူး
ဒါဆို မရပ်ပဲ ဆက်သွားရင်ကော ဘယ်ရောက်မှာလဲ
တနေရာရာ ရောက်မှာကော သေချာလို့လား
မမျှော်လင့်ပဲ ရောက်ခဲ့တဲ့နှစ်နေရာကိုရော
ကိုယ်တိုင်သွားခဲ့တာလား
ကျနော် သံသရာဆိုတာကို သံသယ ရှိနေပြီ……..
သေချာတယ်
ကျနော့် ကမ္ဘာတခြမ်းမှာ
သစ်ပင်တွေ မရှိတော့ဘူး……။
(အေးချမ်း)
၃+၄=၁၈၀
ကန့်လန့်ဖြတ်သွားတဲ့ရမ္မက်တွေကြားမှာ
ဆန္ဒတွေစိတ်ရှိလက်ရှိပျှော်ဝင်ဖြစ်မိတယ်
တကယ်ဆိုဝတ်မှုံကူးခြင်းအစမှာ
ရနံနဲ့အာသီသဒွိဟမဖြစ်သင့်ဘူး
မျဉ်းပြိုင်နှစ်ကြောင်းရဲ့ဟန်ချက်ညီညီလျှောက်မှု့
နောက်ကွယ်ကမိုက်မဲခြင်းအပိုင်းအစကို
မရဏမင်းရဲ့ချောင်းဟန့်သံလိုကြောက်မိတယ်
အသိတရားနဲ့နေလာတဲ့သိက္ခာမရှိတဲ့လောကကြီး
အသင်ပဲကျွန်ုပ်ကိုသင်းကွတ်ပေးပါလော့
သိတတ်မှု့နဲ့သိမှု့နယ်ပယ်မှာ
မသိစိတ်ထဲမှာသိနေတာနဲ့သိစိတ်ကမသိနေတာ
သံသရာရထားပေါ်ကခရီးသွားခြင်းတစ်မျိုးပါ
စကားမပြောခင်အစာကိုကျေညက်အောင်ဝါးစားပါ
အရည်မှည့်နေတဲ့ဘီယာအရက်လိုပစ္စည်းမျိုးကို
ဘုရားမကြိုက်၍ကျွန်ုပ်အတန်ကြာစွန့်ပြစ်ထားပါ၏
အမည်းရောင်ပညတ်တွေကိုကျောပိုးထားတဲ့
ကျောက်သင်ပုန်းထက်က
အဖြူရောင်လွင့်နေတဲ့ဝါကျင့်ကျင့်အက္ခရာတွေရေ...
သုညကနေ၀လုံးဖြစ်အောင်သင်ပေးတဲ့
လောကဓံရှစ်ပါးကို....
ကျွန်ုပ်ကပဲပြန်ပြီးကောင်းချီးပေးပါရစေ...
(သက်ဝေ)


Tuesday, October 25, 2011
Admin
Posted in: 






0 ဦးမှတ်ချက်ရေးထားတယ်:
Post a Comment
စကားတစ်ခွန်းတော့ပြောခဲ့သင့်တယ်