2011/10/30

၅၇။ ကြယ်စင်…….မနမ်းတဲ့နံနက်ခင်း



ကြယ်စင်…….မနမ်းတဲ့နံနက်ခင်း




တိတ်ဆိတဗ်ဆွံအခဲ့ရတဲ့


နှလုံးခုန်သံတွေ


စမ်းရေတို့သယ်ဆောင်သွားတဲ့


ရွက်ကြွေတချို့


အားကိုးခုံမင်ခဲ့ဘူးတဲ့


ကျေးငှက်တို့ရဲ့ဂီတသံစဉ်တွေ………..


………………………………………………………………………………………………………………………………


သိပ်မကြာသေးတဲ့ကာလတစ်ခုကိုပြန်တွေးရင်းမှတ်မှတ်ရရရှိနေခဲ့ပါတယ်။ ”ကြယ်စင်” သူကျွန်တော်ကိုမေးခဲ့တယ်…..။


”စိုင်း…ဘာကိုတွေဝေနေတာလဲ”


”ကိုယ့်ဘ၀ရဲ့စာမျက်နှာကို..ရင်ခွင်ရှိန်း..ကရွေးချယ်ပေးမှာလား”


ကျွန်တော်တွေဝေနေခဲ့တယ်။.


ရင်ထဲမှာထောင်သောင်းများစွာသောစကားတွေပြည့်သိပ်နေခဲ့တယ်။မြင်ယောင်


နေစဲမျက်လွှာနှစ်ခု..


”ရင်ခွင်ရှိန်း”ဆိုတဲ့ကျွန်တော့အနာဂတ်တစ်ချို့တစ်ဝက်ကိုခွန်အား


တွေသွန်းလောင်းပေးတဲ့ရေစင်တစ်စက်


”ကြယ်စင်” ဆိုတဲ့ကျွန်တော့ရင်ထဲကရုံးထွက်သွားတဲ့ချစ်သူတစ်ယောက်…


အရင်လိုပါပဲ……အစဉ်မပြေမှု့တွေ


ထွေးပိုက်လို့


မာယာတို့လက်နဲ့ကွယ်ဝှက်ထားတဲ့


သစ်သီးတစ်လုံး


စားသုံးမိခဲ့တယ်။


အဆိပ်သင့်ခဲ့တဲ့


နေ့ရက်တွေတိုင်းမှာ


နတ်ဆိုးတို့သုံးခဲ့တဲ့


စကားထားတွေထဲ


တောင်ပံကျိုးတဲ့


ငှက်တစ်ကောင်ဆန်ဆန်


ပိတ်လှောင်မိနေခဲ့တယ်။


…………………………………………………………………………………………………………………………………………..


“ကြယ်စင်…”ရယ်ကျွန်တော်ဆိုတဲ့ကောင်ကလည်းပြောခွင့်ရလျှက


မပြောရဲခဲ့တဲ့စကားတွေကိုထွေးပွေ့လို့စိတ်ဝင်စားမှု့ဆိုတာကိုအရိပ်အရောင်တောင်မပြတတ်ခဲ့ဘူး။ စက်တင်ဘာလရဲ့လကုန်ရက်တရက်မှာကျွန်တော့်ကိုကြယ်စင်စကားစကားတချို့ပြောခဲ့တယ်…


”စိုင်း…ကြယ်စင်ကိစ္စတစ်ခုနဲ့………………….သွားရမယ်”


ကျွန်တော်နားတွေေ၀၀ါးနေခဲ့တယ်..။


အသိစိတ်တွေက……..ဟိုးအဝေးကိုပြေးထွက်သွားသလို…….


.ဒီစကားလေးရဲ့အဆုံးမှာ…ကျွန်တော့မျက်ဝန်းမှာ..


ပြည့်ဝန်းနေတဲ့လမင်းကိုနှင်းစက်တို့ဝန်းရံခစင်းသလိုခံစားမိလိုက်တယ်…။


…………………………………………………………………………………………………………………………………………


အနာဂတ်တချို့


လေတိုက်တိုင်း


ယိမ်းထိုးလို့


ဦးတည်ချက်……မျဉ်းကြောင်းတွေထိပ်မှာ


ကြက်ခြေခတ်တို့


ပိတ်ဆို့ခဲ့တယ်။


…………………………………………………………………………………………………………………………………………..


”စိုင်း……..ရှိတဲ့နေရာလေးကိုကြယ်စင်တစ်နေ့ပြန်လာခဲ့မှာပါ


……..စိုင်းရယ်“…..ဘယ်ကာလဆိုတဲ့အတိုင်းအတာဟာ


လေလှိုင်းတို့ကြားမှာပဲပျောက်ကွယ်ခဲ့ပြီလား…။


”၁၀…ရက်”


”၂၀…ရက်”


လက်ရေချိုးလို့စောင့်မျှော်နေမိတယ်…ဒီလိုမျှော်တွေးရင်းနဲ့


ကျွန်တော်ကိုယ့်ကိုယ်ကိုပြန်မေးမိတယ်…”ကြယ်စင်ကိုချစ်နေမိပြီလား..စိုင်းလျှမ်း………….”


………………….အဖြေမရခဲ့ဘူး။


တခုတော့ဆုတောင်းမိတယ်…၊။


……………………………………………………………………………………………………………………………………….



ကြယ်စင်ရယ်


သေဆုံးအံမူးမူး


ငါ့အာရုဏ်ဦးတိုင်းမှာ


အသက်ဝင်နိုးထပေးပါ….။


အသင့်ရဲ့လက်နှစ်ဘက်နဲ့


ငါ့မျက်နှာကြက်မှာ


ဝင်းပစွာလင်းလက်ပေးပါ..၊။


………………………………………………………………………………………………………………………………………


တကယ်တော့ကျွန်တော်တောင်းတဲ့ဆုကပြည့်နိုင်ခဲ့မှာလား.။


ကြယ်စင်တကယ်ပဲပြန်ရောက်လာခဲ့မှာလား………………။



သက်ဝေ


ဧရာဝတီ


24.10.09

0 ဦးမှတ်ချက်ရေးထားတယ်:

Post a Comment

စကားတစ်ခွန်းတော့ပြောခဲ့သင့်တယ်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Powerade Coupons