Showing posts with label Gtalk. Show all posts
Showing posts with label Gtalk. Show all posts

2014/04/03

Gtalk မှာ မြန်မာစာ ပြဿနာ



 
Gtalk စ သုံးသူတိုင်း မကြာခဏ ကြုံတွေ့ဖူးကြတဲ့ Error လေးပါ ကျနော်ကိုယ်တိုင်လဲ ကြုံခဲ့ဖူးပါတယ် ... ဒီ Error ကို ဒီလိုလေး ဖြေရှင်းနိုင်ပါတယ် 
Start menu =>> Control panel =>> Internet Option =>> General tab 
အဲ့ဒီအတိုင်း အဆင့်ဆင့် သွားပြီး Font ဆိုတာလေးကို Click ပြီးတော့ Zawgyi _one ကိုပြောင်းပေးပြီး Apply ပြီးရင် OK လိုက်ပါ အဆင်ပြေသွားပါပြီ.... အဲဒါမှ အဆင်မပြေဘူးဆိုရင်
Gtalk >> Settings >> Change >> Font မှာ Zawgyi_one ကိုရွေးပေးလိုက်ပါ...(ကျနော့လို မသိသေးသူများအတွက် ရည်ရွယ်ပါတယ်) အားလုံးအဆင်ပြေကြပါစေ...

Credit to ၀င်းကမ္ဘာကျော်

အဆင်မပြေတာရှိရင်ပြောခဲ့ပါ

မောင်သက်ဝေ

2012/04/07

username and password ပြဿနာ

 
gtalk မိတ်ဆွေများအတွက်အခုလိုဖြစ်နေရင်လုပ်ရမည့်နည်းလမ်းများကတော့အောက်မှာရေးထားတဲ့
အဆင့်အတိုင်းလုပ်သွားလိုက်ပါ။အဆင်ပြေသွားပါလိမ့်မယ်။

For Internet Explorer:


  1. Click the Tools menu at the top of your browser, and select Internet Options.
  2. Open the Content tab at the top of the dialogue box.
  3. Click AutoComplete, then Settings button, and uncheck the User names and passwords on forms and Prompt me to save passwords boxes.
  4. Click OK.

For Firefox:

  1. Click the Tools menu at the top of your browser, and select Options.
  2. Select the Security tab.
  3. Uncheck the option Remember passwords for sites.
  4. Press OK.

For Google Chrome:

  1. Click the Tools menu .
  2. Select Clear browsing data.
  3. Select Empty the cache and Delete cookies.
  4. Click Clear browsing data.

2011/12/28

အမေရိကန် ဖုန်းတစ်လုံး အခမဲ့ယူနည်း (အ၀င်သီးသန့်)


စာဖတ်သူမှာ ကွန်ပျူတာရှိမယ်၊ အင်တာနက်ရှိမယ်ဆိုရင်တော့ အမေရိကန် ဖုန်းတစ်လုံး အခမဲ့ပိုင်ဆိုင်နိုင်ပါပြီ။ စာဖတ်သူ အတွက် ကိုယ်ပိုင်သီးသန့် အမေရိကန်ဖုန်းနံပါတ်တစ်ခုကို အခမဲ့ ရရှိမှာပါ။ တကမ္ဘာလုံးကနေ ကိုယ့်ဆီကို ဖုန်းခေါ်နိုင်ပါလိမ့်မယ်။ သူငယ်ချင်းက ကိုယ့်ဖုန်းနံပါတ်ကို ခေါ်လိုက်တာနဲ့ ကိုယ့်ကွန်ပျူတာမှာ ဖုန်းမြည်သံ ထွက်လာပါလိမ့်မယ်။ နားကျပ်လေးနဲ့ ပြောရုံပါပဲ။

ဘယ်လိုလုပ်ရမလည်းဆိုတာ မရေးသေးခင် သဘောတရားကို အရင်ရှင်းပြပါရေစေ။ အင်တာနက်မှာ SIP Protocol ဆိုတာ ရှိပါသေးတယ်။ သူက အင်တာနက်ပေါ်မှာ အသံတွေ ကောင်းကောင်းမွန်မွန် ချောချောမောမော စီးဆင်းနိုင်အောင် အထူးပြုလုပ်ထားတဲ့ Protocol ဖြစ်ပါတယ်။ အဲဒီ SIP Protocol ကို အသုံးပြုထားတဲ့ Software တွေကို SIP Client လို့ ခေါ်ပါတယ်။ ဖုန်းခေါ်ဆိုနိုင်တဲ့ Software တွေ အားလုံးကိုတော့ SoftPhone (Software Phone) လို့ ခေါ်ပါတယ်။ အများသိတဲ့ Skype? Pfingo တို့ဟာလည်း SoftPhone တွေပါပဲ။ ဒါပေမဲ့ သူတို့က SIP Protocol ကို အသုံးပြုထားတာ မဟုတ်ပါဘူး။ SIP Protocol ကို အသုံးပြုတဲ့ Software တွေကို နမူနာပြောရရင် ExpressTalk တို့ XLite တို့ ဖြစ်ပါတယ်။ သူတို့ကို အတိုကောက်အနေနဲ့ SIP SoftPhone လို့ ခေါ်ပါတယ်။

