2011/10/25

၂။ ကျွန်တော်သိပ်ချစ်ခဲ့ပါသည်မနှင်းဆီ

ကျွန်တော်သိပ်ချစ်ခဲ့ပါသည်မနှင်းဆီ

ကောင်းကင်ရဲ့လေးခွင်းသံအဆုံး
မြေမှုန်တွေကို....
အားကိုးတကြီးဆုပ်ကိုင်ထားတဲ့
....သစ်ခြောက်ကိုင်းရဲ့လက်မှာ
အရင်လို...ပန်းတွေမပွင့်နိုင်ရှာဘူး.....မနှင်းဆီ

တိမ်တွေရူးတဲ့နေ့
လေညှင်းကပွင့်ဖတ်တွေခြွေတဲ့နေ့
ဟော့ဒီကောင်းကင်ကြီးပေါ့
မိုက်မိုက်မဲမဲငိုရှာတယ်

မသမာမှု့တွေကလက်ယက်ခေါ်ခဲ့လို့
ယဉ်ယဉ်ကျေးကျေးပဲရူးခဲ့မိတာ
´လေ´ဆိုတာကိုအဆုပ်ထဲပြန်ရှုသွင်းဖို့
အချိန်အတော်ယူစာလုံးပေါင်းနေရပြီ...မနှင်းဆီ

မနှင်းဆီရေ.....
ကျနော့ကမ္ဘာမှာခင်ဗျားမရှိတာကလွဲလို့
အရာအားလုံးကစနစ်တကျမှားယွင်းစွာလည်ပတ်
လေးလံထိုင်းမှိုင်းတဲ့လောကကြီးရဲ့
သက်ပြင်းချသံတွေကြားမှာ
အေးအေးဆေးဆေးပဲငြီးငွေ့ဖြစ်မိတယ်

ကျနော်သွားတဲ့နေရာတိုင်း
အဲဒီ..........မိုးမင်းကရွာ
ကန်ရာသီဖွားအတွက်ဒဿနတွေဟာ
အရည်ကျို သောက်ခဲ့မိတဲ့
ပြစ်ချွဲချွဲ ဟမ္မလာ တစ်ခွက်လား.............မနှင်းဆီ

ရာသီစာတွေစားသုံးတတ်ခဲ့ဖို့ဆိုတာ
ညညဆိုမနှင်းဆီအနားရောက်နေတဲ့
ကျနော့ကိုယ်ပွားတစ္ဆေက
ကိုယ့်လိပ်ပြာကိုယ်မလုံရှာဘူးလေ

မုန်းပါ ။ မေ့ပါ။ ရက်စက်ပါ
ဒီဝေါဟာရတွေက ဓါးသွားတွေထက်
ခင်ဗျားနဲ့ကျနော်
တစ်ယောက်ကိုတစ်ယောက်ဖက်ပြီး
မိုးလေ၀သခန့်မှန်းချက်မရှိတဲ့
မုန်တိုင်းတစ်ခုမွေးဖွားခဲ့တယ်

ကဲ.....မနှင်းဆီရေ
နေရောင်ခြည်ကိုခြုံပါ
လေကောင်းလေသန့်တွေကိုပုံတူမျိုးပွား
ဆောင်းတွင်းရောက်ရင်ရေချိုးမ, မှားပါစေနဲ့
အရင်ကမိုးရွာမှာကြောက်နေတတ်တဲ့ကောင်လေး
သူလိုကိုယ်လို ပဲ ဆွေးတယ်။

သက်ဝေ
18.11.2010

0 ဦးမှတ်ချက်ရေးထားတယ်:

Post a Comment

စကားတစ်ခွန်းတော့ပြောခဲ့သင့်တယ်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Powerade Coupons