2014/03/13

မိုး​တွေ သူ့အလိုလိုရွာ​နေတယ်

မိုး​တွေသူ့အလိုလိုရွာ​နေတယ်

စက်တင်ဘာလရဲ့ မျက်ရည်ဝေ့သီနေတဲ့မျက်ဝန်းတစ်စုံပါပဲ
အိမ်တံခါး ချက်(ဂျက်) ချသံ ကြားတာနဲ့ 
နားနေတဲ့စိတ်ဟာ တနင်္ဂနွေမလေးထံပြန်ပြေးသွားသတဲ့ ။

ခက်တာပါပဲကွယ်
ခက်တာပါပဲ
ဘယ်မှာလဲ စကားလုံးတွေ
"မိုးတွေက သူ့ အလိုလိုရွာနေတာတဲ့"
အိမ်တံစက်မြိတ်က ပျံသန်းနေတဲ့ ... စက္ကူငှက်လေးထံ မှာ
မီးပြန်စွဲတယ် ။

အိမ်ပြန်မလာတော့တဲ့ သောကြာနေ့ မှာ
မင်(မှင်)ရည် ထပ်အစွန်းခံလိုက်ရတဲ့
ပန်းနုရောင် ပါးပြင်တစ်ခုအကြောင်းပါပဲကွယ်
ဘယ်လောက် သတ်သတ် ဒီလက်က ခုထိကိုမသေနိုင်သေးဘူး ။

မိုးတွေက သူ့ အလိုလိုရွာတာပါကွယ်
(သူမ ပါးပြင်မှာသာ ပါးချိုင့်လေးမရှိခဲ့ရင် ...)
ကျနော် ယုံခဲ့မှာသေချာတယ် ။ ။

ရင်ခွင်ရှိန်း

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Powerade Coupons