ဖြစ်တည်မှု\မရှိ /သက်သေပြချက်\မရှိ/ စည်းရှိ\ဘောင်လွတ် /သို့\သော်……..
ခန္ဒာကို တွေ့တောင်အရိပ်ကိုရှာဆဲခုချိန်ထိ ဝေနေတုန်းပဲလားနှင်းရယ်
လူဖြစ်ရကျိုးနပ်အောင် အမှောင်တွေကိုသွန်ချပြစ်ချင်ရဲ့
ညနေခင်းတွေဖြတ်ပြီးစိမ်းလန်းမယ်ဘ၀တွန်သံထဲ အလင်းသဲ့သဲ့စီးဝင်မယ်
ကိုယ့်ကြမ္မာကိုယ်ထုဆစ်ဖို့ရာဇ၀င်ကို ငန့်လင့်ခဲ့ရ
အနားသတ်မညီမှန်း ရိုက်ချက်တိုင်းကိုညှိခဲ့ရ
အိပ်ဖန်စောင့်ဘ၀ရဲ့ ငိုငြည်းသံည ကံကြမ္မာကို သတိုးသမီးအဖြစ်သိမ်းဆည်းခဲ့ရ
ခင်ဗျားတို့ထင်သလို ရိုးရှင်းပါတယ် ကဗျာတစ်ပုဒ်ပါ ဇာတ်လမ်းတော့မဟုတ်ဘူး
အနောက်တောင် ဆီက မြူတွေခပ်အအ ပွင့်ကျလာခဲ့တယ်
သူချက်ခြင်းထပြန်သွားတယ် ဟိုကိုင်းမှာ ဘာမှချန်မထားခဲ့ဘူး
ကိုယ်ခင်းတဲ့လမ်းကိုယ်ပြန်လျှောက်ဖို့ ဘာဟန်ရေးတွေပြနေရဦးမှာလဲတဲ့
ခေါင်းကိုမော့ပြီးရင်ကော့လိုက်တယ်
သူမေမေကသူ့ကိုသိပ်ချစ်တာပဲ နောက်ပြီးသူဖေဖေနဲ့သူဖိုးဖိုးက
သူတို့ထက်ပိုပြီးသူ့ကိုချစ်တယ် (ဒီနေရာကရိုက်ကွင်းကောင်းတယ်……..အခမဲ့ကြော်ငြာကဏ္ဍ)
အမှန်တရားလား ဟေ့ ….၀င်ခဲ့လေ ဟိုနားကခုံလွတ်နေတယ်
လူမရှိရင်ကျနော်ခဏ ယူ ပါရစေ…..
မှန်းစမ်း ငါ့မောင်………ဒဏ်ရာကတော်တော်နက်ပါလား
နှင်းစက်လေးက လေတိုးသံတွေကို ငဲ့ကြည့်ရင်းခပ်တိုးတိုးလေးငြီး ငွေ့မိ
လမ်းဖြတ်ကူးနေရင်း မီးပွိုင့်ချက်ခြင်းစိမ်းသွားတယ်
ဘာကိုမှ မမက်မောပါဘူး…..
အရာအားလုံးကိုလွတ်လပ်စွာဆုံးရှုံးပြစ်လိုက်တာ
နောက်ဆုံးတော့ကျနော် နဲ့သူဘယ်တော့မှ မဆုံရာအရပ်ကို
သတိတရ မှတ်တိုင်ထုစိုက်လို့ အဲဒီကမ္ဘာပတ်လမ်းမှာ အရံဂြိုလ်လို့ကိုယ့်ကိုယ်ကိုသတ်မှတ်ခဲ့တယ်။။။။။။။။။။။။။။
712012


Wednesday, January 25, 2012
Admin
Posted in: 





