2014/03/16

ZIN...ငါ့မှာ ဇင်​မရှိ​တော့ဘူးးး Zin

ရင်းနှီးတဲ့အသံတွေက လူသားသိပ်ဆန်သွားလား ။

ကောလဟာလတွေအမျိုးမျိုးကြားမှာ နစ်မြုပ်နိုင်ပါတယ် ။

အရောင်တွေပါတဲ့ နှုတ်ခမ်းနီနံ့တွေကို ပြန်ယူသွားပါ ။

MESSAGES တွေ အဆုံးသတ်တော့မှာပါ Zin…။ မင်း ငါမသိတဲ့လူတွေနဲ ဘာဖြစ်လို့ ရင်းနှီးနေတာလဲ ။

ရပ်တန့်နေခြင်းက လွတ်မြောက်သွားပြီ ဆိုတာတွေက မဟုတ်ဘူး အဲ့ဒါတွေက ကိုယ့်ကိုကိုယ် လိမ်တာ ။

ဖေါက်ပြန်မှုတွေ ။

စိတ်ပိုင်းဆိုင်ရာလွတ်ကျမှုတွေ ။

သာယာမှုတွေ ။

အမှတ်တရတွေ ။

ရုပ်ရှင်ရုံတွေ။

တက္ကစီတွေ ။

ဖုန်းနံပါတ်တွေ ။

နှစ်ရှည်လများတွေ ။

စောင့်ဆိုင်းမှုတွေ ။

တွက်ပြေးမှုတွေ ။

အဲ့ဒါတွေ ငါနဲ့ Zin ကြားမှာ ရှိတယ် ။ ငါ့မှာ Zin မရှိတော့ဘူး ။

စာမေးပွဲတွေက တယ်လီပသီတွေကို သတ်တယ် ။

ငါရချင်တယ် ။ လက်ဖ၀ါးတွေ ပူးကပ်ပြီး လက်ဖ၀ါးတွေဟာ ချွေးစေးတွေနဲ့ … အဲ့လိုချစ်ခြင်းမေတ္တာရဲ့ ပူလောင်ခြင်းမျိုးခြင်းမျိုးငါရချင်တယ် ။ ကိုယ့်ချစ်သူမိန်းမသားတယောက်ဟာ ကိုယ့်အနီးအနားပတ်ဝန်းကျင်မှာ ရှိနေတယ် ဆိုတဲ့

အသိမျိုး ငါရချင်တယ် ။

အဝေးဆုံးမှာ ပစ်ထားခဲ့မှ ရမယ် ဆိုတော့လည်း ငါက အစွန့်ပစ်ခံပစ္စည်းတခုပေါ့ ။ ရုတ်တရက် ငါ တစုံတခုနဲ့တွေ့ရင် ငါ ၀မ်းနည်းမယ် ။

ငါဘာလုပ်ရမှာလဲကွာ ။ ဂစ်တာကိုင်ပြီး ဘာသီချင်းဆိုရမှာလဲ ။ အဲ့လိုအချိန်မှာတောင် မင်းနာမည်ကို ငါအော်ခေါ်နေရမှာလား ။

ဘယ်အရာ ဒါမှမဟုတ် ဘယ်အရာဝတ္တုတွေက မင်း နဲ့ ငါ ကို ဖေါက်ပြန်မှုတွေထဲ တွန်းပို့ခဲ့တာလဲ ။

ငါမဟုတ်တဲ့ တခြားလူတွေ နဲ့ လိင်ကိစ္စပျော်ရွင်နေရင်တောင် မင်း ငါ့လက်ချောင်းတွေကို မနမ်းပါနဲ့ Zin …။ ငါတို့သေသွားကြပြီလေ

ပြန်မရတော့တဲ့ဆက်ဆံရေးတွေကို ငါကြောက်တယ် ။ အေးချမ်းတယောက်တည်းနဲ့ မလုံလောက်တဲ့မိန်းမ….။

Neverstore ရဲ့ waiting သီချင်းက ငါ့ကို ခဏခဏ Rape လုပ်တယ် ။

Rene Descartes ရဲ့ I think , therefore , I am အဲ့ဒါလည်း ငါ့ကို လူမဆန်စေဘူး ။

မင်း နဲ့ သိပ္ပံပညာရှင်တွေ ပူးပေါင်းပြီး ငါ့ကို စမ်းသပ်မှုလုပ်ပါ Zin

ဖုန်းမှားသွားတယ် ဆိုတာတွေ ၊ ဆောရီးဆိုတာတွေ ၊ I miss u ဆိုတဲ့ စကားတွေ အဲ့ဒါတွေမှာ ငါက  ခွေးသူတောင်းစားတယောက်ဖြစ်နေခဲ့ပြီး ကိုယ်ချစ်တဲ့မိန်းမသားတယောက်ရဲ့ သတိရမှုမျိုးနဲ့ ငါ့ကို သတိရပေးပါ

ငါ့မှာ ဇင်မရှိတော့ဘူး Zin ..

မင်းရဲ့ နတ်ဘုရားတွေ နဲ့ ငါ့ကို လာမပွတ်သတ်နဲ့တော့ ။ ကိုကို /မောင်/ ဇင်မှာ/ အေးချမ်း/ ခင်ဗျား/ ကို့ဆီမှာ

မင်း နဲ့ /ဇင်မင်းမှာ /သဲ /အားးးး ငါ ပိတ်အော်မယ်။ ငါ ဘာညည်းခွင့်ရှိမလဲ ။

အေးချမ်း

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Powerade Coupons