ဟဲလို.............................ရိုစီ
ဟဲလို ... ရိုစီ
စကားနည်းနည်းလောက်ပြောချင်တယ်။
ကြားနေကြစကားတွေပါဆိုရင်
အရင်ကနင်မကြားဘူးတဲ့ဘာသာဗေဒနဲ့လည်း
ဟဲလို ... ရိုစီ
စကားနည်းနည်းလောက်ပြောချင်တယ်။
ကြားနေကြစကားတွေပါဆိုရင်
အရင်ကနင်မကြားဘူးတဲ့ဘာသာဗေဒနဲ့လည်း
ငါစကားမပြောတတ်ခဲ့ပါဘူး။
အမှန်ပြောရရင် ဆိုတော့
အရင်တုန်းက အမြဲအမှားကြီးပဲပြောခဲ့တယ်လို့ လည်း
မဆိုလိုဘူး။
ဒီနေ့ ဘာနေ့ လဲ ။
ဘာဟင်းချက်လဲ ။
အဲ့လို မေးတတ်တဲ့ နိစ္စဓူဝ
လောက၀တ်အသံတွေလည်းအခုမပါပြန်ဘူး။
သိလား ရိုစီ။
ကိုယ် သော့အသေခတ်ပစ်လိုက်တဲ့
အခန်းထဲမှာ မင်းရဲ့ပုံတူပန်းချီရှိတယ်။
ဒါပေမယ့် ကိုယ်ဘာမှဆွဲမထားသေးဘူး ရိုစီ ။
လက်ကိုင်အိတ်တွေနဲ့ မင်းသာယာနေတတ်သလောက်
ကိုယ့်အတွက် ဆေးလိပ်တစ်ဗူးလောက်ဝယ်ပေးရမှာကို
မင်းတွန့် တိုနေစရာ
အခုမလိုတော့ဘူး ရိုစီ ။
ဒီအခန်းကျဉ်းထဲမှာပဲလောကကြီးကို
ခြေချတဲ့ငါ့ရဲ့ငိုသံတွေသင်းနေမယ်
ငါ့ကိုမြင်ချင်ရင်ငါသုံးခဲ့တဲ့ကုလားထိုင်နဲ့
ငါဆုတ်တံကိုကိုင်ပြီးမင်းရဲ့ပန်းချီပုံတူကိုခပ်ပြုံးပြုံးကြည့်ရိုစီ
ဒီပန်းချီကားရဲ့နောက်ကွယ်က
လရောင်တွေအောက်မှာမင်းအတွက်
ရာဆူတာနီရောရှိရဲ့သီချင်းတပုဒ်ရှိတယ်။
တကယ်တော့ဒီသီချင်းကဘာမှမထူးခြားပါဘူး။
ကြားနေကြသံစဉ်တွေအတိုင်းပါပဲ..ရိုစီ။
ဘယ်လိုလဲ..ရိုစီ
အခန်းထောင့်က ဂစ်တာတစ်လက်နဲ့ 
ဆေးလိပ်ပြာခွက်မြင်တိုင်း
ကိုယ့်နှုတ်ခမ်းကို ကိုယ်ပြန်ကိုက်မိနေသေးလား ရိုစီ ။
မလိုဘူး ရိုစီ ။
သူရဲကောင်းမဆန်သင့်ပဲ မဆန်ပါနဲ့ ။
မငိုနဲ့ ရိုစီ ။
မင်းပြောသလို ဘ၀ဟာ ကဗျာမဟုတ်ဘူး ။
ဒါပေမယ့် ကဗျာကတော့ ကိုယ့်ဘ၀ ဖြစ်တယ် ။
ဗိုက်ဖုံးအင်္ကျီနဲ့ မင်းတစ်မျိုးလှနေမှာပါ ။
ပျော်အောင်နေပါ ရိုစီ ။
ကိုယ်ကြိုက်တဲ့သီချင်း ကို
မင်းအခွေဝယ်နားထောင်လိုက်လို့ ရတယ် ။
ဘာလို့ ရေဒီယိုက လွှင့်လာမဲ့အချိန်ကို
စောင့်မျှော်နေရတာလဲ ရိုစီ ။
မရှိတော့မှ တန်ဖိုးဆို အစကတည်းက
ဘာမှ ဖြစ်တည်မလာတာ အကောင်းဆုံးပဲ ရိုစီ ။
ရိုစီ...ကလေးငိုသံတွေငါကြားနေရပြီ..
ငါ့အခန်းတံခါးကိုခပ်စေ့စေ့မထားပါနဲ့
ဖုန်တွေအလိမ်းလိမ်းနဲ့ပင့်ကူအိမ်တွေတောင်
ငွေ့ရည်ဖွဲ့နေကြပြီ။
ပျှော်အောင်နေပါရိုစီ..........
