ကျွန်တော့်ရင်ဘက်ကအစိမ်းရောင်ဗီးနပ်စ်
မဟူရာည
နှင်းတွေရဲ့........လက်မှာ
ကကြိုးတစ်ချောင်း
ဝှက်ထားတယ်။
ဇရပ်ပျက်တစ်လုံး
ဗုံးဆံတချို့နဲ့
ဒဏ်ရာရတေးသွားတစ်ပုဒ်
ဖြစ်
တည်
ပျက်
မနေ့တစ်ရက်က
မရဏတေးသွားနဲ့
သူကျွန်တော့ကိုချော့တယ်။
သစ္စာတရားက
နားလေးဟန်ပြုလို့
ရမ္မက်တွေနဲ့အသက်ရှုတယ်။
နောက်ဆုံးတော့
ကျွန်တော်မှာ...........
တယောအိုလေးတလက်နဲ့
လက်တစ်ဖက်ပဲပါတယ်။
အဖြုရောင်တွေ
ရင်ဘက်မှာစွန်းလို့
ညနေရောက်တော့လွမ်းတယ်။
ဒီနေ့တော့
ကျွန်
တော်
နားလည်လိုက်ပြီ။
မဟူရာည
နှင်းတွေရဲ့........လက်မှာ
ကကြိုးတစ်ချောင်း
ဝှက်ထားတယ်။
ဇရပ်ပျက်တစ်လုံး
ဗုံးဆံတချို့နဲ့
ဒဏ်ရာရတေးသွားတစ်ပုဒ်
ဖြစ်
တည်
ပျက်
မနေ့တစ်ရက်က
မရဏတေးသွားနဲ့
သူကျွန်တော့ကိုချော့တယ်။
သစ္စာတရားက
နားလေးဟန်ပြုလို့
ရမ္မက်တွေနဲ့အသက်ရှုတယ်။
နောက်ဆုံးတော့
ကျွန်တော်မှာ...........
တယောအိုလေးတလက်နဲ့
လက်တစ်ဖက်ပဲပါတယ်။
အဖြုရောင်တွေ
ရင်ဘက်မှာစွန်းလို့
ညနေရောက်တော့လွမ်းတယ်။
ဒီနေ့တော့
ကျွန်
တော်
နားလည်လိုက်ပြီ။


Thursday, October 27, 2011
Admin
Posted in: 






0 ဦးမှတ်ချက်ရေးထားတယ်:
Post a Comment
စကားတစ်ခွန်းတော့ပြောခဲ့သင့်တယ်