ကိုယ့်ကွန်ပျူတာမှာ SIP Softphone တင်ပြီးသွားရင် SIP account တစ်ခုကို အခမဲ့ ရယူနိုင်ပါတယ်။ ကိုယ့်သူငယ်ချင်းဆီမှာလည်း SIP SoftPhone ရှိမယ်၊ SIP account ရှိမယ်ဆိုရင် သူနဲ့ကိုယ်နဲ့ ဖုန်းပြောလို့ရပါပြီ။ Gtalk နဲ့ တစ်ယောက်နဲ့တစ်ယောက် ဖုန်းပြောသလိုပါပဲ။ Gtalk ဆိုရင်လည်း သူ့ကွန်ပျူတာမှာ Gtalk တင်ထားမှ၊ သူ့မှာလည်း Gtalk account ရှိမှ၊ သူကလည်း Online ဖြစ်ဦးမှ၊ Connection ကလည်း ကောင်းဦးမှ ဖုန်းပြောလို့ ရသလိုပါပဲ။ SIP SoftPhone တွေဟာလည်း အဲဒီလိုပါပဲ။

SIP Phone တွေက အားနည်းချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ခေါ်ဆိုတဲ့အခါ username နဲ့သာ ခေါ်ဆိုခွင့် ရတာပါ။ အဲဒီလို username အစား ဖုန်းနံပါတ်တစ်ခု Free ပေးတဲ့ Service ကလည်း အွန်လိုင်းပေါ်မှာ ရှိနေပါပြီ။ တစ်နည်းအားဖြင့် username နဲ့ ဖုန်းနံပါတ်ကို တွဲပေးလိုက်တာပါပဲ။ နောက်ဆုံးတော့ ကိုယ့်အတွက် အမေရိကန် ဖုန်းနံပါတ်ရသွားမှာ ဖြစ်ပြီး အဲဒီဖုန်းနံပါတ်ကို တစ်ယောက်ယောက်က ခေါ်ဆိုလိုက်ရင် ကိုယ့်ကွန်ပျူတာမှာတင်ထားတဲ့ SIP SoftPhone က Alarm ပေးပါလိမ့်မယ်။ နားကျပ်လေးနဲ့ ဖုန်းပြောရုံပါပဲ။

ကဲ..စလိုက်ရအောင်။

၁။ www.callcentric.com ကိုသွားပြီး Sign Up လုပ်ပါ။ Sign Up လုပ်ပြီးသွားတဲ့အခါမှာ ကိုယ့် email ဆီကို Verification mail ပို့ပေးပါလိမ့်မယ်။ အဲဒီ verification mail မှာပါတဲ့ link ကို နှိပ်ပေးပါ။ သူက အချက်အလက်တွေ ထပ်တောင်းပါလိမ့်မယ်။ City, Zip code စသည်ဖြင့်ပါ။ U.S မှာရှိတဲ့ မြို့၊ State၊ Zip code စတာတွေကိုပဲ ထည့်ပေးပါ။ အားလုံးပြီးသွားရင်တော့ ကိုယ့်မှာ callcentric account တစ်ခု ရသွားပါလိမ့်မယ်။ Register လုပ်တုန်းက ပေးခဲ့တဲ့ username နဲ့ call centric က ထုတ်ပေးတဲ့ call centric number၊ call centric မှာ ဖော်ပြထားတဲ့ ကိုယ့်ရဲ့ IP တွေကို သေချာ မှတ်ထားပါဦး။

၂။ နောက်တစ်ဆင့်အနေနဲ့ phone.ipkall.com ကိုသွားပါ။ Register လုပ်လိုက်ပါ။ SIP username နဲ့ password မှာ အစောက callcentric မှာ ပေးခဲ့တဲ့ username နဲ့ password ကိုပဲ ထည့်ပေးပါ။ email မှာလည်း call centric က အတိုင်း ထည့်ပေးပါ။ hostname မှာတော့ callcentric.com လို့ ထည့်ပေးပါ။