ဘ၀ဆိုတာလေတိုက်တိုင်းလွင့်ရတဲ့ပြာဖြူတွေပါပဲ
ဟဲလို ရိုစီ (နေကောင်းပါရဲ့လား)
အမှောင်ကျနေတဲ့အခန်းကျဉ်းလေးမှာ
ကျင့်သားရအောင်နေရင်း
မင်းခေါက်နေတဲ့အ၀တ်တွေခဏသိမ်းလိုက်ပါရိုစီ။
အိမ်ရှေ့ ကရေမြောင်းမှာ ပန်းပွင့်တွေမျောနေတာကို ကြည့် ရိုစီ ။
စက္ကူငှက်တွေ ခေါက်နေ ရိုစီ ။
သက်ဝေ+ရင်ခွင်ရှိန်း
အမှန်ပြောရရင် ဆိုတော့
အရင်တုန်းက အမြဲအမှားကြီးပဲပြောခဲ့တယ်လို့ လည်း
မဆိုလိုဘူး။
ဒီနေ့ ဘာနေ့ လဲ ။
ဘာဟင်းချက်လဲ ။
အဲ့လို မေးတတ်တဲ့ နိစ္စဓူဝ
လောက၀တ်အသံတွေလည်းအခုမပါပြန်ဘူး။
သိလား ရိုစီ။
ကိုယ် သော့အသေခတ်ပစ်လိုက်တဲ့
အခန်းထဲမှာ မင်းရဲ့ပုံတူပန်းချီရှိတယ်။
ဒါပေမယ့် ကိုယ်ဘာမှဆွဲမထားသေးဘူး ရိုစီ ။
လက်ကိုင်အိတ်တွေနဲ့ မင်းသာယာနေတတ်သလောက်
ကိုယ့်အတွက် ဆေးလိပ်တစ်ဗူးလောက်ဝယ်ပေးရမှာကို
မင်းတွန့် တိုနေစရာ
အခုမလိုတော့ဘူး ရိုစီ ။
ဒီအခန်းကျဉ်းထဲမှာပဲလောကကြီးကို
ခြေချတဲ့ငါ့ရဲ့ငိုသံတွေသင်းနေမယ်
ငါ့ကိုမြင်ချင်ရင်ငါသုံးခဲ့တဲ့ကုလားထိုင်နဲ့
ငါဆုတ်တံကိုကိုင်ပြီးမင်းရဲ့ပန်းချီပုံတူကိုခပ်ပြုံးပြုံးကြည့်ရိုစီ
ဒီပန်းချီကားရဲ့နောက်ကွယ်က
လရောင်တွေအောက်မှာမင်းအတွက်
ရာဆူတာနီရောရှိရဲ့သီချင်းတပုဒ်ရှိတယ်။
တကယ်တော့ဒီသီချင်းကဘာမှမထူးခြားပါဘူး။
ကြားနေကြသံစဉ်တွေအတိုင်းပါပဲ..ရိုစီ။
ဘယ်လိုလဲ..ရိုစီ
အခန်းထောင့်က ဂစ်တာတစ်လက်နဲ့ 
ဆေးလိပ်ပြာခွက်မြင်တိုင်း
ကိုယ့်နှုတ်ခမ်းကို ကိုယ်ပြန်ကိုက်မိနေသေးလား ရိုစီ ။
မလိုဘူး ရိုစီ ။
သူရဲကောင်းမဆန်သင့်ပဲ မဆန်ပါနဲ့ ။
မငိုနဲ့ ရိုစီ ။
မင်းပြောသလို ဘ၀ဟာ ကဗျာမဟုတ်ဘူး ။
ဒါပေမယ့် ကဗျာကတော့ ကိုယ့်ဘ၀ ဖြစ်တယ် ။
ဗိုက်ဖုံးအင်္ကျီနဲ့ မင်းတစ်မျိုးလှနေမှာပါ ။
ပျော်အောင်နေပါ ရိုစီ ။
ကိုယ်ကြိုက်တဲ့သီချင်း ကို
မင်းအခွေဝယ်နားထောင်လိုက်လို့ ရတယ် ။
ဘာလို့ ရေဒီယိုက လွှင့်လာမဲ့အချိန်ကို
စောင့်မျှော်နေရတာလဲ ရိုစီ ။
မရှိတော့မှ တန်ဖိုးဆို အစကတည်းက
ဘာမှ ဖြစ်တည်မလာတာ အကောင်းဆုံးပဲ ရိုစီ ။
ရိုစီ...ကလေးငိုသံတွေငါကြားနေရပြီ..
ငါ့အခန်းတံခါးကိုခပ်စေ့စေ့မထားပါနဲ့
ဖုန်တွေအလိမ်းလိမ်းနဲ့ပင့်ကူအိမ်တွေတောင်
ငွေ့ရည်ဖွဲ့နေကြပြီ။
ပျှော်အောင်နေပါရိုစီ..........
ဘ၀ဆိုတာလေတိုက်တိုင်းလွင့်ရတဲ့ပြာဖြူတွေပါပဲ
ဟဲလို ရိုစီ (နေကောင်းပါရဲ့လား)
အမှောင်ကျနေတဲ့အခန်းကျဉ်းလေးမှာ
ကျင့်သားရအောင်နေရင်း
မင်းခေါက်နေတဲ့အ၀တ်တွေခဏသိမ်းလိုက်ပါရိုစီ။
အိမ်ရှေ့ ကရေမြောင်းမှာ ပန်းပွင့်တွေမျောနေတာကို ကြည့် ရိုစီ ။
စက္ကူငှက်တွေ ခေါက်နေ ရိုစီ ။
သက်ဝေ+ရင်ခွင်ရှိန်း
0 ဦးမှတ်ချက်ရေးထားတယ်:
Post a Comment
စကားတစ်ခွန်းတော့ပြောခဲ့သင့်တယ်