2014/04/03

Zawgyi Font , Zawgyi Keyboard ပြဿသနာ(သို့) မြန်မာစာ ပြဿနာများဖြေရှင်းနည်း




ဒီပြဿနာလေးကတော့ Window 7 x32bit မှာ ဖြစ်ခဲပါတယ်... x64bit မှာဆိုရင်တော့ဖြစ်တတ်ပါတယ်...
 .. ဒါပေမဲ့ ဒီနေ့ သူငယ်ချင်း တစ်ယောက်က Zawgyi font  လဲ ထည့်ပြီးပြီတဲ့ မြန်မာစာတွေ ဖတ်လို့ရပြီး
ရေးလို့မရလို့ပါ Window 7 x32bit မှာပါတဲ့ ကူညီပါဦး
...တဲ့.. ကျနော့ အတွေ့အကြုံအရ ဆိုရင်တော့
Zawgyi Font /Zawgyi Keyboard က Window 7 x32bit အတွက်ဆိုရင် Click နှစ်ချက် သုံးချက်လောက် နှိပ်ပေးရုံနဲ့တင်အဆင်ပြေသွားပါတယ်... x64bit အတွက်သာ နည်းနည်းခတ်တာပါ ဒါ့ကြောင့် ဖြစ်ခဲတယ်လို့ပြောရတာပါ..:)



အရင်ဆုံး မိမိတို့ ကွန်ပြူတာ အတွက် Zawgyi Font နဲ့ Keyboard ကို အောက်က Link တွေကတဆင့် အရင်ဆုံး ဒေါင်းယူပါ..။

  Zawgyi Font x32bit အတွက်  ဒီမှာ ဒေါင်းယူပါ
Zawgyi Font x64bit အတွက် ဒီမှာ ဒေါင်းယူပါ ..။


ပထမ Link ဖြစ်တဲ့ Zawgyi Font x32bit ထဲမှာ 64bit အတွက်ရော တစ်ခါထဲ ထည့်ပေးထားပါတယ် ... Window 32bit အတွက်ဆိုရင် Rar ဖိုင်လ်ထဲမှာပါတဲ့  Zawgyi Font For 32bit.EXE ကို Double Click နဲ့  Install လုပ်ပေးလိုက်ရင် ရေး/ဖတ် လို့ရသွားပါပြီ... Window 64bit အတွက်ဆိုရင်တော့ Zawgyi Font For 32bit.EXE ကို စောစောကအတိုင်း Install လုပ်ပါ .. ပြီးရင် Zawgyi Font For 64bit ဖိုလ်ဒါကို ဖွင့်ပါ .... အထဲက 64bit အတွက် Double Click နဲ့ Run ပေးလိုက်ပါ.exe  ဆိုတဲ့ exe ဖိုင်လ်လေးကို Double Click နဲ့ Run ပေးလိုက်ရင် ရေး/ဖတ် လို့ရသွားမှာပါ ... တကယ်လို့  ရေး/ဖတ် မရသေးဘူးဆိုရင် စက်ကို Restart ချပေးလိုက်ပါ...။


နောက်ဖြစ်တတ်တဲ့ Zawgyi ပြဿနာတွေကိုတော့ အောက်မှာ ဆက်ဖတ်ပေးပါ...။

 
ကဲ Zawgyi Font လည်းရှိတယ် မြန်မာစာတွေလည်း ဖတ်လို့ရနေပြီးတော့ ရေးလို့မရဘူးဆိုရင်ဒီအတိုင်းသာလုပ်ပေးလိုက်ပါ.... .အဆင်ပြေသွားပါလိမ့်မယ်..
ပုံလေးတွေနဲ့နားလည်လွယ်အောင်တင်ပေးလိုက်ပါတယ်နော်.. .:)
 
Start > Control Panel ကိုသွားလိုက်ပါ..


ကျန်တာလေးတွေကိုတော့ ပုံလေးတွေအတိုင်းသာ ဆက်လုပ်သွားလိုက်ပါ..။


ပုံမှာပြထားသလို English (United States) - US ကိုရွေးပေးပါ ရွေးပြီးသားဆိုရင် ဒီအဆင့်ကို ကျော်လိုက်ပါ ။ Add ကို ဆက်နှိပ်ပါ...


 စောစောက ရွေးထာတဲ့ English (United States) ကို ရှာလိုက်ပါ တွေ့ရင် English (United States) ကို Click နှစ်ချက်နှိပ်ပါ... ပြီးရင် အောက်နားက ကပ်လျှက် Alpha Zawgyi Myanmar Unicode 2008 ရဲ့ရှေ့ကအကွက်လေးမှာ Click တစ်ချက်နှိပ်ပြီး အမှန်ခြစ်လေးတပ်ပေးပြီး OK ကိုနှိပ်လိုက်ပါ..


အပေါ်ကပုံလေးလို  အစိမ်းရောင်နဲ့ ပြထားတဲ့ Alpha Zawgyi Myanmar Unicode 2008 လေးရောက်လာရင် Apply > OK ပေးပြီး ဖွင့်ထားတဲ့ Box တွေအားလုံးပိတ်လိုက်ပါတော့ ... ကွန်ပြူတာရဲ့ Taskbar ကညာဘက်ထောင့်နားလေးမှာ .....


အဲ့ဒီလို Keyboard ပုံလေးပေါ်လာပြီဆိုရင် .... ကွန်ပြူတာ Keyboard ပေါ်က Ctrl + Shift ကိုတပြိုင်ထဲနှိပ်ပြီး မြန်မာလိုနဲ့ + အင်္ဂလိပ်လို ကို တမျိုးစီပြောင်းပြီး  ရေးလို့ရနိုင်ပါပြီခင်မျာ .... ။ 

တချို့ Website တွေမှာ Myanmar 3 Unicode နဲ့ရေးထားလို့ ဖတ်မရဖြစ်နေရင်တော့  ဒါလေးကို  ဒေါင်းယူပြီး  



Install ကိုနှိပ်ပေးလိုက်ပါ...။
နောက်တစ်ခုက New User တိုင်းအဖြစ်များတတ်တဲ့  Gtalk မှာ မြန်မာလိုရိုက်လို့ ရေးလို့ရပြီး Enter ခေါက်လိုက်မှ လေးထောင့်တုံးတွေ ဖြစ်သွားတတ်တဲ့ ပြဿနာ, Folder တွေမှာ (Desktop ပေါ်မှာ) မြန်မာလိုရေးထားတာတွေဟာ လေးထောင့်တုံးတွေ ဖြစ်သွားတဲ့ ပြဿနာဖြေရှင်းနည်းလေးတွေ
ကိုတော့ကိုတော့ ဒီနေရာမှာ နဲ့ ဒီနေရာမှာ  လေ့လာနိုင်ပါတယ်....။

 အားလုံးအဆင်ပြေကြပါစေ.... Credit to ဇော်မင်းနိုင်(YAU)
မောင်သက်ဝေ

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Powerade Coupons