၃။ Sign Up လုပ်ပြီးသွားတဲ့အခါမှာ IPKall ကနေ အီးမေးတစ်စောင် ပို့ပါလိမ့်မယ်။ အဲဒီ အီးမေးလ်ထဲမှာ Your IPKall phone number is ဆိုပြီး ပါပါလိမ့်မယ်။ အဲဒီဖုန်းနံပါတ်ဟာ အမေရိကန် ၀ါရှင်တန်ဒီစီ ဖုန်းနံပါတ်ဖြစ်ပါတယ်။ အဲဒီနံပါတ်ဟာ စာဖတ်သူအတွက် ကိုယ်ပိုင်သီးသန့် နံပါတ်တစ်ခု ဖြစ်ပါတယ်။ အဲဒီဖုန်းနံပါတ်ကို သူငယ်ချင်းဆီ ပေးလို့ရပါပြီ။

၎။ နောက်တစ်ဆင့်ကတော့ SIP SoftPhone ကို ကွန်ပျူတာမှာ ထည့်သွင်းဖို့ပါပဲ။ www.nch.com.au ကနေ Express Talk ကို download ဆွဲပြီး ကွန်ပျူတာမှာ install လုပ်လိုက်ပါ။

၅။ ExpressTalk ကို ဖွင့်လိုက်တဲ့အချိန်မှာ Wizard တစ်ခု ပေါ်လာပါလိမ့်မယ်။ Next တွေသာ နှိပ်သွားပါ။ SIP Setup ဆိုတဲ့ နေရာ ရောက်ရင်တော့ Yes, I already have a SIP account ကို ရွေးပြီး Next နှိပ်ပါ။ SIP Proxy မှာ in.callcentric.com ဆိုပြီး ထည့်ပါ။ SIP Number မှာ callcentric က ထုတ်ပေးထားတဲ့ number ကို ထည့်ပေးပါ။ password မှာလည်း callcentric တုန်းက ပေးခဲ့တဲ့ password ကိုပဲ ထည့်ပေးပါ။ ပြီးရင် OK နှိပ်လိုက်ပါ။

၆။ ExpressTalk က Server နဲ့ ချိတ်ဆတ်တာကို ခေတ္တစောင့်ပါ။ ပြီးဆုံးရင်တော့ ကိုယ့်ဖုန်းဟာ အ၀င် call လက်ခံဖို့ အဆင်သင့် ဖြစ်နေပါပြီ။

 refer: kothurain

2011/12/25

Gtalk ကို ၂ ခု ( သို့  )၂ခု ထက်ပိုပြီး အသုံးပြုနည်း


Gtalk ကို ၂ ခု နှင့်အထက်အများကြီးသုံးချင်သူများအတွက် ပါ။



၁။ မိမိတို့ ကွန်ပျူတာ Start / All Programs/Google Talk / Gtalk icon / Right click / Properties/ Target ဘေးကအကွက်ထဲမှာရှိတဲ့ စာတွေရဲ့ နောက်ဆုံးမှာ /nomutex ဆိုတဲ့စာသားလေး ကို ထည့်ပေးပြီး Apply Click / OK Click ဆိုရင် ပြီးပါပြီ ။ အောက်ကပုံလေးအတိုင်းပါ။


၂။ Gtalk ကို ၂ခု ထက်ပိုပြီး အသုံးပြုချင်သူများအတွက် အောက်ကအတိုင်း ပြုလုပ်လိုက်ပါ။
မိမိတို့  ကွန်ပျူတာ Start / All Programs/Google Talk / Gtalk icon / Properties/ Target ဘေးကအကွက်နောက်ဆုံးမှာရှိနေတဲ့  startmenu ကို ဖျက်ပြီး /nomutex ဆိုတဲ့စာသားလေး ကို ထည့်ပေးပြီး Apply Click / OK Click ဆိုရင် ပြီးပါပြီ။ အောက်ကပုံလေးကို ကြည့်လိုက်ပါ။

refer: nayminkhit

2011/10/27

၂၉။ Gtalk မှာ အကောင့်အများကြီးဖွင့်လို့ရအောင်ပြုလုပ်နည်း

Gtalk software တစ်ခုကို Run ပြီးရင်
အကောင့် (5) ခုလောက် တပြိုင်တည်း ဖွင့်ပြီး အသုံးပြုချင်သူများအတွက်
၁။မိမိတို့ Gtalk မှာ Icon ပေါ်မှာ left click ပေးပါ။
၂။properties ကို click ပါ။
၃။အောက်ပါအတိုင်းကျလာသော box မှာ googletalk.exe” နောက်မှာ /nomutex ကို
ပေါင်းထည့်ပါ။
၎။ok ကို click ပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Powerade Coupons